သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမိုင္းေပးတာဝန္အရ ကူညီခဲ့ (စမ္းေခ်ာင္းၿမိဳ႕ခံ)


ရန္ကုန္ၿမိဳ႕ဆႏၵျပပြဲတစ္ခုအတြင္း ေတြ႕ရသည့္ လက္လုပ္ဒိုင္းကိုင္ ဆႏၵျပသူမ်ား။ (မတ္ ၉၊ ၂၀၂၁)

(Zawgyi/Unicode)

ဆႏၵျပသူေတြကို တပ္နဲ႔ရဲက ၿဖိဳခြဲခ်ိန္မွာ အိမ္ထဲေခၚထားၿပီး ကူညီ ကယ္ဆယ္ေပးခဲ့တာဟာ သမိုင္းေပးတာဝန္ကို ထမ္းေဆာင္တာျဖစ္ၿပီး ေနာက္ထပ္ျဖစ္ရင္လည္း ထပ္ကယ္ဦးမွာပဲလို႔ တနလၤာေန႔ညက ရန္ကုန္၊ စမ္းေခ်ာင္းၿမိဳ႕နယ္ ၿဖိဳခြဲမႈျဖစ္စဥ္အတြင္း ကိုယ္တိုင္ကူညီခဲ့သူ ေဒသခံတစ္ဦးက ဗြီအိုေအကိုေျပာပါတယ္။

စမ္းေခ်ာင္းမွာ တပ္နဲ႔ရဲက ပိတ္ဆို႔ထားခ်ိန္ ညမထြက္ရအမိန႔္ ထုတ္ထားတဲ့ၾကားကပဲ တျခားၿမိဳ႕နယ္ေတြမွာ လူထုက လမ္းေပၚထြက္ ဝန္းရံခဲ့ၾကတဲ့အေပၚမွာလည္း သိပ္ကို ဝမ္းသာမိတယ္လို႔ သူကေျပာပါတယ္။

သူ႔ရဲ႕လုံျခဳံေရးအရ နာမည္ကို ထုတ္မေျပာႏိုင္တဲ့အေၾကာင္း အသိေပးပါတယ္။ ကိုေက်ာ္ေက်ာ္သိန္းက ဆက္သြယ္ ေမးျမန္းထားပါတယ္။

.........................

(Unicode)

သမိုင်းပေးတာဝန်အရ ကူညီခဲ့ (စမ်းချောင်းမြို့ခံ)

ဆန္ဒပြသူတွေကို တပ်နဲ့ရဲက ဖြိုခွဲချိန်မှာ အိမ်ထဲခေါ်ထားပြီး ကူညီ ကယ်ဆယ်ပေးခဲ့တာဟာ သမိုင်းပေးတာဝန်ကို ထမ်းဆောင်တာဖြစ်ပြီး နောက်ထပ်ဖြစ်ရင်လည်း ထပ်ကယ်ဦးမှာပဲလို့ တနင်္လာနေ့ညက ရန်ကုန်၊ စမ်းချောင်းမြို့နယ် ဖြိုခွဲမှုဖြစ်စဉ်အတွင်း ကိုယ်တိုင်ကူညီခဲ့သူ ဒေသခံတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

စမ်းချောင်းမှာ တပ်နဲ့ရဲက ပိတ်ဆို့ထားချိန် ညမထွက်ရအမိန့် ထုတ်ထားတဲ့ကြားကပဲ တခြားမြို့နယ်တွေမှာ လူထုက လမ်းပေါ်ထွက် ဝန်းရံခဲ့ကြတဲ့အပေါ်မှာလည်း သိပ်ကို ဝမ်းသာမိတယ်လို့ သူကပြောပါတယ်။

သူ့ရဲ့လုံခြုံရေးအရ နာမည်ကို ထုတ်မပြောနိုင်တဲ့အကြောင်း အသိပေးပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG