သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲဖြစ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် အရပ်သားတချို့ ပစ်သတ်ခံရ


rakhine refugees
rakhine refugees

ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ် အတွင်းမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီးတော့ အရပ်သားပြည်သူ ၁၃ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က တင်ပြပေးပါမယ်။

တိုက်ပွဲဖြစ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် အရပ်သားတချို့ ပစ်သတ်ခံရ

{{Zawgyi/Unicode}}
ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ် အတွင်းမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီးတော့ အရပ်သားပြည်သူ ၁၃ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။ အခုလိုသတ်ဖြတ်မှုအတွက် မြန်မာစစ်တပ်ကို လက်တုန့်ပြန် တိုက်ခိုက်သွားမယ်လို့လည်း ခိုင်သုခကပြောပါတယ်။ ဒီအကြောင်း အပြည့် အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က တင်ပြပေးပါမယ်။

ရခိုင်လက်နက်ကိုင် AAအဖွဲ့နဲ့ စစ်ကောင်စီကြား မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ဆင်အင်းကြီး ကျေးရွာသား စစ်ကောင်တပ်တွေဝင်ရောက်ပြီးတော့ ကျေးရွာသား ၉ဦးကို စစ်ကောင်စီ သတ်ဖြတ်ခဲ့သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၂ရက်အတွင်း သေဆုံးသူ ၁၃ဦးနဲ့ ဒဏ်ရာရသူ အများအပြား ရှိတယ်လို့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“ မနေ့က ညနေ ၄နာရီခွဲလောက်မှာ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ တပ်ရင်းက စစ်သား ၄၀ကျော်လောက်က ဆင်အင်းကြီးကျေးရွာကို ဝင်ရောက်လာပြီးတော့ အပြစ်မဲ့ ပြည်သူ ၉ယောက်ကို ပစ်ခတ်ခဲ့တာရှိတယ်။ အသတ်ခံရသူတွေထဲမှာတော့ ယောကျာ်း ၇ယောက် အမျိုးသမီး ၂ယောက်ပေါ့။ ၉ယောက်ကို အစုလိုက် အပြုံလိုက် ပစ်သတ်သွားတာရှိတယ်၊ အကုန်လုံး မနေ့ကနဲ့ ဒီနေ့ ပေါင်းဆိုရင် ပုဏ္ဏားကျွန်းမြို့နယ်မှာ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု လေကြောင်းပစ်ခတ်မှု မြန်မာစစ်သားတွေ ဝင်ရောက်ပြီးတော့ သတ်ဖြတ်တာတွေ အကုန်ပေါင်းလိုက်ရင် သေဆုံးသူ ၁၃ ဦးအထိရှိတယ်။ နောက်အဲဒီမှာ ပျောက်နေတဲ့ လူတချို့လည်းရှိသေးတယ်။ ဆင်အင်းကြီးရွာကလေ။”

အခုလို ရခိုင်အရပ်သား ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်တပ်ကို လက်တုန့်ပြန် တိုက်ခိုက်သွားမှာဖြစ်တယ်လို့ AAပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“ ကျနော်တို့ ULA/AAအနေနဲ့ကတော့ ဒီလိုမျိုး ကျနော်တို့ ပြည်သူတွေအပေါ် အစုလိုက် အပြုံလိုက်သတ်ဖြတ်ပြီးတော့မှ စစ်ရာဇဝတ်မှုကို ကျူးလွန်တဲ့ ခမရ ၅၅၀ ဒီရာဇဝတ်မှုမှာပါဝင် ပတ်သတ်တဲ့သူတွေကိုတော့ ကျနော်တို့ကတော့ နည်းမျိုးစုံနဲ့ အပြစ်ပေး အရေးယူနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်။ ဒီအတွက်လည်း ကျနော်တို့က ပြန်ပြီးတော့ လက်တုန့်ပြန် တိုက်ခိုက် သွားမှာဖြစ်တယ်။”

ရခိုင်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာနဲ့ ပဒေသာကျေးရွာကြား ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှာ စစ်ကောင်စီယာဉ်တန်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ ဖက်က မနေ့မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၂ ဘက် အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ တာလည်းဖြစ် ပါတယ်။

ဒီကနေ့မှာလည်း တိုက်ပွဲတွေ မရှိပေမဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ပုဏ္ဏားမြို့နယ် ကျေးရွာတချို့က ထောင်နဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အထုပ်သည်ကျေးရွာကနေ ထွက်ပြေးလာတဲ့ ဒေသခံတဦးကတော့ ရွာမှာ မပြေးနိုင်လို့ ကျန်ခဲ့တဲ့ သက်ကြီးပိုင်တွေကို စစ်ကောင်စီတပ်သားတွေ ပစ်သတ်မှာ စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

“ အခု ဆင်အင်းကြီးမှာ ရက်ရက်စက်စက်သတ်ပြီးတော့ အိမ်တွေကို မီးရှို့ခဲ့တယ်။ ကျနော်တို့ရွာမှာလည်း လူတွေ ကျန်နေခဲ့တော့ ရွာကို မီးရှို့မှာကျန်နေခဲ့တဲ့ လူတွေကို သတ်ဖြတ်မှာ သူတို့က အဲဒါတွေကို ကျနော်တို့စိုးရိမ်တယ်။ သူတို့က လူမျိုးတုန်းအောင် သတ်ဖြတ်နေတာ။”

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်းမှာ လက်နက်ကြီးတွေကျည် တွေ ကျရောက်ပေါက်ကွဲပြီးတော့ အရပ်သားပြည်သူတွေ မကြာခဏဆိုသလို ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ တနေ့ထက်တနေ့ တိုးလာနေတာပါ။ ပြည်သူတွေရဲ့ အသက်အိုးလုံခြုံရေးနဲ့ ပတ် သတ်ပြီးတော့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ပြောခွင့်ရ ခိုင်သုခက အခုလိုပြောပါတယ်။

“ ကျနော်တို့ကတော့ ကျနော်တို့ ပြည်သူတွေကို အကောင်းဆုံးလုံခြုံမှုပေးနိုင်အောင်တော့ ကျနော်တို့ ကြိုးစားနေတာတော့ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့က ရခိုင်တပြည်လုံးကို ထိန်းချုပ်နိုင်တဲ့ အနေအထားမရှိသေးတဲ့ အခါကျတော့ တချို့နေရာတွေကတော့ သူလည်း ဝင်လို့ရတယ် ကိုယ်လည်းဝင်လို့ရတယ် အဲဒီလို နယ်မြေတွေလည်းရှိတယ်၊ ကျနော်တို့ထိန်း ချုပ်နယ်မြေထဲမှာဆိုရင်တော့ ကျနော်တို့ပြည်သူတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်တယ်။ ဒါပေမယ့် သူနဲ့ကိုယ်နဲ့ ကြားနယ်မြေတွေဆိုရင် တခုခုဖြစ်ရင် မြန်မာစစ်တပ်ဟာ ရုတ်တရက် ဝင်ရောက်လာ ပြီးတော့ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးတော့ ရာဇဝတ်မှုကျူးလွန်တာတွေကို တောက်လျောက်လုပ်နေတာရှိတာပေါ့။”

ဒီနေ့ညနေပိုင်းလည်း ကျောက်တော်မြို့နယ် ရွေပြည်သစ်ကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပြီးတော့ ဒေသခံ ၇ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုဏ္ဏားကျွန်းမှာ ဒေသခံ ၁၃ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ရဲ့ ပြောဆိုချက်နဲ့ ပတ်သတ်ပြီး စစ်ကောင်စီဘက်က တစုံတရာ တုန့်ပြန်ပြောဆိုတမျိုးမတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

..........................................................................

တိုကျပှဲဖွဈနတေဲ့ ပုဏ်ဏားကြှနျးမွို့နယျ အရပျသားတခြို့ ပဈသတျခံရ

{{Zawgyi/Unicode}}












XS
SM
MD
LG