သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုက္ပဲြႀကီးျဖစ္လာႏိုင္ဖြယ္ စိုးရိမ္ေနရတဲ႔ AA နဲ႔ စစ္ေကာင္စီ တင္းမာမႈ


ရကၡိဳင့္တပ္မေတာ္ AA ဗိုလ္သင္တန္းဆင္းပဲြအခမ္းအနား (ယခင္ဓါတ္ပံုေဟာင္း - AA Info Desk)

တိုက္ပဲြႀကီးျဖစ္လာႏိုင္ဖြယ္ စိုးရိမ္ေနရတဲ႔ AA နဲ႔ စစ္ေကာင္စီ တင္းမာမႈ

{{Zawgyi/Unicode}}

AA ရခိုင္လက္နက္ကိုင္တပ္နဲ႔ ျမန္မာစစ္ေကာင္စီတပ္ေတြ အခု တိုက္ပြဲငယ္ေတြျပန္စျဖစ္တာကေန အရင္လို တိုက္ပြဲႀကီးေတြဆက္ျဖစ္လာမလား စိုးရိမ္မူတခ်ိဳ.ရွိလာေနပါတယ္။

အခုလို ယာယီတိုက္ပြဲငယ္ေတြ ျဖစ္ဖို႔ ေျမျပင္အေနအထားေတြရွိေနသလို၊ တခ်ိဳ.တိုက္ပြဲႀကီးေတြအလားအလာကိုလည္းစိုးရိမ္ရေပမဲ့၊ လက္ေတြ႔မွာေတာ့ အရင္လို ေရရွည္တိုက္ပြဲႀကီးေတြအထိျဖစ္လာဖို႔ မလြယ္ပါဘူးလို႔၊ ရခိုင္အနီးကပ္သံုးသပ္သူေတြက ဆိုပါတယ္။ ဘာေၾကာင့္ပါလဲ။

ဒီအေၾကာင္း ဝံလက္ဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္း အမူေဆာင္ဒါရိုက္တာနဲ႔ ရခိုင္ျပည္အရပ္ဘက္အဖြဲ႔အစည္းမ်ား ျငိမ္းခ်မ္းေရးေကာ္မီတီ ျပန္ၾကားေရးတာဝန္ခံ ခိုင္ေကာင္းစံ နဲ႔၊ ေျမာက္ဦးၿမိဳ.နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ေဟာင္း ဦးဦးလွေစာတို႔ကို ကိုဝင္းမင္းက ေမးထားပါတယ္။

ကိုဝင္းမင္း ။.။ ဟုတ္ကဲ့ ၊ ခိုင္ေကာင္းစံ ကို မေန႔ညကေမးရာမွာ လက္ရွိတိုက္ပြဲေတြ စျဖစ္လာပုံကို စရွင္းျပပါတယ္။

ခိုင္ေကာင္းစံ ။. ။ သူတို႔ရဲ႕ ထုတ္ျပန္ခ်က္အရေတာ့ နယ္ႀကြံၿပီးမွ ျဖစ္တဲ့ တိုက္ပြဲေပါ့ေနာ္။ ဗမာ့တပ္မေတာ္ကလည္း အဲဒီနယ္စပ္ကို သြားတဲ့အခ်ိန္မွာ ဒီေမာင္ေတာေျမာက္ပိုင္းေပါ့ေလ။ ရခိုင္တပ္ေတာ္ AA က အေျချပဳစခန္းခ်ထားတဲ့ေနရာထဲကို နယ္ႀကြံလာတာေပါ့ေနာ္။ အဲဒီအေပၚမွာ ျဖစ္ၾကတာေပါ့ေနာ္။ ပထမတိုက္ပြဲကေတာ့ ၉ ရက္ေန႔ျဖစ္တဲ့ တိုက္ပြဲေပါ့။ ေနာက္ ဒီေန႔မနက္မွာ တခါျဖစ္တယ္ေပါ့။ ဒါေပမယ့္ ၉ ရက္ေန႔ျဖစ္တဲ့ေနရာနဲ႔ ဒီေန႔ျဖစ္တဲ့ေနရာက မတူဘူးေပါ့။ ဒီေန႔မနက္ျဖစ္တဲ့ ေနရာကေတာ့ နရန္းေခ်ာင္းဆိုတဲ့ ရြာဖက္မွာေပါ့ေနာ္။ အဲဒီရြာမွာဆိုရင္ ကသည္းတိုင္းရင္းသားေတြရြာတည္ထားတယ္။ ေနာက္ အစိုးရရဲ႕ လဝက စီမံကိန္းအဲဒီလိုေနရာတခုေပါ့။ အဲေတာ့ဒီလုိတိုက္ပြဲမ်ဳိးက အခ်ိန္မေရြးျဖစ္ႏိုင္တယ္။ ဒါေမာင္ေတာေဒသမွ မဟုတ္ဘူး။ တျခားေနရာေတြမွာလည္း မေမွ်ာ္လင့္တဲ့ တိုက္ပြဲမ်ဳိးေတြ ျဖစ္ႏိုင္တာေပါ့။

ကိုဝင္းမင္း ။.။ အဲေတာ့ ဘာေၾကာင့္အခုလိုတုိက္ပြဲမ်ဳိး ျဖစ္ရာမွာ ထူးျခားမႈကို ေမးရာမွာ ဦးဦးလွေစာ ကလည္း အခုလိုေထာက္ျပပါတယ္။

ဦးဦးလွေစာ ။. ။ တိုက္တိုက္ဆိုင္ဆိုင္ေနာ္ ၊ ဒီႏိုဝင္ဘာ ၁၁ မွာ နိပြန္ေဖာင္ေဒးရွင္း ဥကၠဌႀကီး မစၥတာ ဆာဆာကာဝါ နဲ႔ က်ေနာ္တို႔ ေတြ႔တယ္ဗ်။ သူက ေနျပည္ေတာ္က ျပန္လာတာဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔လည္းေတြ႔ခဲ့တယ္။ အခုေလာေလာဆယ္ SCC ရဲ႕ ဝန္ႀကီးခ်ဳပ္နဲ႔ လည္း ေတြ႔ခဲ့တယ္ေပါ့ေနာ္။ က်ေနာ္တို႔ ရခိုင္တပ္ေတာ္ေခါင္းေဆာင္ကို Message တခုေပးတယ္။ ေနာက္ေန႔မွာ Statement တခုကို တပ္မေတာ္နဲ႔ AA နဲ႔ အတူထုတ္တယ္။ အဲေတာ့တႏွစ္ျပည့္ေပါ့ဗ်ာ။ အမွတ္တရေလးပဲ။ အဲဒီကစတယ္ေပါ့ဗ်ာ။ ေသနတ္ေဖာက္တာေတြဘာေတြ ဘာမွမရွိဘူးေပါ့ဗ်ာ။ အခုဟာကေလ ျဖစ္ႏိုင္ေခ်က အမ်ားႀကီးရွိတယ္ဗ်။ ဒါကတိုက္ဆိုင္မႈလား။ ဒါမွမဟုတ္ တပ္မေတာ္ဖက္ကေပါ့ စစ္ဆင္ေရးပရိယယ္တခုလား ၊ က်ေနာ္တို႔လည္း မခန္႔မွန္းတတ္ဘူး။ ဒါေပမယ့္ ျဖစ္ႏိုင္ေျခအလားလာကေတာ့ ဒီေနရာမွာ ထိပ္တိုက္ေတြ႔ဆုံမႈ အေသးအဖြဲေလးေတြကေန အႀကီးႀကီးမီးေတာက္ျဖစ္မယ့္အလားလာကေတာ့ အမ်ားႀကီး ရွိတယ္။

ကိုဝင္းမင္း ။. ။ ဒီေနရာမွာ အခုလိုတုိက္ပြဲငယ္ေတြျပန္ျဖစ္လာဖို႔ ေျမျပင္အေျခအေနရွိေနပုံကိုလည္း ခိုင္ေကာင္းစံ က

ခိုင္ေကာင္းစံ ။. ။ Gentlemen's agreement ေပါ့ဗ်ာ။ ၂ဖက္စလုံးကေတာ့ ေတြ႔ဆုံေဆြးေႏြးမႈေတြရွိေနတာေပါ့ေနာ္။ ဒါေပမယ္လို႔ တကယ္တန္းက ဒီႏွစ္ဖြဲ႔က သေဘာတူညီမႈက ဥပမာ Bilateral agreement ထိုးထားတာမ်ဳိးက ရွိမေနဘူး။ ဒါေပမယ့္ ေအာက္ေခ်မွာၾကေတာ့ လႈပ္ရွားမႈေတြ ဧရိယာေတြမွာ ဒီအေပၚက အမိန္႔ကို နာခံတယ္ဆိုေပမယ့္ တည္ေဆာက္မႈေတြကို ေတြ႔ေနရတယ္။ ဥပမာ တိုက္ပြဲမရွိေပမယ့္လို႔ ျမန္မာတပ္မေတာ္ကလည္း အင္အားတည္ေဆာက္တာေပါ့။ ဥပမာ လက္နက္ ရိကၡာ လူအင္အား ရခိုင္တပ္ေတာ္ကလည္း သူတို႔ရဲ႕ အေနအထားကို ခိုင္ခိုင္မာမာျဖစ္ေအာင္ တည္ေဆာက္ေနတာေပါ့ေနာ္။ အဲဒီေတာ့ဒါက နယ္ႀကြံသြားတာေပါ့ေနာ္။ လႈပ္ရွားမႈေတြမွာ အခ်ိန္မေရြးျဖစ္ႏိုင္မႈေတာ့ရွိတာေပါ့။ အဲဒါေၾကာင့္ ရခိုင္ျပည္သူေတြကေရာ၊ စစ္ေဘးဒုကၡသည္စခန္းေတြမွာေနသူေတြကေရာ သူတို႔ေဒသကို ျပန္ခ်င္ေပမယ့္ မျပန္ႏိုင္ၾကဘူး။ ဒီတိုက္ပြဲက ဘယ္ေန႔ဆက္ျဖစ္လာမလဲဆိုတာ ခန္႔မွန္းရခက္တာေပါ့ေနာ္။

ကိုဝင္းမင္း ။. ။ ေရွ႕မွာဆက္ျဖစ္လာႏိုင္ပုံကိုလည္း ဦးဦးလွေစာ က အခုလိုေျပာပါတယ္။

ဦးဦးလွေစာ ။. ။ အရင္တုံးက ေျပာခဲ့ရာမွာလည္း AA ရဲ႕ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ ကိုလည္း သူတပ္မွဴးေတြကို ထိပ္တိုက္ေတြ႔ဆုံတာေတြေရွာင္ဖို႔ဆိုၿပီးေတာ့ေျပာထားတာရွိတယ္။ ရခိုင္မွာက ပြင့္ပြင့္လင္းလင္းေျပာရရင္ ရခိုင္တပ္ေတာ္ရဲ႕ အင္အားက သာလြန္အင္အားျဖစ္ေနတယ္။ နယ္ေျမေတာ္ေတာ္မ်ားမ်ားကို ထိမ္းခ်ဳပ္နိုင္တယ္။ လူထုကလည္း ေထာက္ခံမႈအရမ္းျပင္းထန္ေနတယ္။ AA အေနနဲ႔ ဆိုရင္ ဘက္ေပါင္းစုံ ေတာ္ေတာ္ေလး အေျခအေနေကာင္းတယ္ေပါ့ေနာ္။ ရင္ဆိုင္မယ္ဆိုရင္။ အဲေတာ့ ဒီဟာက ျမန္မာတပ္မေတာ္ဖက္က ေသြးစမ္းတာလား ျမန္မာတပ္မေတာ္ဖက္ မေမွ်ာ္လင့္ပဲထိပ္တိုက္ေတြ႔တာလား။ ထိပ္တုိက္ေတြ႔တဲ့ေနရာက အေတာ္ေဝးတဲ့ေနရာဆိုေတာ့ စစ္ေရးကိုေတာ့ က်ေနာ္မခန္႔မွန္းတတ္ဘူး။ ဒီျဖစ္တဲ့ ကိစၥအတြက္ကေတာ့ ႏွစ္ဖက္စလုံးက ဘယ္သူအတြက္မွ ေကာင္းက်ဳိးမရွိဘူး။ အထူးသျဖင့္ ျမန္မာ့တပ္မေတာ့္အတြက္က ပိုၿပီးေတာ့ အခက္ေတြ႔မယ္ထင္တယ္။

ကိုဝင္းမင္း ။. ။ ခိုင္ေကာင္းစံ ကလည္း အရင္လိုမ်ဳိး ေရရွည္တိုက္ပြဲႀကီးေတြျဖစ္လာဖို႔ မလြယ္ပါဘူးလို႔ ဆိုပါတယ္။

ခိုင္ေကာင္းစံ ။. ။ စစ္ပြဲကေတာ့ ဘယ္သူမွမလိုခ်င္ဘူး ။ ေနာက္တခုက PDF ေတြရဲ႕လႈပ္ရွားမႈေတြ ၊ တပ္မေတာ္ထဲမွာရွိၾကတဲ့ အရာရွိအရာခံ ပုဂၢိုလ္ေတြကိုယ္တိုင္ကလည္း ဒီျပည္သူဖက္ကို ေျပာင္းေနတဲ့အေျခအေနေတြရွိတယ္။ ေနာက္တခါ ကရင္မွာလည္း ဒီတုိက္ပြဲေတြရွိတယ္။ ေနာက္ကခ်င္နဲ႔လည္းျဖစ္ေနတယ္။ စသည္အားျဖင့္ အဲဒီလိုအေျခအေနမ်ဳိးမွာ ၂ဝ၁၈ ၊၂ဝ၁၉ လိုတိုက္ပြဲေတြျဖစ္ဖို႔ဆိုတာမ်ုိးကေတာ့ ရာခိုင္ႏႈန္းေတာ္ေတာ္နည္းပါတယ္။

ကိုဝင္းမင္း ။.။ တကယ္ေတာ့ အခုလို တိုက္ပြဲေတြျပန္စျဖစ္လာတုံးမွာ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က AA နဲ႔ျဖစ္တာမဟုတ္ပဲ ARSA အဖြဲ႔နဲ႔ျဖစ္တာပါလို႔ ျပန္ေျပာထားပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

......................................................

{{Unicode}}

AA ရခိုင်လက်နက်ကိုင်တပ်နဲ့ မြန်မာစစ်ကောင်စီတပ်တွေ အခု တိုက်ပွဲငယ်တွေပြန်စဖြစ်တာကနေ အရင်လို တိုက်ပွဲကြီးတွေဆက်ဖြစ်လာမလား စိုးရိမ်မူတချို.ရှိလာနေပါတယ်။

အခုလို ယာယီတိုက်ပွဲငယ်တွေ ဖြစ်ဖို့ မြေပြင်အနေအထားတွေရှိနေသလို၊ တချို.တိုက်ပွဲကြီးတွေအလားအလာကိုလည်းစိုးရိမ်ရပေမဲ့၊ လက်တွေ့မှာတော့ အရင်လို ရေရှည်တိုက်ပွဲကြီးတွေအထိဖြစ်လာဖို့ မလွယ်ပါဘူးလို့၊ ရခိုင်အနီးကပ်သုံးသပ်သူတွေက ဆိုပါတယ်။ ဘာကြောင့်ပါလဲ။

ဒီအကြောင်း ဝံလက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အမူဆောင်ဒါရိုက်တာနဲ့ ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မီတီ ပြန်ကြားရေးတာဝန်ခံ ခိုင်ကောင်းစံ နဲ့၊ မြောက်ဦးမြို.နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဦးလှစောတို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

ကိုဝင်းမင်း ။. ။ ဟုတ်ကဲ့ ၊ ခိုင်ကောင်းစံ ကို မနေ့ညကမေးရာမှာ လက်ရှိတိုက်ပွဲတွေ စဖြစ်လာပုံကို စရှင်းပြပါတယ်။

ခိုင်ကောင်းစံ ။. ။ သူတို့ရဲ့ ထုတ်ပြန်ချက်အရတော့ နယ်ကြွံပြီးမှ ဖြစ်တဲ့ တိုက်ပွဲပေါ့နော်။ ဗမာ့တပ်မတော်ကလည်း အဲဒီနယ်စပ်ကို သွားတဲ့အချိန်မှာ ဒီမောင်တောမြောက်ပိုင်းပေါ့လေ။ ရခိုင်တပ်တော် AA က အခြေပြုစခန်းချထားတဲ့နေရာထဲကို နယ်ကြွံလာတာပေါ့နော်။ အဲဒီအပေါ်မှာ ဖြစ်ကြတာပေါ့နော်။ ပထမတိုက်ပွဲကတော့ ၉ ရက်နေ့ဖြစ်တဲ့ တိုက်ပွဲပေါ့။ နောက် ဒီနေ့မနက်မှာ တခါဖြစ်တယ်ပေါ့။ ဒါပေမယ့် ၉ ရက်နေ့ဖြစ်တဲ့နေရာနဲ့ ဒီနေ့ဖြစ်တဲ့နေရာက မတူဘူးပေါ့။ ဒီနေ့မနက်ဖြစ်တဲ့ နေရာကတော့ နရန်းချောင်းဆိုတဲ့ ရွာဖက်မှာပေါ့နော်။ အဲဒီရွာမှာဆိုရင် ကသည်းတိုင်းရင်းသားတွေရွာတည်ထားတယ်။ နောက် အစိုးရရဲ့ လဝက စီမံကိန်းအဲဒီလိုနေရာတခုပေါ့။ အဲတော့ဒီလိုတိုက်ပွဲမျိုးက အချိန်မရွေးဖြစ်နိုင်တယ်။ ဒါမောင်တောဒေသမှ မဟုတ်ဘူး။ တခြားနေရာတွေမှာလည်း မမျှော်လင့်တဲ့ တိုက်ပွဲမျိုးတွေ ဖြစ်နိုင်တာပေါ့။

ကိုဝင်းမင်း ။. ။ အဲတော့ ဘာကြောင့်အခုလိုတိုက်ပွဲမျိုး ဖြစ်ရာမှာ ထူးခြားမှုကို မေးရာမှာ ဦးဦးလှစော ကလည်း အခုလိုထောက်ပြပါတယ်။

ဦးဦးလှစော ။. ။ တိုက်တိုက်ဆိုင်ဆိုင်နော် ၊ ဒီနိုဝင်ဘာ ၁၁ မှာ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌကြီး မစ္စတာ ဆာဆာကာဝါ နဲ့ ကျနော်တို့ တွေ့တယ်ဗျ။ သူက နေပြည်တော်က ပြန်လာတာဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းတွေ့ခဲ့တယ်။ အခုလောလောဆယ် SCC ရဲ့ ဝန်ကြီးချုပ်နဲ့ လည်း တွေ့ခဲ့တယ်ပေါ့နော်။ ကျနော်တို့ ရခိုင်တပ်တော်ခေါင်းဆောင်ကို Message တခုပေးတယ်။ နောက်နေ့မှာ Statement တခုကို တပ်မတော်နဲ့ AA နဲ့ အတူထုတ်တယ်။ အဲတော့တနှစ်ပြည့်ပေါ့ဗျာ။ အမှတ်တရလေးပဲ။ အဲဒီကစတယ်ပေါ့ဗျာ။ သေနတ်ဖောက်တာတွေဘာတွေ ဘာမှမရှိဘူးပေါ့ဗျာ။ အခုဟာကလေ ဖြစ်နိုင်ချေက အများကြီးရှိတယ်ဗျ။ ဒါကတိုက်ဆိုင်မှုလား။ ဒါမှမဟုတ် တပ်မတော်ဖက်ကပေါ့ စစ်ဆင်ရေးပရိယယ်တခုလား ၊ ကျနော်တို့လည်း မခန့်မှန်းတတ်ဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေအလားလာကတော့ ဒီနေရာမှာ ထိပ်တိုက်တွေ့ဆုံမှု အသေးအဖွဲလေးတွေကနေ အကြီးကြီးမီးတောက်ဖြစ်မယ့်အလားလာကတော့ အများကြီး ရှိတယ်။

ကိုဝင်းမင်း ။. ။ ဒီနေရာမှာ အခုလိုတိုက်ပွဲငယ်တွေပြန်ဖြစ်လာဖို့ မြေပြင်အခြေအနေရှိနေပုံကိုလည်း ခိုင်ကောင်းစံ က

ခိုင်ကောင်းစံ ။. ။ Gentlemen's agreement ပေါ့ဗျာ။ ၂ဖက်စလုံးကတော့ တွေ့ဆုံဆွေးနွေးမှုတွေရှိနေတာပေါ့နော်။ ဒါပေမယ်လို့ တကယ်တန်းက ဒီနှစ်ဖွဲ့က သဘောတူညီမှုက ဥပမာ Bilateral agreement ထိုးထားတာမျိုးက ရှိမနေဘူး။ ဒါပေမယ့် အောက်ချေမှာကြတော့ လှုပ်ရှားမှုတွေ ဧရိယာတွေမှာ ဒီအပေါ်က အမိန့်ကို နာခံတယ်ဆိုပေမယ့် တည်ဆောက်မှုတွေကို တွေ့နေရတယ်။ ဥပမာ တိုက်ပွဲမရှိပေမယ့်လို့ မြန်မာတပ်မတော်ကလည်း အင်အားတည်ဆောက်တာပေါ့။ ဥပမာ လက်နက် ရိက္ခာ လူအင်အား ရခိုင်တပ်တော်ကလည်း သူတို့ရဲ့ အနေအထားကို ခိုင်ခိုင်မာမာဖြစ်အောင် တည်ဆောက်နေတာပေါ့နော်။ အဲဒီတော့ဒါက နယ်ကြွံသွားတာပေါ့နော်။ လှုပ်ရှားမှုတွေမှာ အချိန်မရွေးဖြစ်နိုင်မှုတော့ရှိတာပေါ့။ အဲဒါကြောင့် ရခိုင်ပြည်သူတွေကရော၊ စစ်ဘေးဒုက္ခသည်စခန်းတွေမှာနေသူတွေကရော သူတို့ဒေသကို ပြန်ချင်ပေမယ့် မပြန်နိုင်ကြဘူး။ ဒီတိုက်ပွဲက ဘယ်နေ့ဆက်ဖြစ်လာမလဲဆိုတာ ခန့်မှန်းရခက်တာပေါ့နော်။

ကိုဝင်းမင်း ။. ။ ရှေ့မှာဆက်ဖြစ်လာနိုင်ပုံကိုလည်း ဦးဦးလှစော က အခုလိုပြောပါတယ်။

ဦးဦးလှစော ။. ။ အရင်တုံးက ပြောခဲ့ရာမှာလည်း AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုလည်း သူတပ်မှူးတွေကို ထိပ်တိုက်တွေ့ဆုံတာတွေရှောင်ဖို့ဆိုပြီးတော့ပြောထားတာရှိတယ်။ ရခိုင်မှာက ပွင့်ပွင့်လင်းလင်းပြောရရင် ရခိုင်တပ်တော်ရဲ့ အင်အားက သာလွန်အင်အားဖြစ်နေတယ်။ နယ်မြေတော်တော်များများကို ထိမ်းချုပ်နိုင်တယ်။ လူထုကလည်း ထောက်ခံမှုအရမ်းပြင်းထန်နေတယ်။ AA အနေနဲ့ ဆိုရင် ဘက်ပေါင်းစုံ တော်တော်လေး အခြေအနေကောင်းတယ်ပေါ့နော်။ ရင်ဆိုင်မယ်ဆိုရင်။ အဲတော့ ဒီဟာက မြန်မာတပ်မတော်ဖက်က သွေးစမ်းတာလား မြန်မာတပ်မတော်ဖက် မမျှော်လင့်ပဲထိပ်တိုက်တွေ့တာလား။ ထိပ်တိုက်တွေ့တဲ့နေရာက အတော်ဝေးတဲ့နေရာဆိုတော့ စစ်ရေးကိုတော့ ကျနော်မခန့်မှန်းတတ်ဘူး။ ဒီဖြစ်တဲ့ ကိစ္စအတွက်ကတော့ နှစ်ဖက်စလုံးက ဘယ်သူအတွက်မှ ကောင်းကျိုးမရှိဘူး။ အထူးသဖြင့် မြန်မာ့တပ်မတော့်အတွက်က ပိုပြီးတော့ အခက်တွေ့မယ်ထင်တယ်။

ကိုဝင်းမင်း ။. ။ ခိုင်ကောင်းစံ ကလည်း အရင်လိုမျိုး ရေရှည်တိုက်ပွဲကြီးတွေဖြစ်လာဖို့ မလွယ်ပါဘူးလို့ ဆိုပါတယ်။

ခိုင်ကောင်းစံ ။. ။ စစ်ပွဲကတော့ ဘယ်သူမှမလိုချင်ဘူး ။ နောက်တခုက PDF တွေရဲ့လှုပ်ရှားမှုတွေ ၊ တပ်မတော်ထဲမှာရှိကြတဲ့ အရာရှိအရာခံ ပုဂ္ဂိုလ်တွေကိုယ်တိုင်ကလည်း ဒီပြည်သူဖက်ကို ပြောင်းနေတဲ့အခြေအနေတွေရှိတယ်။ နောက်တခါ ကရင်မှာလည်း ဒီတိုက်ပွဲတွေရှိတယ်။ နောက်ကချင်နဲ့လည်းဖြစ်နေတယ်။ စသည်အားဖြင့် အဲဒီလိုအခြေအနေမျိုးမှာ ၂ဝ၁၈ ၊၂ဝ၁၉ လိုတိုက်ပွဲတွေဖြစ်ဖို့ဆိုတာမျိုးကတော့ ရာခိုင်နှုန်းတော်တော်နည်းပါတယ်။

ကိုဝင်းမင်း ။. ။ တကယ်တော့ အခုလို တိုက်ပွဲတွေပြန်စဖြစ်လာတုံးမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က AA နဲ့ဖြစ်တာမဟုတ်ပဲ ARSA အဖွဲ့နဲ့ဖြစ်တာပါလို့ ပြန်ပြောထားပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG