သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္မွာ စစ္ေကာင္စီ လူအင္အား၊ လက္နက္အင္အားျဖည့္ဆည္းေန (ခိုင္သုခ)


AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခ

စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕ၾကား လူသားခ်င္းစာနာမႈနဲ႔ အပစ္ရပ္ထားတဲ့ရခိုင္ျပည္နယ္မွာ စစ္ေကာင္စီက လူအင္အား၊ လက္နက္အင္အားေတြ ျဖည့္တင္းေနတယ္လို႔ AA ဖက္ ကေျပာပါတယ္။ ဒါ့အျပင္ အပစ္ရပ္ထားတဲ့ ကတိကဝတ္ေတြကိုလည္း စစ္ေကာင္စီဖက္က လိုက္နာတာမရွိတာေၾကာင့္ စစ္ေကာင္စီနဲ႔ AAအဖြဲ႕ၾကား ေဆြးေႏြးမႈ တစုံတရာမရွိဘူးလို႔ ဒီေန႔ ျပဳလုပ္တဲ့ Online သတင္းစာရွင္းလင္းပြဲမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။ သတင္းအျပည့္အစုံကိုေတာ့ ကိုစံေက်ာ္က တင္ျပေပးပါမယ္။

စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕အၾကား လူသားခ်င္းစာနာမႈဆိုင္ရာ ႏႈတ္ကတိနဲ႔ အပစ္ရပ္ထားေပမယ့္ စစ္ေကာင္စီဖက္က ႏွစ္ဦးသေဘာတူ ကတိကဝတ္ေတြကို လိုက္နာတာမရွိဘူးလို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခက ဒီကေန႔ျပဳလုပ္တဲ့ Online သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားခဲ့တာလည္းျဖစ္ပါတယ္။

“ အခု က်ေနာ္တို႔ လူသားခ်င္းစာနာမႈဆိုင္ရာ အပစ္ရပ္ထားတာ ၃ လရွိပါၿပီ။ ယင္း ၃ လထဲမွာ က်ေနာ္တို႔ ၂လျပည့္ၿပီးကတည္းက စစ္ေကာင္စီဖက္က ဖမ္းဆီးထားတဲ့ အာရကၡျပည္သူျပည္ သားေတြကို လြတ္ေပးရမယ္ဆိုတဲ့ ကတိကဝတ္ရွိတယ္။ ဒါေပမယ့္ အခုအခ်ိန္ထိ သူတို႔ဖက္က လြတ္ေပးတာမရွိေသးပါဘူး။ ဒီကိစၥကို အေကာင္အတည္ေဖာ္ၿပီးေတာ့ ျပည္သူေတြကို မလြတ္ေပးဘူးဆိုရင္ ေရွ႕တဆင့္တက္ဖို႔ အတြက္ ဒါဟာ အတားအစီးတစ္ခုျဖစ္တယ္။”

လက္ရွိအခ်ိန္ထိ စစ္ေကာင္စီက ရခိုင္လက္နက္ကိုင္ AAအဖြဲ႕နဲ႔ ဆက္စပ္တယ္ဆိုၿပီး ဖမ္းဆီးထားတဲ့ ရခိုင္ေဒသခံ ၂၀၀ ေက်ာ္ေလာက္ အက်ဥ္းေထာင္ေတြမွာ ရွိေနၾကတာ လည္းျဖစ္ပါတယ္။

စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ၾကား အပစ္ရပ္ထားတယ္ဆိုေပမယ့္ စစ္ေကာင္စီဖက္က ေဒသခံေတြရဲ႕ ခရီးသြားလာေရးေတြ၊ ကုန္စည္စီးဆင္းမႈေတြနဲ႔ ေဆးဝါးသယ္ယူခြင့္ ကိစၥေတြကို ကန႔္သတ္ထားဆဲ ျဖစ္ပါတယ္။ ဒါအျပင့္ ရေသ့ေတာင္-ပုဏၰားကြၽန္းကားလမ္းကိုလည္း အခုခ်ိန္ထိ ပိတ္ထားဆဲျဖစ္ပါတယ္။

အခုလို စစ္ေကာင္စီရဲ႕ လုပ္ရပ္ေတြေၾကာင့္ ယာယီ အပစ္ရပ္ထားတာကေန တဆင့္တက္ၿပီး တရားဝင္ အပစ္အခတ္ရပ္စဲေရးေဆြးေႏြးဖို႔ စစ္ေကာင္စီဖက္က ကမ္းလွမ္းလာရင္ေတာင္ ေဆြးေႏြးဖို႔ မျဖစ္ႏိုင္ဘူးလို႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“ တရားဝင္ကမ္းလွမ္းလာတာမ်ိဳးေတာ့ က်ေနာ္တို႔ဆီကို ေရာက္လာတာမရွိေသးဘူး။ သို႔ေသာ္လည္း ကမ္းလွမ္းတာပဲျဖစ္ျဖစ္၊ မကမ္းလွမ္းတာပဲျဖစ္ျဖစ္၊ အခုက်ေနာ္တို႔ လူသားခ်င္းစာနာမႈဆိုင္ရာ ယာယီ အပစ္ရပ္စဲေရး ကတိကဝတ္ေတြက ကုန္စည္စီးဆင္းမႈကန႔္သတ္ထားတာကို ေျဖေလ်ာ့ေပးရမယ္။ ေနာက္ၿပီးေတာ့ ဖမ္းဆီးခံထားရတဲ့ အာရကၡျပည္သူျပည္သားေတြကို ျပန္ၿပီးေတာ့ လႊတ္ေပးရမယ္။ အဲဒီႏွစ္ခ်က္ကို စစ္ေကာင္စီဖက္က အေကာင္အတည္ေဖာ္ေပးရင္ေတာ့ ဒါေတြကို ေဆာင္႐ြက္ေပးမွာ က်ေနာ္တို႔ ေရွ႕ဆက္မယ့္အေၾကာင္း ဆက္လုပ္သြားတယ္။ ဒါေတြကို မလုပ္ေပးဘူးဆိုရင္ေတာ့ ေရွ႕ဆက္ဖို႔အတြက္ အခက္အခဲရွိတယ္။”

ဒါ့အျပင္အပစ္ရပ္ထားတဲ့ ကာလတေလ်ာက္လုံးမွာလည္း စစ္ေကာင္စီက ရခိုင္ေျမာက္ပိုင္းမွာ လူအင္အား လက္နက္အင္အားေတြနဲ႔ စားနပ္ရိကၡာေတြ ျဖည့္တင္းေနသလို ေနာက္တႀကိမ္ျဖစ္လာမယ့္ တိုက္ပြဲအတြက္ ျပင္ဆင္ေနတာေတြရွိတယ္လို႔ ခိုင္သုခကေျပာပါတယ္။

“လက္နက္ရိကၡာ တျခားေထာက္ပံ့ေရးပစၥည္းေတြကို ျမန္မာစစ္တပ္ဖက္က ေတာက္ေလ်ာက္ ေ႐ြ႕ေျပာင္းေနတာေတြရွိပါတယ္။ ေျပာရရင္ေတာ့ နပခကလည္း ရခိုင္မွာ ေနာက္ထပ္ စစ္ပြဲေတြ ျဖစ္လာရင္ အရင္တေခါက္ကလို အထိနာတာေတြ၊ နယ္ေျမဆုံးရႈံးတာေတြ၊ တပ္စခန္း ေတြထပ္က်တာေတြ မျဖစ္ရေအာင္ သူတို႔ ျပင္ဆင္ေနတဲ့ အေနအထားရွိတယ္လို႔ က်ေနာ္တို႔ သိရပါတယ္။”

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ရဲ႕ ေျပာခြင့္ရ ခိုင္သုခ ဒီကေန႔ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာဆိုသြားတာေတြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက အခုလို တုန္႔ျပန္ ေျပာဆိုပါတယ္။

“ဒီမွာေျပာသြားတာေတြဟာ ရွိေနတဲ့အရွိတရား၊ အခ်က္အလက္ေတြအေပၚ အေျခမခံဘဲေျပာသြားတယ္လို႔ဘဲ ေျပာခ်င္ပါတယ္။ ေနာက္တခုက ၿငိမ္းခ်မ္းေရးနဲ႔ပတ္သတ္ၿပီးေပါ့ေလ၊ က်ေနာ္တို႔အေနနဲ႔ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ၿငိမ္းခ်မ္းေရးကို တံခါးဖြင့္ၿပီးသားျဖစ္တယ္။ အၿမဲတမ္းလာေရာက္ေဆြးေႏြးဖို႔၊ ကိုယ္တိုင္လာေရာက္ေဆြးေႏြးဖို႔ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ တံခါးဖြင့္ၿပီးသားျဖစ္တယ္။ ဒါကို မသိခ်င္ေယာင္ေဆာင္ ေျပာၾကားေနျခင္းျဖစ္တယ္လို႔ ေျပာခ်င္တယ္။ ေနာက္တခုက စစ္အင္အားတိုးခ်ဲ႕တယ္ဆိုတာ။ အဓိပၸါယ္မရွိတဲ့ စြပ္စြဲခ်က္လို႔ဘဲ ေျပာခ်င္တယ္။ ရခိုင္ျပည္နယ္မွာ ရွိၿပီးသားလုံၿခဳံေရးေတြ၊ နယ္ေျမေဒသတည္ၿငိမ္ေရးအတြက္ တပ္ေတြဘဲ ရွိတယ္လို႔ဘဲ ေျပာခ်င္တယ္။”

လက္ရွိအေနအထားအရ တိုက္ပြဲေတြ ရပ္တန႔္ေနတဲ့ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ စစ္ေဘးဒုကၡသည္ေတြကို ေနရပ္ျပန္ဖို႔ စစ္ေကာင္စီဖက္က တိုက္တြန္းေနေပမယ့္ ႏွဏ္ဖက္တင္းမာမႈေတြရွိေနတဲ့ စစ္ေကာင္စီနဲ႔ AAအဖြဲ႕ၾကား တိုက္ပြဲထပ္ျဖစ္လာမွာကို ေဒသခံေတြကေတြက စိုးရိမ္ေနၾကတာပါ။

စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ မေန႔က ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ကို ေရာက္လာၿပီး ဒီကေန႔မွာေတာ့ တပ္မိသားစုဝင္ေတြ၊ စီးပြားေရး လုပ္ငန္းရွင္ေတြနဲ႔ ေတြ႕ဆုံခဲ့တယ္လို႔ သိရပါတယ္။ အခုလို စစ္ေကာင္စီဥကၠဌနဲ႔ တပ္ပိုင္းေခါင္းေဆာင္ေတြ ရခိုင္ျပည္နယ္ကို မၾကာခဏလာေရာက္ေနတာနဲ႔ပတ္သတ္ၿပီး ရခိုင္လက္နက္ကိုင္ AA အဖြဲ႕အေနနဲ႔ ေစာင့္ၾကည့္ေနတယ္လို႔ AA ဖက္က ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားခဲ့ပါတယ္။

{Unicode}

ရခိုင်မှာ စစ်ကောင်စီ လူအင်အား၊ လက်နက်အင်အားဖြည့်ဆည်းနေ (ခိုင်သုခ)

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ကြား လူသားချင်းစာနာမှုနဲ့ အပစ်ရပ်ထားတဲ့ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အားတွေ ဖြည့်တင်းနေတယ်လို့ AA ဖက် ကပြောပါတယ်။ ဒါ့အပြင် အပစ်ရပ်ထားတဲ့ ကတိကဝတ်တွေကိုလည်း စစ်ကောင်စီဖက်က လိုက်နာတာမရှိတာကြောင့် စစ်ကောင်စီနဲ့ AAအဖွဲ့ကြား ဆွေးနွေးမှု တစုံတရာမရှိဘူးလို့ ဒီနေ့ ပြုလုပ်တဲ့ Online သတင်းစာရှင်းလင်းပွဲမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။ သတင်းအပြည့်အစုံကိုတော့ ကိုစံကျော်က တင်ပြပေးပါမယ်။

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့အကြား လူသားချင်းစာနာမှုဆိုင်ရာ နှုတ်ကတိနဲ့ အပစ်ရပ်ထားပေမယ့် စစ်ကောင်စီဖက်က နှစ်ဦးသဘောတူ ကတိကဝတ်တွေကို လိုက်နာတာမရှိဘူးလို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဒီကနေ့ပြုလုပ်တဲ့ Online သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။

“ အခု ကျနော်တို့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ထားတာ ၃ လရှိပါပြီ။ ယင်း ၃ လထဲမှာ ကျနော်တို့ ၂လပြည့်ပြီးကတည်းက စစ်ကောင်စီဖက်က ဖမ်းဆီးထားတဲ့ အာရက္ခပြည်သူပြည် သားတွေကို လွတ်ပေးရမယ်ဆိုတဲ့ ကတိကဝတ်ရှိတယ်။ ဒါပေမယ့် အခုအချိန်ထိ သူတို့ဖက်က လွတ်ပေးတာမရှိသေးပါဘူး။ ဒီကိစ္စကို အကောင်အတည်ဖော်ပြီးတော့ ပြည်သူတွေကို မလွတ်ပေးဘူးဆိုရင် ရှေ့တဆင့်တက်ဖို့ အတွက် ဒါဟာ အတားအစီးတစ်ခုဖြစ်တယ်။”

လက်ရှိအချိန်ထိ စစ်ကောင်စီက ရခိုင်လက်နက်ကိုင် AAအဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ ရခိုင်ဒေသခံ ၂၀၀ ကျော်လောက် အကျဉ်းထောင်တွေမှာ ရှိနေကြတာ လည်းဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား အပစ်ရပ်ထားတယ်ဆိုပေမယ့် စစ်ကောင်စီဖက်က ဒေသခံတွေရဲ့ ခရီးသွားလာရေးတွေ၊ ကုန်စည်စီးဆင်းမှုတွေနဲ့ ဆေးဝါးသယ်ယူခွင့် ကိစ္စတွေကို ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။ ဒါအပြင့် ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းကိုလည်း အခုချိန်ထိ ပိတ်ထားဆဲဖြစ်ပါတယ်။

အခုလို စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် ယာယီ အပစ်ရပ်ထားတာကနေ တဆင့်တက်ပြီး တရားဝင် အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့ စစ်ကောင်စီဖက်က ကမ်းလှမ်းလာရင်တောင် ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ တရားဝင်ကမ်းလှမ်းလာတာမျိုးတော့ ကျနော်တို့ဆီကို ရောက်လာတာမရှိသေးဘူး။ သို့သော်လည်း ကမ်းလှမ်းတာပဲဖြစ်ဖြစ်၊ မကမ်းလှမ်းတာပဲဖြစ်ဖြစ်၊ အခုကျနော်တို့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီ အပစ်ရပ်စဲရေး ကတိကဝတ်တွေက ကုန်စည်စီးဆင်းမှုကန့်သတ်ထားတာကို ဖြေလျော့ပေးရမယ်။ နောက်ပြီးတော့ ဖမ်းဆီးခံထားရတဲ့ အာရက္ခပြည်သူပြည်သားတွေကို ပြန်ပြီးတော့ လွှတ်ပေးရမယ်။ အဲဒီနှစ်ချက်ကို စစ်ကောင်စီဖက်က အကောင်အတည်ဖော်ပေးရင်တော့ ဒါတွေကို ဆောင်ရွက်ပေးမှာ ကျနော်တို့ ရှေ့ဆက်မယ့်အကြောင်း ဆက်လုပ်သွားတယ်။ ဒါတွေကို မလုပ်ပေးဘူးဆိုရင်တော့ ရှေ့ဆက်ဖို့အတွက် အခက်အခဲရှိတယ်။”

ဒါ့အပြင်အပစ်ရပ်ထားတဲ့ ကာလတလျောက်လုံးမှာလည်း စစ်ကောင်စီက ရခိုင်မြောက်ပိုင်းမှာ လူအင်အား လက်နက်အင်အားတွေနဲ့ စားနပ်ရိက္ခာတွေ ဖြည့်တင်းနေသလို နောက်တကြိမ်ဖြစ်လာမယ့် တိုက်ပွဲအတွက် ပြင်ဆင်နေတာတွေရှိတယ်လို့ ခိုင်သုခကပြောပါတယ်။

“လက်နက်ရိက္ခာ တခြားထောက်ပံ့ရေးပစ္စည်းတွေကို မြန်မာစစ်တပ်ဖက်က တောက်လျောက် ရွေ့ပြောင်းနေတာတွေရှိပါတယ်။ ပြောရရင်တော့ နပခကလည်း ရခိုင်မှာ နောက်ထပ် စစ်ပွဲတွေ ဖြစ်လာရင် အရင်တခေါက်ကလို အထိနာတာတွေ၊ နယ်မြေဆုံးရှုံးတာတွေ၊ တပ်စခန်း တွေထပ်ကျတာတွေ မဖြစ်ရအောင် သူတို့ ပြင်ဆင်နေတဲ့ အနေအထားရှိတယ်လို့ ကျနော်တို့ သိရပါတယ်။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ပြောခွင့်ရ ခိုင်သုခ ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလို တုန့်ပြန် ပြောဆိုပါတယ်။

“ဒီမှာပြောသွားတာတွေဟာ ရှိနေတဲ့အရှိတရား၊ အချက်အလက်တွေအပေါ် အခြေမခံဘဲပြောသွားတယ်လို့ဘဲ ပြောချင်ပါတယ်။ နောက်တခုက ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီးပေါ့လေ၊ ကျနော်တို့အနေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ငြိမ်းချမ်းရေးကို တံခါးဖွင့်ပြီးသားဖြစ်တယ်။ အမြဲတမ်းလာရောက်ဆွေးနွေးဖို့၊ ကိုယ်တိုင်လာရောက်ဆွေးနွေးဖို့ ဝန်ကြီးချုပ်ကိုယ်တိုင် တံခါးဖွင့်ပြီးသားဖြစ်တယ်။ ဒါကို မသိချင်ယောင်ဆောင် ပြောကြားနေခြင်းဖြစ်တယ်လို့ ပြောချင်တယ်။ နောက်တခုက စစ်အင်အားတိုးချဲ့တယ်ဆိုတာ။ အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်လို့ဘဲ ပြောချင်တယ်။ ရခိုင်ပြည်နယ်မှာ ရှိပြီးသားလုံခြုံရေးတွေ၊ နယ်မြေဒေသတည်ငြိမ်ရေးအတွက် တပ်တွေဘဲ ရှိတယ်လို့ဘဲ ပြောချင်တယ်။”

လက်ရှိအနေအထားအရ တိုက်ပွဲတွေ ရပ်တန့်နေတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ စစ်ကောင်စီဖက်က တိုက်တွန်းနေပေမယ့် နှဏ်ဖက်တင်းမာမှုတွေရှိနေတဲ့ စစ်ကောင်စီနဲ့ AAအဖွဲ့ကြား တိုက်ပွဲထပ်ဖြစ်လာမှာကို ဒေသခံတွေကတွေက စိုးရိမ်နေကြတာပါ။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မနေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ရောက်လာပြီး ဒီကနေ့မှာတော့ တပ်မိသားစုဝင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အခုလို စစ်ကောင်စီဥက္ကဌနဲ့ တပ်ပိုင်းခေါင်းဆောင်တွေ ရခိုင်ပြည်နယ်ကို မကြာခဏလာရောက်နေတာနဲ့ပတ်သတ်ပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ စောင့်ကြည့်နေတယ်လို့ AA ဖက်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG