သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နိပြန္ေဖါင္ေဒးရွင္း ဥကၠဌ AA ႏိုင္ငံေရးမႈးနဲ႔ ေတြ႕ဆုံ


ဂ်ပန္အထူးသံတမန္ Sasakawa Yohei. (ႏိုဝင္ဘာ ၂၈၊ ၂၀၂၀။ ဓာတ္ပုံ - သက္ႏုိင္ (ဗြီအိုေအ))

ျမန္မာႏိုင္ငံကို ေရာက္ေနတဲ့ ဂ်ပန္ႏိုင္ငံနိပြန္ေဖါင္ေဒးရွင္း ဥကၠဌ ယိုေဟး ဆာဆာကာဝါ (Yohei Sasakawa) ဟာ စေနေန႔က ရခိုင္တပ္ဖြဲ႕ AA ရဲ႕ႏိုင္ငံေရးမႈး ဦးဦးလွေစာနဲ႔ ေတြ႕ဆုံခဲ့ၿပီးလက္ရွိအပစ္ရပ္ အေျခေနတည္ၿမဲေစခ်င္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

=== Zawgyi

နိပြန္ေဖါင္ေဒးရွင္း ဥကၠဌ AA ႏိုင္ငံေရးမႈးနဲ႔ ေတြ႕ဆုံ

ျမန္မာႏိုင္ငံကို ေရာက္ေနတဲ့ ဂ်ပန္ႏိုင္ငံနိပြန္ေဖါင္ေဒးရွင္း ဥကၠဌ ယိုေဟး ဆာဆာကာဝါ (Yohei Sasakawa) ဟာ စေနေန႔က ရခိုင္တပ္ဖြဲ႕ AA ရဲ႕ႏိုင္ငံေရးမႈး ဦးဦးလွေစာနဲ႔ ေတြ႕ဆုံခဲ့ၿပီးလက္ရွိအပစ္ရပ္ အေျခေနတည္ၿမဲေစခ်င္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“ နိပြန္ေဖါင္ေဒးရွင္းရဲ႕ ဥကၠဌ မစၥတာဆာဆာကာဝါက က်ေနာ္တို႔ရဲ႕ ႏိုင္ငံေရးမႈး ဦးဦးလွေစာနဲ႔ေတြ႕ဆုံခ်ိန္မွာ သူေျပာသြား တာကေတာ့ အဓိကႏွစ္ခ်က္ဘဲဗ်၊ တစ္တခ်က္ကေတာ့ ကေလးသူငယ္ေတြရဲ႕ပညာေရး အတြက္သူကူညီေပးခ်င္တယ္ ဆိုတာရယ္၊ ႏွစ္တခ်က္ကေတာ့ အခုလက္ရွိ အပစ္ရပ္ထားတဲ့အေနအထားကို ဆက္ထိန္းထားၿပီးေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖစ္ေစ့ခ်င္တယ္ေပါ့၊ အဓိက ဒီႏွစ္ခ်က္ပါ။”

မစၥတာဆာဆာကာဝါဟာ ရခိုင္ျပည္နယ္ ေျမာက္ဦးက စစ္ေရွာင္ေတြနဲ႔လည္းေတြ႕ဆုံခဲ့တာပါ။ သူ႔ခရီးစဥ္ အေသး စိတ္ကိုေတာ့ ထုတ္ေဖၚေျပာဆိုတာ မရွိပါဘူး။

ရခိုင္ျပည္နယ္မွာ ၂၀၂၀ ေ႐ြးေကာက္ပြဲမတိုင္ခင္ AA နဲ႔ စစ္တပ္ၾကား ၂ ႏွစ္ေက်ာ္ တိုက္ပြဲျပင္းထန္ခဲ့တာ ျဖစ္ၿပီး ၂ ဘက္ အပစ္ရပ္ေရး အတြက္သူကၾကားဝင္ ေဆာင္႐ြက္ေပးခဲ့တာျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲအၿပီးမွာ စစ္တပ္နဲ႔အလြတ္သေဘာ အပစ္ရပ္ခဲ့ရာကေန စစ္အာဏာသိမ္းအၿပီးမွာလည္း ဆက္လက္ရပ္စဲေနခဲ့တာပါ။ ဒါေပမယ့္ မႏွစ္က ေအာက္တိုဘာ လဆန္းထဲမွာ စစ္တပ္နဲ႔ AA တို႔ၾကားတိုက္ပြဲေတြျပန္ျဖစ္ပြါးခဲ့တာျဖစ္ၿပီး ႏိုဝင္ဘာ ၁၆ ရက္မွာေတာ့ လူသားစာနာမႈ ေထာက္ထားေရးအတြက္ ၂ ဘက္ ႏႈတ္အားျဖင့္ အပစ္ရပ္ခဲ့ၿပီး အခုထိလည္း ခိုင္ၿမဲေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== Unicode

နိပွန်ဖေါင်ဒေးရှင်း ဥက္ကဌ AA နိုင်ငံရေးမှုးနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံကို ရောက်နေတဲ့ ဂျပန်နိုင်ငံနိပွန်ဖေါင်ဒေးရှင်း ဥက္ကဌ ယိုဟေး ဆာဆာကာဝါ (Yohei Sasakawa) ဟာ စနေနေ့က ရခိုင်တပ်ဖွဲ့ AA ရဲ့နိုင်ငံရေးမှုး ဦးဦးလှစောနဲ့ တွေ့ဆုံခဲ့ပြီးလက်ရှိအပစ်ရပ် အခြေနေတည်မြဲစေချင်ကြောင်း ပြောကြားခဲ့တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ နိပွန်ဖေါင်ဒေးရှင်းရဲ့ ဥက္ကဌ မစ္စတာဆာဆာကာဝါက ကျနော်တို့ရဲ့ နိုင်ငံရေးမှုး ဦးဦးလှစောနဲ့တွေ့ဆုံချိန်မှာ သူပြောသွား တာကတော့ အဓိကနှစ်ချက်ဘဲဗျ၊ တစ်တချက်ကတော့ ကလေးသူငယ်တွေရဲ့ပညာရေး အတွက်သူကူညီပေးချင်တယ် ဆိုတာရယ်၊ နှစ်တချက်ကတော့ အခုလက်ရှိ အပစ်ရပ်ထားတဲ့အနေအထားကို ဆက်ထိန်းထားပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေ့ချင်တယ်ပေါ့၊ အဓိက ဒီနှစ်ချက်ပါ။”

မစ္စတာဆာဆာကာဝါဟာ ရခိုင်ပြည်နယ် မြောက်ဦးက စစ်ရှောင်တွေနဲ့လည်းတွေ့ဆုံခဲ့တာပါ။ သူ့ခရီးစဉ် အသေး စိတ်ကိုတော့ ထုတ်ဖေါ်ပြောဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် AA နဲ့ စစ်တပ်ကြား ၂ နှစ်ကျော် တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပြီး ၂ ဘက် အပစ်ရပ်ရေး အတွက်သူကကြားဝင် ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲအပြီးမှာ စစ်တပ်နဲ့အလွတ်သဘော အပစ်ရပ်ခဲ့ရာကနေ စစ်အာဏာသိမ်းအပြီးမှာလည်း ဆက်လက်ရပ်စဲနေခဲ့တာပါ။ ဒါပေမယ့် မနှစ်က အောက်တိုဘာ လဆန်းထဲမှာ စစ်တပ်နဲ့ AA တို့ကြားတိုက်ပွဲတွေပြန်ဖြစ်ပွါးခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်မှာတော့ လူသားစာနာမှု ထောက်ထားရေးအတွက် ၂ ဘက် နှုတ်အားဖြင့် အပစ်ရပ်ခဲ့ပြီး အခုထိလည်း ခိုင်မြဲနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG