သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေငုပ်သင်္ဘောကနေ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ရုရှားစမ်းသပ်ပစ်လွှတ်


ရုရှားရေတပ်သင်္ဘော The Emperor Alexander III က ပင်လယ်ဖြူကနေ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်စစ်ဆေးစဥ်။
ရုရှားရေတပ်သင်္ဘော The Emperor Alexander III က ပင်လယ်ဖြူကနေ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်စစ်ဆေးစဥ်။

နျူကလီယာ ရေငုပ်သင်္ဘောကနေ နျူကလီယာထိပ်ဖူးတွေ သယ်ဆောင်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ပြောပါတယ်။

ရုရှားနိုင်ငံမြောက်ပိုင်း ပင်လယ်ဖြူ ရေအောက်ကနေ မဟာဗျူဟာ ဒုံးကျည်ပစ် ရေငုပ်သင်္ဘော Imperator Alexander III က ဘူလာဗား Bulava ဒုံးကျည်ကို ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီ ရေငုပ်သင်္ဘောက အမျိုးအစားအသစ်ဖြစ်ပြီး ဘူလာဗားဒုံးကျည်မျိုး ဒုံးကျည် ၁၆ စင်းကို သယ်သွားနိုင်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ နျူကလီယာစမ်းသပ်မှုပိတ်ပင်ရေး နိုင်ငံတကာသဘောတူညီချက်ကို ပြန်ရုပ်သိမ်းတဲ့ ဥပဒေကြမ်း ကို သမ္မတပူတင်က ပြီးခဲ့တဲ့ အပတ်က လက်မှတ်ရေးထိုးခဲ့တာပါ။ စနေနေ့တုန်းကတော့ ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားရှိ သင်္ဘောကျင်းကို ယူကရိန်းဒုံးကျည်ထိမှန်တဲ့အတွက် ရုရှားသင်္ဘောတစင်း ပျက်စီးသွားတယ်လို့ ရုရှား စစ်တပ်က ပြောပါတယ်။ ယူကရိန်းစစ်တပ်က ခရုဇ် ဒုံးကျည် ၁၅ စင်း ပစ်ခဲ့ပြီး ၁၃ စင်းကို ရုရှားက ပစ်ချနိုင်ခဲ့ပေမဲ့ ကျန်ဒုံးကျည်တွေက ထိမှန်ခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်က ပြောပါတယ်။

အဲဒီလို တိုက်ခိုက်ချိန်မှာ ရုရှားတို့ရဲ့ ခေတ်အမီဆုံးသင်္ဘောတွေထဲကတစင်းဖြစ်တဲ့ Kalibr ခရုဇ်ဒုံးကျည်ပစ် သင်္ဘော က သင်္ဘောကျင်းမှာ ရှိနေတယ် လို့ ယူကရိန်းလေတပ်တပ်မှူးက သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG