(Zawgyi/Unicode)
AA ရခိုင္လက္နက္ကိုင္အဖဲြ႔ကို KIO လိုင္ဇာဌာနခ်ဳပ္မွာ လက္မခံဖို႔ တပ္မေတာ္က ဖိအားေပးလာတာဟာ ျပည္တြင္းစစ္အဆံုးသတ္ဖို႔ နည္းလမ္းမွန္မဟုတ္ဆိုၿပီး KIO ဘက္က တုံ႔ျပန္ထားတဲ့ အေၾကာင္း တင္ဆက္ေပးပါမယ္။ ဒီအေၾကာင္း ကိုႏိုင္ကြမ္းအိန္ သတင္းေပးပို႔ထားပါတယ္။
ျမန္မာအစိုးရကေန တရားမ၀င္နဲ႔ အၾကမ္းဖက္အဖြဲ႔လို႔ ေၾကညာထားတဲ့ AA ရခိုင္လက္နက္ကိုင္အဖြဲ႔ကို KIO အေနနဲ႔ သူ႔ဌာနခ်ဳပ္မွာ လက္ခံမထားဖို႔ဆိုၿပီး မတ္လ ၂၃ ရက္ေန႔က ျမစ္ႀကီးနားအေျခစိုက္ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမွဴးကေန ကခ်င္ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္ေတြကေနတဆင့္ KIO ကို ဖိအားေပးေျပာဆိုလာတာပါ။
ႏိုင္ငံေရးနည္းနဲ႔ အေျဖရွာဖို႔ လံုးပမ္းေနခ်ိန္မွာ အခုလို လုပ္ရပ္ဟာ နည္းမွန္လမ္းမွန္မဟုတ္ဘူးလို႔ ယူဆတဲ့အေၾကာင္း ကခ်င္အမ်ိဳးသားလြတ္လပ္ေရးအဖဲြ႔ KIO ေျပာခြင့္ရသူ ဗိုလ္မွဴးၾကီး ေနာ္ဘူကေျပာပါတယ္။
“မတ္လ၂၆ ရက္ေန႔က မပခကို စာနဲ႔ ျပန္ၿပီးေတာ့ အေၾကာင္းၾကားတာ ရွိပါတယ္။ က်ေနာ္တို႔ KIO ကေတာ့ ေျမာက္ပိုင္းမဟာမိတ္ေတြေပါ့။ အားလုံးမွာေတာ့ ဒီနိုင္ငံေရး ေဆြးေႏြးတဲ့နည္းလမ္းနဲ႔ပဲ က်ေနာ္တို႔က အေျဖရွာသြားဖို႔ က်ေနာ္တို႔ ႀကိဳးပမ္းေနတဲ့ အခ်ိန္ကာလျဖစ္ပါတယ္။ AA ကို လိုင္ဇာမွာ မထားဖို႕ဆိုတဲ့ နည္းလမ္းကေတာ့ က်ေနာ္တို႔ရဲ႕ ျပည္တြင္းစစ္ကို အဆုံးသတ္ဖို႔ဆိုတဲ့ အပိုင္းကနဲ႔ ျပန္စဥ္းစားရင္ေတာ့ တကယ့္နည္းလမ္းမွန္ေတာ့မဟုတ္ဘူးလို႔ က်ေနာ္တို႔ ယူဆတဲ့အေၾကာင္းေတြ စာျပန္ထားတာ ရွိပါတယ္။”
AA အဖြဲ႕ဟာ UWSA ၀တပ္ဖြဲ႕ဦးေဆာင္တဲ့ FPNCC ျပည္ေထာင္စု နိုင္ငံေရးေဆြးေႏြးညိွႏိႈင္ေရးေကာ္မီတီ အဖြဲ႕၀င္ျဖစ္တာေၾကာင့္ KIO ရဲ႕ဆုံးျဖတ္ခ်က္ကို အဖြဲ႔၀င္တိုင္းကို ေပးပို႔ထားတယ္လို႔ သူကဆိုပါတယ္။
တကယ္လို႔ KIO နယ္ေျမမွာ AA ရွိရင္ တပ္မေတာ္ဘက္က ထိုးစစ္ဆင္တိုက္ခိုက္မႈတြရွိလာနိုင္တယ္လို႔ တပ္မေတာ္ဘက္က ေျပာဆိုခဲ့ပါတယ္။
KIO ေျပာခြင့္ရ ဗိုလ္မွဴးၾကီးေနာ္ဘူကေတာ့ စစ္ေရးနည္းလမ္းနဲ႔ ျပႆနာကို ေျဖရွင္းတာဟာ အက်ိဳးမရွိဘူးလို႔ ဆို ပါတယ္။
“စစ္ေရးနဲ႔ ေျဖရွင္းတဲ့ကေတာ့ မွန္တဲ့နည္းလမ္း မဟုတ္ဘူးလို႔ က်ေနာ္တို႔ သေဘာထားတယ္။ တပ္မေတာ္ကေတာ့ ဒီအခ်ိန္ခါမွာပဲ စစ္ဆင္ေရးကိုပိုၿပီးမွ လုပ္ေဆာင္မယ္ဆိုတာကေတာ့ က်ေနာ္တို႔ရဲ႕ ျပည္သူလူထုအတြက္ေရာ တိုင္းရင္းသားေတြအတြက္ေရာ အားလုံးအတြက္ အေပါင္းလကၡဏာေတာ့ မေဆာင္ဘူးေပါ့ေနာ္။”
ျမန္မာစစ္တပ္နဲ႔ တိုက္ပြဲျပင္းထန္ေနတဲ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကို အၾကမ္းဖက္အုပ္စုအျဖစ္ေရာ၊ မတရားအသင္း အျဖစ္ပါ အစိုးရကေန မတ္လ ၂၃ ရက္ေန႕မွာ ထုတ္ျပန္ခဲ့တာပါ။
တပ္မေတာ္သတင္းမွန္ထုတ္ျပန္ေရးအဖြဲ႔ အတြင္းေရးမွဴးဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ အၾကမ္းဖက္အဖြဲ႔နဲ႔ ပတ္သက္သူေတြအေနနဲ႔ ဥပေဒအေၾကာင္းအရာအရ ျငိစြန္းနိုင္တယ္လို႔ေျပာပါတယ္။
“က်ေနာ္ေျပာနိုင္တာကေတာ့ ဒီအၾကမ္းဖက္ဥပေဒမွာ AA အဖြဲ႕နဲ႔ ပတ္သက္ေနတဲ့အဖြဲ႕အစည္းေတြ AA အဖြဲ႔နဲ႔ ပတ္သက္ ေနတဲ့ဟာေတြလဲ ဒီဥပေဒအရက ဥပေဒအေၾကာင္းအရာနဲ႔ ၿငိနိုင္တယ္လို႕ေျပာခ်င္တယ္။”
လက္ရွိမွာ ျမန္မာစစ္တပ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕၀င္ေတြျဖစ္တဲ့ AA ရခိုင္လက္နက္ကိုင္အဖြဲ႕ TNLA တအာင္း ပေလာင္တပ္ဖြဲ႕ ကိုးကန႔္ အဖြဲ႔ MNDAA တို႔နဲ႔ တိုက္ပြဲေတြျဖစ္ပြါးေနဆဲလည္း ျဖစ္ပါတယ္။
အထူးသျဖင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႔ စစ္ေရးတင္းမာမႈပိုျပင္းထန္လာသလို အရပ္သားေတြ ထိခိုက္မႈကလည္း ပိုမ်ားလာေနတာပါ။
ဒီေန႕မနက္မွာ စစ္ေရးတင္းမာေနဆဲ မင္းျပားၿမိဳ႕နယ္ ဖါးျမိဳရြာမွာ မီးရွိႈ႕ခံရၿပီး လူ၂ ဦးေသဆုံးခဲ့တယ္လို႔ ဖါးၿပိဳရြာခံတဦးက ေျပာပါတယ္။
“ဖါးၿပိဳရြာအေျခအေနကေတာ့ မနက္က ၉ နာရီခြဲေလာက္က မီးစေလာင္တာေလ။ ဘာျဖစ္လို႕ေလာင္တာလဲဆိုေတာ့ BIA (ျမန္မာစစ္တပ္ကို ေဒသခံေတြအေခၚ) ဘက္ကေနၿပီးေတာ့ မီးရွိႈ႕တာ။ ျမန္မာစစ္တပ္ဘက္က။ အိမ္ေျခ ၁၁ ေဆာင္ ေလာင္သြားတယ္။ လူကေတာ့ ၂ ေယာက္ ေသသြားတယ္။ တေယာက္က လည္ပင္းကိုဒါးနဲ႕လွီးၿပီး မီးပုံထဲကို လႊင့္ပစ္ ပစ္တာ။ တပ္ၾကပ္ၾကီး တေယာက္က။ ေနာက္တေယာက္က အဖြါးၾကီး သူကသြားမရဘူး။ ေလျဖတ္ေနတာေလ။ မီးေလာင္တာမွာပါ သြားတာ။”
ရခိုင္ျပည္နယ္တိုက္ပြဲအတြင္း အရပ္သားေတြ ထိခိုက္ေသဆုံးဒဏ္ရာ ရရွိမႈေတြ မ်ားျပားလာေနသလို လက္ရွိလူဦးေရ ၁၃၀,၀၀၀ ေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။
ျမန္မာျငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ AA အပါ၀င္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြဟာ ေဖေဖၚ၀ါရီလကတည္းက ေတြ႕ဆုံ ေဆြးေႏြးမႈ ရပ္တန္႔ေနပါတယ္။ အခုလက္ရွိ AA အဖြဲ႕ကို အၾကမ္းဖက္အုပ္စုအျဖစ္ေရာ၊ မတရားအသင္း အျဖစ္ပါ ထပ္မံေၾကညာ ထားတဲ့အတြက္ ျင္ိမ္း ခ်မ္းေရးအတြက္ ေတြ႕ဆုံေဆြးေႏြးဖို႔ဟာ ခက္ခဲလာမဲ့အေျခအေနေၾကာင့္ ရခိုင္ေဒသအတြင္း စစ္ေရးပိုမိုျပင္းထန္လာမဲ့ အေနအထားမွာ ရွိေနပါတယ္။
[Unicode Version]
AA အဖွဲ့ လက်မခံဖို့ တပ်မတော်ပြောဆိုချက် KIO ပယ်ချ
AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို KIO လိုင်ဇာဌာနချုပ်မှာ လက်မခံဖို့ တပ်မတော်က ဖိအားပေးလာတာဟာ ပြည်တွင်းစစ်အဆုံးသတ်ဖို့ နည်းလမ်းမှန်မဟုတ်ဆိုပြီး KIO ဘက်က တုံ့ပြန်ထားတဲ့ အကြောင်း တင်ဆက်ပေးပါမယ်။ ဒီအကြောင်း ကိုနိုင်ကွမ်းအိန် သတင်းပေးပို့ထားပါတယ်။
မြန်မာအစိုးရကနေ တရားမဝင်နဲ့ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို KIO အနေနဲ့ သူ့ဌာနချုပ်မှာ လက်ခံမထားဖို့ဆိုပြီး မတ်လ ၂၃ ရက်နေ့က မြစ်ကြီးနားအခြေစိုက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကနေ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တွေကနေတဆင့် KIO ကို ဖိအားပေးပြောဆိုလာတာပါ။
နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ လုံးပမ်းနေချိန်မှာ အခုလို လုပ်ရပ်ဟာ နည်းမှန်လမ်းမှန်မဟုတ်ဘူးလို့ ယူဆတဲ့အကြောင်း ကချင်အမျိုးသားလွတ်လပ်ရေးအဖွဲ့ KIO ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူကပြောပါတယ်။
“မတ်လ၂၆ ရက်နေ့က မပခကို စာနဲ့ ပြန်ပြီးတော့ အကြောင်းကြားတာ ရှိပါတယ်။ ကျနော်တို့ KIO ကတော့ မြောက်ပိုင်းမဟာမိတ်တွေပေါ့။ အားလုံးမှာတော့ ဒီနိုင်ငံရေး ဆွေးနွေးတဲ့နည်းလမ်းနဲ့ပဲ ကျနော်တို့က အဖြေရှာသွားဖို့ ကျနော်တို့ ကြိုးပမ်းနေတဲ့ အချိန်ကာလဖြစ်ပါတယ်။ AA ကို လိုင်ဇာမှာ မထားဖို့ဆိုတဲ့ နည်းလမ်းကတော့ ကျနော်တို့ရဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ဆိုတဲ့ အပိုင်းကနဲ့ ပြန်စဉ်းစားရင်တော့ တကယ့်နည်းလမ်းမှန်တော့မဟုတ်ဘူးလို့ ကျနော်တို့ ယူဆတဲ့အကြောင်းတွေ စာပြန်ထားတာ ရှိပါတယ်။”
AA အဖွဲ့ဟာ UWSA ဝတပ်ဖွဲ့ဦးဆောင်တဲ့ FPNCC ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်ရေးကော်မီတီ အဖွဲ့ဝင်ဖြစ်တာကြောင့် KIO ရဲ့ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်တိုင်းကို ပေးပို့ထားတယ်လို့ သူကဆိုပါတယ်။
တကယ်လို့ KIO နယ်မြေမှာ AA ရှိရင် တပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွရှိလာနိုင်တယ်လို့ တပ်မတော်ဘက်က ပြောဆိုခဲ့ပါတယ်။
KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ရေးနည်းလမ်းနဲ့ ပြဿနာကို ဖြေရှင်းတာဟာ အကျိုးမရှိဘူးလို့ ဆို ပါတယ်။
“စစ်ရေးနဲ့ ဖြေရှင်းတဲ့ကတော့ မှန်တဲ့နည်းလမ်း မဟုတ်ဘူးလို့ ကျနော်တို့ သဘောထားတယ်။ တပ်မတော်ကတော့ ဒီအချိန်ခါမှာပဲ စစ်ဆင်ရေးကိုပိုပြီးမှ လုပ်ဆောင်မယ်ဆိုတာကတော့ ကျနော်တို့ရဲ့ ပြည်သူလူထုအတွက်ရော တိုင်းရင်းသားတွေအတွက်ရော အားလုံးအတွက် အပေါင်းလက္ခဏာတော့ မဆောင်ဘူးပေါ့နော်။”
မြန်မာစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်ရော၊ မတရားအသင်း အဖြစ်ပါ အစိုးရကနေ မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်သူတွေအနေနဲ့ ဥပဒေအကြောင်းအရာအရ ငြိစွန်းနိုင်တယ်လို့ပြောပါတယ်။
“ကျနော်ပြောနိုင်တာကတော့ ဒီအကြမ်းဖက်ဥပဒေမှာ AA အဖွဲ့နဲ့ ပတ်သက်နေတဲ့အဖွဲ့အစည်းတွေ AA အဖွဲ့နဲ့ ပတ်သက် နေတဲ့ဟာတွေလဲ ဒီဥပဒေအရက ဥပဒေအကြောင်းအရာနဲ့ ငြိနိုင်တယ်လို့ပြောချင်တယ်။”
လက်ရှိမှာ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ TNLA တအာင်း ပလောင်တပ်ဖွဲ့ ကိုးကန့် အဖွဲ့ MNDAA တို့နဲ့ တိုက်ပွဲတွေဖြစ်ပွါးနေဆဲလည်း ဖြစ်ပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ စစ်ရေးတင်းမာမှုပိုပြင်းထန်လာသလို အရပ်သားတွေ ထိခိုက်မှုကလည်း ပိုများလာနေတာပါ။
ဒီနေ့မနက်မှာ စစ်ရေးတင်းမာနေဆဲ မင်းပြားမြို့နယ် ဖါးမြိုရွာမှာ မီးရှှို့ခံရပြီး လူ၂ ဦးသေဆုံးခဲ့တယ်လို့ ဖါးပြိုရွာခံတဦးက ပြောပါတယ်။
“ဖါးပြိုရွာအခြေအနေကတော့ မနက်က ၉ နာရီခွဲလောက်က မီးစလောင်တာလေ။ ဘာဖြစ်လို့လောင်တာလဲဆိုတော့ BIA (မြန်မာစစ်တပ်ကို ဒေသခံတွေအခေါ်) ဘက်ကနေပြီးတော့ မီးရှှို့တာ။ မြန်မာစစ်တပ်ဘက်က။ အိမ်ခြေ ၁၁ ဆောင် လောင်သွားတယ်။ လူကတော့ ၂ ယောက် သေသွားတယ်။ တယောက်က လည်ပင်းကိုဒါးနဲ့လှီးပြီး မီးပုံထဲကို လွှင့်ပစ် ပစ်တာ။ တပ်ကြပ်ကြီး တယောက်က။ နောက်တယောက်က အဖွါးကြီး သူကသွားမရဘူး။ လေဖြတ်နေတာလေ။ မီးလောင်တာမှာပါ သွားတာ။”
ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးဒဏ်ရာ ရရှိမှုတွေ များပြားလာနေသလို လက်ရှိလူဦးရေ ၁၃၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။
မြန်မာငြိမ်းချမ်းရေးကော်မရှင်နဲ့ AA အပါဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ ဖေဖေါ်ဝါရီလကတည်းက တွေ့ဆုံ ဆွေးနွေးမှု ရပ်တန့်နေပါတယ်။ အခုလက်ရှိ AA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်ရော၊ မတရားအသင်း အဖြစ်ပါ ထပ်မံကြေညာ ထားတဲ့အတွက် ြငိမ်း ချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ဟာ ခက်ခဲလာမဲ့အခြေအနေကြောင့် ရခိုင်ဒေသအတွင်း စစ်ရေးပိုမိုပြင်းထန်လာမဲ့ အနေအထားမှာ ရှိနေပါတယ်။