သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nasralla ကိုဆက်ခံမယ့် ဟက်ဇဘိုလာ ခေါင်းဆောင် သေဆုံး (အစ္စရေးဝန်ကြီးချုပ်)


အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း အစ္စရေးဘက်က ပြောလိုက်တဲ့ ဟက်ဇဘိုလာအဖွဲ့ကို ဆက်ခံနိုင်ခြေရှိသူ ဟက်ဇဘိုလာအကြီးတန်းအရာရှိ Hashem Safieddine (ဇန်နဝါရီ ၁၂၊ ၂၀၂၂)
အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း အစ္စရေးဘက်က ပြောလိုက်တဲ့ ဟက်ဇဘိုလာအဖွဲ့ကို ဆက်ခံနိုင်ခြေရှိသူ ဟက်ဇဘိုလာအကြီးတန်းအရာရှိ Hashem Safieddine (ဇန်နဝါရီ ၁၂၊ ၂၀၂၂)

ဟက်ဇ်ဘိုလာ ခေါင်းဆောင် Hassan Nasrallah နေရာကို ဆက်ခံမယ့် Hashem Safieddine ဟာ စက်တင်ဘာလ ၂၇ ရက် ဘေရွတ်ကို အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ အစ္စရေးဝန်ကြီး ချုပ် Benjamin Netanyahu က အောက်တိုဘာ ၈ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။

Safieddine ဟာ Nasrallah ရဲ့ တဝမ်းကွဲညီအကိုဖြစ်ပြီး ဟက်ဇ်ဘိုလာအဖွဲ့ရဲ့ အကြီးတန်းအရာရှိ တဦးဖြစ်တဲ့အတွက် သူ့ကိုခေါင်းဆောင်တင်မယ်လို့ မျှော်လင့်ထားတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဟက်ဇ်ဘိုလာတွေ အခိုင်အမာခြေကုပ်ယူထားတဲ့ ဘေရွတ်ဆင်ခြေဖုံးဒေသကို အစ္စရေးက ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့တဲ့နောက် သူနဲ့ပတ်သက်တဲ့သတင်းတွေ မကြားရတော့တာဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ်က ဟက်ဇ်ဘိုလာခေါင်းဆောင်နဲ့ သူ့နေရာဆက်ခံမယ့်သူအပါအဝင် အကြမ်းဖက်သမား ထောင်ပေါင်းများစွာကို သုတ်သင်နိုင်ခဲ့ပြီး ဟက်ဇ်ဘိုလာတွေရဲ့ လုပ်ကိုင်နိုင်စွမ်း လျော့အောင်လုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ အခုလို Safieddine သေဆုံးတာနဲ့ပတ်သက်ပြီး သူတို့ထိပ်ပိုင်းခေါင်းဆောင်တွေသေဆုံးမှုကို အတည်ပြုပြောဆိုလေ့ရှိတဲ့ ဟက်ဇ်ဘိုလာဘက်က တစုံတရာ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

အင်္ဂါနေ့ အစောပိုင်းတုန်းကတော့ ဟက်ဇ်ဘိုလာ ဒုတိယခေါင်းဆောင် Naim Qassem က သူတို့အဖွဲ့ရဲ့ နိုင်ငံရေးမဟာမိတ်ဖြစ်တဲ့ လက်ဘနွန်လွှတ်တော်ဥက္ကဋ္ဌ Nabih Berri ရဲ့ အပစ်ခတ်ရပ်ရေး တောင်းဆိုချက်ကို သူတို့ထောက်ခံကြောင်း ရုပ်သံကနေပြောကြားခဲ့ပြီး သူတို့အဖွဲ့ဟာ စည်းစည်းလုံးလုံး ရှိနေကြောင်း ပြောပါတယ်။ အင်္ဂါနေ့မှာပဲ အစ္စရေးမြောက်ပိုင်းက ဟိုင်ဖါမြို့ကို ရောကက်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဟက်ဇ်ဘိုလာကပြောသလို အစ္စရေးကလည်း ဒီရော့ကက်နဲ့ ပစ်ခတ်မှု အများအပြားကို ကြားဖြတ်ပစ်ချ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

Nasralla ကိုဆက်ခံမယ့် ဟက်ဇဘိုလာ ခေါင်းဆောင် သေဆုံး (အစ္စရေးဝန်ကြီးချုပ်)
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG