သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ပါတီဝင္ သံုးဦးနဲ႔ တပ္မေတာ္သား သံုးဦး AA ျပန္လႊတ္ေပး


AA ရခိုင္လက္နက္ကိုင္အဖဲြ႔ ျပန္လႊတ္ေပးခဲ့တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္သုံးဦး။ (ဓာတ္ပုံ -တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕- ဇန္နဝါရီ ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္ေရးတင္းမာမႈေတြ ႀကံဳခဲ့ရတဲ့ ရခိုင္ျပည္နယ္မွာ AA ရခုိင္လက္နက္ကုိင္ အဖြဲ႔က ဖမ္းဆီးခံခဲ့ရတဲ့ NLD အမ်ဳိးသားဒီမုိကေရစီ အဖဲြ႔ခ်ဳပ္ရဲ႕ ေတာင္ကုတ္ျမိဳ႕နယ္ လႊတ္ေတာ္ကုိယ္စားလွယ္ ၃ ဦးဟာ၊ တပ္မေတာ္သား ၃ ဦးနဲ႔အတူ ဒီေန႔ပဲ ျပန္လည္လြတ္ေျမာက္လာတဲ့အေၾကာင္း ေျပာျပေပးပါမယ္။ ဒီအေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပေပးပါမယ္။

ေရြးေကာက္ပဲြအတြက္ မဲဆြယ္စည္း႐ုံးေနစဥ္ ေအာက္တိုဘာထဲမွာပဲ AA လက္နက္ကုိင္အဖြဲ႔က ဖမ္းဆီးသြားတဲ့ NLD လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ၃ ဦးကုိ ၂ လေက်ာ္အၾကာမွာ ျပန္လႊတ္ေပးလုိက္တာပါ။ NLD ကုိယ္စားလွယ္ေလာင္းေတြကုိ ရခုိင္ျပည္နယ္က တိုက္ပြဲေတြအတြင္း ဖမ္းဆီးခဲ့တဲ့ တပ္မေတာ္သား ၃ ဦးနဲ႔အတူ ဒီကေန႔မြန္းလြဲပိုင္းမွာပဲ AAအဖြဲ႔က တပ္မေတာ္ကို လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္းလည္း တပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကဗီြအိုေအကို အတည္ျပဳပါတယ္။

“လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနီနီေမျမင့္၊ ဦးမင္းေအာင္၊ ျပီးရင္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒၚခ်စ္ခ်စ္ေခ်ာတို႔ကို အဲဒီ ၃ ေယာက္ရယ္၊ ျပီးရင္တိုက္ပြဲျဖစ္ပြါးစဥ္ကာလမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ တပ္မေတာ္သား ၃ ဦး AA က တာ၀န္ရွိသူေတြက ဒီေန႕မြန္းလႊဲပိုင္းမွာေတာ့ တပ္မေတာ္ကို လာေရာက္လႊဲေျပာင္းေပးခဲ့ပါတယ္။ က်ေနာ္တို႔ ဒီ စစ္ေတြကိုေခၚေဆာင္ေနပါတယ္။ စစ္ေတြေရာက္လို႕ရွိရင္ သက္ဆိုင္ရာကို ျပန္လည္လႊဲေျပာင္းပါမယ္။ ျပီးရင္ က်ေနာ္တို႔လည္း သတင္းထုတ္ျပန္ေပးပါမယ္။”

NLD ပါတီ၀င္ ၃ ဦးကိုေတာ့ ေျမပုံျမိဳ႕နယ္ မီးေက်ာင္းတက္ရြာဘက္မွာ မင္းျပားျမိဳ႕နယ္အေျချပဳ တိုင္းဗဟို ၉ ေက်ာင္း အုပ္ၾကီးထံ လႊဲေျပာင္းေပးတာလို႔ ေျမပံုၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေဖသန္းကေျပာပါတယ္။

“ဒီေန႔ မြန္းလႊဲ ၂ နာရီေလာက္ကေပါ့ေနာ္။ က်ေနာ္တို႔ ေျမပုံျမိဳ႕နယ္မီးေက်ာင္းတက္ေက်းရြာမွာ AA တပ္ေတာ္တပ္ဖြဲ႔၀င္ေတြက ေစာင့္ဆိုင္းျပီးေတာ့ တပ္မေတာ္ဘက္ကို NLD ပါတီ၀င္ ၃ ဦးကို လႊဲေျပာင္းေပးတယ္လို႔ သိရတယ္။ တပ္မေတာ္ဘက္က တိုင္းဗဟို ၉ ေက်ာင္းအုပ္ၾကီးကိုယ္တိုင္ ကား ၃ စီးနဲ႔ လာျပီးေတာ့ေခၚသြားတယ္။ ေက်ာင္းဘက္ကို ျပန္ျပီးေတာ့ ထြက္ခြါသြားတယ္လို႔ ရြာသားေတြ သတင္းေပးပို႔ခ်က္အရ သိရပါတယ္။”

ရခိုင္ျပည္နယ္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းေအာင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဒၚနီနီေမျမင့္နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒၚခ်စ္ခ်စ္ေခ်ာတို႔ကို ေအာက္တိုဘာ ၂၄ ရက္ေန႔တုန္းက AA ဘက္က ဖမ္းဆီးသြားခဲ့တာပါ။

သူတို႔ ၃ ဦးအျပင္တိုက္ပြဲျဖစ္ပြါးစဥ္ကာလအတြင္း AA ဘက္က ဖမ္းဆီးသြားတဲ့တပ္မေတာ္သားေတြအနက္က ၃ ဦး ကို ဒီကေန႔မွာပဲ ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္ဘက္မွာ နယ္ေျမခံျမန္မာစစ္တပ္ေတြထံ လႊဲေျပာင္းေပးခဲ့တာပါ။

AA ဘက္ကေန အခုလို အဖမ္းခံရတဲ့သူေတြ ျပန္လည္လႊတ္ေပးတဲ့အေပၚ ျငိမ္းခ်မ္းေရးအတြက္ အေထာက္အကူ ျဖစ္ေစတယ္လို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကဗီြအိုေအကိုေျပာပါတယ္။

“က်ေနာ္တို႔ ေမွ်ာ္လင့္တာကေတာ့ ဒီျဖစ္စဥ္ျဖစ္ရပ္ေတြကေနတဆင့္ေတာ့ ရခိုင္ျပည္နယ္မွာ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲတဲ့ဟာေတြ ပိုမိုခိုင္မာလာလိမ့္မယ္။ ျပီးရင္ေတာ့ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ ပတ္သက္ျပီး တိုးတက္မႈေတြ ရွိလာနိုင္လိမ့္မယ္လ္ုိ႔ က်ေနာ္တို႔ ေမွ်ာ္လင့္ပါတယ္။”

လုံၿခံဳေရးအတြက္ စိတ္မခ်ရတာေၾကာင့္ ရခုိင္ျပည္နယ္က ေရြးေကာက္ပဲြေတြ မက်င္းပႏုိင္ခဲ့တဲ့ ေနရာေတြမွာ ျပန္လည္ က်င္းပႏုိင္မယ့္ အေျခအေနေတြ ဖန္တီးဖုိ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ရဲ႕ ႏိုဝင္ဘာ ၁၂ ရက္ေန႔ ထုတ္ျပန္ခ်က္ကို တပ္မေတာ္က ႀကိဳဆုိလုိက္ၿပီးေနာက္ ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႕ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ အၾကားပစ္ခတ္မႈရပ္စဲေနတာ တလေက်ာ္ရွိေနျပီျဖစ္ပါတယ္။

အပစ္ရပ္ေနတဲ့ကာလအတြင္း ဒီဇင္ဘာ ၉ ရက္ေန႔မွာ “ဝ” ျပည္ ေသြးစည္းညီညႊတ္ေရးတပ္မေတာ္ (UWSA) ထိန္းခ်ဳပ္ရာ ပန္ဆန္းၿမိဳ႕မွာ တပ္မေတာ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖဲြ႔က ကုိယ္စားလွယ္ေတြ ေတြ႔ဆုံၿပီး ရခုိင္ျပည္နယ္ ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးမႈေတြလည္း ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

NLD ပါတီဝင် သုံးဦးနဲ့ တပ်မတော်သား သုံးဦး AA ပြန်လွှတ်ပေး

စစ်ရေးတင်းမာမှုတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ AA ရခိုင်လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးခံခဲ့ရတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ၃ ဦးဟာ၊ တပ်မတော်သား ၃ ဦးနဲ့အတူ ဒီနေ့ပဲ ပြန်လည်လွတ်မြောက်လာတဲ့အကြောင်း ပြောပြပေးပါမယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေစဉ် အောက်တိုဘာထဲမှာပဲ AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ၃ ဦးကို ၂ လကျော်အကြာမှာ ပြန်လွှတ်ပေးလိုက်တာပါ။ NLD ကိုယ်စားလှယ်လောင်းတွေကို ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ဖမ်းဆီးခဲ့တဲ့ တပ်မတော်သား ၃ ဦးနဲ့အတူ ဒီကနေ့မွန်းလွဲပိုင်းမှာပဲ AAအဖွဲ့က တပ်မတော်ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်းလည်း တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကဗွီအိုအေကို အတည်ပြုပါတယ်။

“လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်၊ ပြီးရင်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို အဲဒီ ၃ ယောက်ရယ်၊ ပြီးရင်တိုက်ပွဲဖြစ်ပွါးစဉ်ကာလမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တပ်မတော်သား ၃ ဦး AA က တာဝန်ရှိသူတွေက ဒီနေ့မွန်းလွှဲပိုင်းမှာတော့ တပ်မတော်ကို လာရောက်လွှဲပြောင်းပေးခဲ့ပါတယ်။ ကျနော်တို့ ဒီ စစ်တွေကိုခေါ်ဆောင်နေပါတယ်။ စစ်တွေရောက်လို့ရှိရင် သက်ဆိုင်ရာကို ပြန်လည်လွှဲပြောင်းပါမယ်။ ပြီးရင် ကျနော်တို့လည်း သတင်းထုတ်ပြန်ပေးပါမယ်။”

NLD ပါတီဝင် ၃ ဦးကိုတော့ မြေပုံမြို့နယ် မီးကျောင်းတက်ရွာဘက်မှာ မင်းပြားမြို့နယ်အခြေပြု တိုင်းဗဟို ၉ ကျောင်း အုပ်ကြီးထံ လွှဲပြောင်းပေးတာလို့ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းကပြောပါတယ်။

“ဒီနေ့ မွန်းလွှဲ ၂ နာရီလောက်ကပေါ့နော်။ ကျနော်တို့ မြေပုံမြို့နယ်မီးကျောင်းတက်ကျေးရွာမှာ AA တပ်တော်တပ်ဖွဲ့ဝင်တွေက စောင့်ဆိုင်းပြီးတော့ တပ်မတော်ဘက်ကို NLD ပါတီဝင် ၃ ဦးကို လွှဲပြောင်းပေးတယ်လို့ သိရတယ်။ တပ်မတော်ဘက်က တိုင်းဗဟို ၉ ကျောင်းအုပ်ကြီးကိုယ်တိုင် ကား ၃ စီးနဲ့ လာပြီးတော့ခေါ်သွားတယ်။ ကျောင်းဘက်ကို ပြန်ပြီးတော့ ထွက်ခွါသွားတယ်လို့ ရွာသားတွေ သတင်းပေးပို့ချက်အရ သိရပါတယ်။”

ရခိုင်ပြည်နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နီနီမေမြင့်နဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို အောက်တိုဘာ ၂၄ ရက်နေ့တုန်းက AA ဘက်က ဖမ်းဆီးသွားခဲ့တာပါ။

သူတို့ ၃ ဦးအပြင်တိုက်ပွဲဖြစ်ပွါးစဉ်ကာလအတွင်း AA ဘက်က ဖမ်းဆီးသွားတဲ့တပ်မတော်သားတွေအနက်က ၃ ဦး ကို ဒီကနေ့မှာပဲ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ နယ်မြေခံမြန်မာစစ်တပ်တွေထံ လွှဲပြောင်းပေးခဲ့တာပါ။

AA ဘက်ကနေ အခုလို အဖမ်းခံရတဲ့သူတွေ ပြန်လည်လွှတ်ပေးတဲ့အပေါ် ငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်စေတယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ မျှော်လင့်တာကတော့ ဒီဖြစ်စဉ်ဖြစ်ရပ်တွေကနေတဆင့်တော့ ရခိုင်ပြည်နယ်မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲတဲ့ဟာတွေ ပိုမိုခိုင်မာလာလိမ့်မယ်။ ပြီးရင်တော့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ ရှိလာနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

လုံခြုံရေးအတွက် စိတ်မချရတာကြောင့် ရခိုင်ပြည်နယ်က ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေမှာ ပြန်လည် ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်ကို တပ်မတော်က ကြိုဆိုလိုက်ပြီးနောက် ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ အကြားပစ်ခတ်မှုရပ်စဲနေတာ တလကျော်ရှိနေပြီဖြစ်ပါတယ်။

အပစ်ရပ်နေတဲ့ကာလအတွင်း ဒီဇင်ဘာ ၉ ရက်နေ့မှာ “ဝ” ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ပန်ဆန်းမြို့မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေလည်း ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG