စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕တို႔ အပစ္ရပ္ထားတဲ့ ရခိုင္ျပည္ၿမိဳ႕ေတာ္ စစ္ေတြ အပါအဝင္ ၿမိဳ႕နယ္တခ်ိဳ႕မွာ ပစၥည္းလုယက္ခံရေတြ၊ ဓားျပတိုက္ခံရတာေတြနဲ႔ အသတ္ခံရတာေတြ ဒီလအတြင္းတိုးလာေနတာေၾကာင့္ ေဒသခံေတြၾကား စိုးရိမ္မႈျမင့္ တက္ေနပါတယ္။ အထူးသျဖင့္ေတာ့ ရခိုင္လက္နက္ကိုင္AAအဖြဲ႕ လက္လွမ္းမမွီတဲ့ ေနရာေတြမွာ ျဖစ္ေနၿပီး၊ စစ္ေကာင္စီရဲ႕ တရားဥပေဒစိုးမိုးမႈ မရွိသေလာက္ နည္းပါးလာေနတာလို႔ ရခိုင္အေရးေလ့လာသုံးသပ္သူ ဦးေဖသန္းကေျပာပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္တင္ဆက္ေပးပါမယ္။
ရခိုင္ျပည္နယ္က စစ္ေကာင္စီအဓိက ထိန္းခ်ဳပ္ထားတဲ့ စစ္ေတြ၊ ေတာင္ကုတ္၊ သံတြဲ စတဲ့ ၿမိဳ႕နယ္ေတြမွာ ဒီရက္ပိုင္းအတြင္း ေဒသခံေတြ အသတ္ခံရတာ၊ ဓားျပတိုက္ခံရတာ၊ ပစၥည္းခိုးယူခံရတာေတြနဲ႔ လူျပတ္တဲ့ေနရာေတြမွာ ပစၥည္းလုယက္ခံရတာေတြ တိုးလာေနတာေၾကာင့္ ေဒသခံေတြစိုးရိမ္ေနၾကပါတယ္။
စစ္ေတြၿမိဳ႕ေပၚမွာဆိုရင္လည္း ဒီရက္ပိုင္းအတြင္း ရာဇဝတ္မႈေတြ ခပ္စိတ္စိတ္ျဖစ္လာတာေၾကာင့္ ေန႔ခင္းဆိုရင္ေတာင္ အျပင္ထြက္ဖို႔ ေၾကာက္ေနရတယ္လို႔ စစ္ေတြၿမိဳ႕ေပၚမွာ အလုပ္လာလုပ္ေနတဲ့ မေအးေအးမ်ိဳးက ေျပာပါတယ္။
“ ဒီလ ဒီေဖေဖာ္ဝါရီလအတြင္းမွာပဲေပါ့ေနာ္ ဆိုးဆိုး႐ြား႐ြား ဆက္တိုက္ဆိုသလို ျဖစ္လာ တယ္၊ လူသတ္မႈေတြေရာ ဓားျပတိုက္မႈေတြေရာ ဒီေက်ာင္းသားေတြ ဆီက ေက်ာင္းသား ေတြထဲမွာမွ အမ်ိဳးသမီးေတြ ဆီကဆိုရင္လည္း ဖုန္းလုတာတို႔ ဆိုင္ကယ္နဲ႔ သြားေနတဲ့ ထဲကေန လုသြားတာတို႔ အဲလိုေတြေတြ႕ရတယ္။ အဲတာေၾကာင့္မို႔လို ဒီလအတြင္းမွာပဲ ပိုၿပီးေတာ့ မလုံၿခံသလို ခံစားရတယ္၊ ဒီလမွာ အျပင္ကိုေတာင္မသြားရဲဘူး၊ ညဖက္ဆို လည္းမသြားဘူး ေန႔ခင္းဆိုရင္ေတာင္ တေယာက္တည္းမသြားရဲဘူး။”
အခုလို စစ္ေတြၿမိဳ႕ေပၚအထိ ရာဇဝတ္မႈေတြထူေျပာ လာေပမယ့္၊ စစ္ေကာင္စီအေနနဲ႔ ေဒသခံေတြရဲ႕ လုံၿခဳံေရးအတြက္ ဘာတခုမွ လုပ္ေဆာင္တာ မေတြ႕ရတာေၾကာင့္ တရားဥပေဒစိုးမိုး မႈမရွိေတာ့တဲ့ အေျခအေနတရပ္ေရာက္ေနၿပီလို႔လည္း မေအးေအးမ်ိဳးက သူ႔အျမင္ကို ေျပာပါတယ္။
“ အဓိကေတာ့ တရားဥပေဒစိုးမိုးမႈအပိုင္းအားနည္းတယ္လို႔ျမင္တယ္ေပါ့ေနာ္၊ တကယ္လို႔သာ စစ္ေကာင္စီက တရားဥပေဒစိုးမိုးမႈသာ အားေကာင္းမယ္ဆိုလို႔ရွိရင္ ဒီအမႈေတြကို ဒီလိုမျဖစ္ရေအာင္ေပါ့ေနာ္၊ တိုင္ၾကားရင္လည္း သူတို႔က ထိထိေရာက္ေရာက္ အေရးယူတာေတြ လုပ္မယ္၊ ညဖက္ဆိုရင္လည္း အရင္တုန္းကလို ကင္းလွည့္တာတို႔ဘာတို႔ လုပ္ရင္ ဒီေလာက္ ဆိုး႐ြားတဲ့ အေျခအေနကို ေရာက္မွာမဟုတ္ဘူးလို႔ျမင္တယ္။ တရားဥပေဒစိုးမိုးမႈရွိရင္။”
ဒါ့အျပင္ ရခိုင္ေတာင္ပိုင္းက ULA/AAရဲ႕ ထိန္းခ်ဳပ္မႈအားနည္းတဲ့ ေတာင္ကုတ္ သံတြဲ စတဲ့ ၿမိဳ႕နယ္ေတြမွာလည္း မၾကာခဏဆိုသလို ေဒသခံေတြ အသတ္ခံရတာ ဓားျမတိုက္ခံရတာ လုယက္ခံရတာေတြရွိေနတာေၾကာင့္ ကိုယ္ထူကိုယ္ထ ကင္းေစာင့္ေနရတယ္လို႔လည္း ေတာင္ကုတ္ၿမိဳ႕ခံတဦးကေျပာပါတယ္။
“ ခိုးဆိုးလုယွက္မႈေတြက ခပ္စိတ္စိတ္ျဖစ္လာတယ္၊ အဲဒီမွာမွ ခိုးယူ႐ုံတစ္ခုတည္းမဟုတ္ပဲ လူျပတ္တဲ့ေနရာေတြမွာ လုယူတာ၊ လုယူခံရတဲ့ ပစၥည္းပိုင္ရွင္ကို ရန္ျပဳတာ၊သတ္ျဖတ္ခဲ့တဲ့ အထိရွိလာတယ္၊ ၿပီးခဲ့တဲ့ တပတ္ေလာက္ကစၿပီးေတာ့ ကင္းေစာင့္ရတယ္ ေတာင္ကုတ္မွာ၊ ေက်း႐ြာေတြေပါ့ ေတာင္ကုတ္က ေ႐ႊပန္းေတာ ႐ြာတို႔ ၿမိဳ႕ အနီးတဝိုက္မွာ ဆိုရင္ေတာ့ မႈိဟင္းေတာ့ ဝင္က်င္း အဲလို ေနရာေတြေပါ့၊ အခုဆို က်ေနာ္တို႔ ၿမိဳ႕ေပၚရပ္ကြက္ေတြမွာလည္း ရပ္ကြက္ေနျပည္သူေတြက အလွည့္က် ကင္းေစာင့္ေနရတာမ်ိဳးေတြ ရွိတယ္ဗ်ာဟုတ္။”
ျမန္မာႏိုင္ငံတဝွမ္းမွာလည္း စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း စီးပြားေရးလူမႈေရး အၾကပ္အတည္း ေတြေၾကာင့္ အခုလို လူသတ္မႈေတြ၊ ခိုးဆိုးလုယက္မႈေတြ စတဲ့ ရာဇဝတ္မႈေတြ မ်ားျပားလာပါတယ္။ရခိုင္ျပည္နယ္မွာလည္း စစ္ေကာင္စီအေနနဲ႔ ရာဇဝတ္သားေတြကို ေဖာ္ထုတ္ဖမ္းဆီးအေရးယူတာမ်ိဳးေတြ မလုပ္ႏိုင္တာေၾကာင့္ ျပည္သူလူထုေတြ မလုံၿခဳံျဖစ္ေနရတာလို႔ ရခိုင္အေရးေလ့လာသုံးသပ္သူ ဦးေဖသန္းက ေျပာပါတယ္။
“ တစ္ႏိုင္ငံလုံးမွာေတာ့ စစ္ေကာင္စီတက္ၿပီးကတည္းက စီးပြားေရး လူမႈေရး အၾကပ္အတည္း ေတြ ေတာ္ေတာ္မ်ားလာတယ္၊ အဲဒါေၾကာင့္ ဒုစ႐ိုက္မႈေတြ အရင္ကထက္ ပိုမ်ားလာတယ္လို႔ ေျပာလို႔ရတယ္၊ ဆိုေတာ့ ခုနကေျပာသလို စစ္ေကာင္စီအဓိက ထိန္းခ်ဳပ္တဲ့ ရခိုင္ျပည္နယ္ရဲ႕ စစ္ေတြၿမိဳ႕ေတာ္အပါအဝင္ ေတာင္ကုတ္၊ သံတြဲ စတဲ့ၿမိဳ႕နယ္ေတြမွာ တကယ္ျပစ္မႈက်ဴး လြန္သူေတြကို မေဖာ္ထုတ္ႏိုင္တာ ထိထိေရာက္ေရာက္ အေရးမယူႏိုင္တာ၊ တဖက္က ULA/AAကလည္း လက္လွမ္းမမွီတဲ့ ေနရာမ်ိဳးေပါ့ အဲဒီေနရာေတြမွာ ျဖစ္ေနတာကို ေတြ႕ရ တယ္။”
ရခိုင္ျပည္နယ္ၿမိဳ႕နယ္တခ်ိဳ႕မွာ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕က အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရး လုပ္ငန္းေတြကို လုပ္ေဆာင္ေနတာေၾကာင့္ ေဒသတည္ၿငိမ္ေအးခ်မ္းေနေပမယ့္၊ AAအဖြဲ႕ ထိန္းခ်ဳပ္တဲ့ အားနည္းတဲ့ေနရာေတြမွာေတာ့ ေဒသခံေတြရဲ႕ ေန႔စဥ္ဘဝ မွာ တစ္ေန႔ထက္တစ္ေန႔ စိုးရိမ္လာရတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။
{Unicode}
AA ထိန်းချုပ်မှုမဲ့ ရခိုင်ဒေသတချို့ ဥပဒေစိုးမိုးမှုအားနည်းလာ
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်မြို့တော် စစ်တွေ အပါအဝင် မြို့နယ်တချို့မှာ ပစ္စည်းလုယက်ခံရတွေ၊ ဓားပြတိုက်ခံရတာတွေနဲ့ အသတ်ခံရတာတွေ ဒီလအတွင်းတိုးလာနေတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုမြင့် တက်နေပါတယ်။ အထူးသဖြင့်တော့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ လက်လှမ်းမမှီတဲ့ နေရာတွေမှာ ဖြစ်နေပြီး၊ စစ်ကောင်စီရဲ့ တရားဥပဒေစိုးမိုးမှု မရှိသလောက် နည်းပါးလာနေတာလို့ ရခိုင်အရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်တင်ဆက်ပေးပါမယ်။
ရခိုင်ပြည်နယ်က စစ်ကောင်စီအဓိက ထိန်းချုပ်ထားတဲ့ စစ်တွေ၊ တောင်ကုတ်၊ သံတွဲ စတဲ့ မြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း ဒေသခံတွေ အသတ်ခံရတာ၊ ဓားပြတိုက်ခံရတာ၊ ပစ္စည်းခိုးယူခံရတာတွေနဲ့ လူပြတ်တဲ့နေရာတွေမှာ ပစ္စည်းလုယက်ခံရတာတွေ တိုးလာနေတာကြောင့် ဒေသခံတွေစိုးရိမ်နေကြပါတယ်။
စစ်တွေမြို့ပေါ်မှာဆိုရင်လည်း ဒီရက်ပိုင်းအတွင်း ရာဇဝတ်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာတာကြောင့် နေ့ခင်းဆိုရင်တောင် အပြင်ထွက်ဖို့ ကြောက်နေရတယ်လို့ စစ်တွေမြို့ပေါ်မှာ အလုပ်လာလုပ်နေတဲ့ မအေးအေးမျိုးက ပြောပါတယ်။
“ ဒီလ ဒီဖေဖော်ဝါရီလအတွင်းမှာပဲပေါ့နော် ဆိုးဆိုးရွားရွား ဆက်တိုက်ဆိုသလို ဖြစ်လာ တယ်၊ လူသတ်မှုတွေရော ဓားပြတိုက်မှုတွေရော ဒီကျောင်းသားတွေ ဆီက ကျောင်းသား တွေထဲမှာမှ အမျိုးသမီးတွေ ဆီကဆိုရင်လည်း ဖုန်းလုတာတို့ ဆိုင်ကယ်နဲ့ သွားနေတဲ့ ထဲကနေ လုသွားတာတို့ အဲလိုတွေတွေ့ရတယ်။ အဲတာကြောင့်မို့လို ဒီလအတွင်းမှာပဲ ပိုပြီးတော့ မလုံခြံသလို ခံစားရတယ်၊ ဒီလမှာ အပြင်ကိုတောင်မသွားရဲဘူး၊ ညဖက်ဆို လည်းမသွားဘူး နေ့ခင်းဆိုရင်တောင် တယောက်တည်းမသွားရဲဘူး။”
အခုလို စစ်တွေမြို့ပေါ်အထိ ရာဇဝတ်မှုတွေထူပြော လာပေမယ့်၊ စစ်ကောင်စီအနေနဲ့ ဒေသခံတွေရဲ့ လုံခြုံရေးအတွက် ဘာတခုမှ လုပ်ဆောင်တာ မတွေ့ရတာကြောင့် တရားဥပဒေစိုးမိုး မှုမရှိတော့တဲ့ အခြေအနေတရပ်ရောက်နေပြီလို့လည်း မအေးအေးမျိုးက သူ့အမြင်ကို ပြောပါတယ်။
“ အဓိကတော့ တရားဥပဒေစိုးမိုးမှုအပိုင်းအားနည်းတယ်လို့မြင်တယ်ပေါ့နော်၊ တကယ်လို့သာ စစ်ကောင်စီက တရားဥပဒေစိုးမိုးမှုသာ အားကောင်းမယ်ဆိုလို့ရှိရင် ဒီအမှုတွေကို ဒီလိုမဖြစ်ရအောင်ပေါ့နော်၊ တိုင်ကြားရင်လည်း သူတို့က ထိထိရောက်ရောက် အရေးယူတာတွေ လုပ်မယ်၊ ညဖက်ဆိုရင်လည်း အရင်တုန်းကလို ကင်းလှည့်တာတို့ဘာတို့ လုပ်ရင် ဒီလောက် ဆိုးရွားတဲ့ အခြေအနေကို ရောက်မှာမဟုတ်ဘူးလို့မြင်တယ်။ တရားဥပဒေစိုးမိုးမှုရှိရင်။”
ဒါ့အပြင် ရခိုင်တောင်ပိုင်းက ULA/AAရဲ့ ထိန်းချုပ်မှုအားနည်းတဲ့ တောင်ကုတ် သံတွဲ စတဲ့ မြို့နယ်တွေမှာလည်း မကြာခဏဆိုသလို ဒေသခံတွေ အသတ်ခံရတာ ဓားမြတိုက်ခံရတာ လုယက်ခံရတာတွေရှိနေတာကြောင့် ကိုယ်ထူကိုယ်ထ ကင်းစောင့်နေရတယ်လို့လည်း တောင်ကုတ်မြို့ခံတဦးကပြောပါတယ်။
“ ခိုးဆိုးလုယှက်မှုတွေက ခပ်စိတ်စိတ်ဖြစ်လာတယ်၊ အဲဒီမှာမှ ခိုးယူရုံတစ်ခုတည်းမဟုတ်ပဲ လူပြတ်တဲ့နေရာတွေမှာ လုယူတာ၊ လုယူခံရတဲ့ ပစ္စည်းပိုင်ရှင်ကို ရန်ပြုတာ၊သတ်ဖြတ်ခဲ့တဲ့ အထိရှိလာတယ်၊ ပြီးခဲ့တဲ့ တပတ်လောက်ကစပြီးတော့ ကင်းစောင့်ရတယ် တောင်ကုတ်မှာ၊ ကျေးရွာတွေပေါ့ တောင်ကုတ်က ရွှေပန်းတော ရွာတို့ မြို့ အနီးတဝိုက်မှာ ဆိုရင်တော့ မှိုဟင်းတော့ ဝင်ကျင်း အဲလို နေရာတွေပေါ့၊ အခုဆို ကျနော်တို့ မြို့ပေါ်ရပ်ကွက်တွေမှာလည်း ရပ်ကွက်နေပြည်သူတွေက အလှည့်ကျ ကင်းစောင့်နေရတာမျိုးတွေ ရှိတယ်ဗျာဟုတ်။”
မြန်မာနိုင်ငံတဝှမ်းမှာလည်း စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးလူမှုရေး အကြပ်အတည်း တွေကြောင့် အခုလို လူသတ်မှုတွေ၊ ခိုးဆိုးလုယက်မှုတွေ စတဲ့ ရာဇဝတ်မှုတွေ များပြားလာပါတယ်။ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီအနေနဲ့ ရာဇဝတ်သားတွေကို ဖော်ထုတ်ဖမ်းဆီးအရေးယူတာမျိုးတွေ မလုပ်နိုင်တာကြောင့် ပြည်သူလူထုတွေ မလုံခြုံဖြစ်နေရတာလို့ ရခိုင်အရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။
“ တစ်နိုင်ငံလုံးမှာတော့ စစ်ကောင်စီတက်ပြီးကတည်းက စီးပွားရေး လူမှုရေး အကြပ်အတည်း တွေ တော်တော်များလာတယ်၊ အဲဒါကြောင့် ဒုစရိုက်မှုတွေ အရင်ကထက် ပိုများလာတယ်လို့ ပြောလို့ရတယ်၊ ဆိုတော့ ခုနကပြောသလို စစ်ကောင်စီအဓိက ထိန်းချုပ်တဲ့ ရခိုင်ပြည်နယ်ရဲ့ စစ်တွေမြို့တော်အပါအဝင် တောင်ကုတ်၊ သံတွဲ စတဲ့မြို့နယ်တွေမှာ တကယ်ပြစ်မှုကျူး လွန်သူတွေကို မဖော်ထုတ်နိုင်တာ ထိထိရောက်ရောက် အရေးမယူနိုင်တာ၊ တဖက်က ULA/AAကလည်း လက်လှမ်းမမှီတဲ့ နေရာမျိုးပေါ့ အဲဒီနေရာတွေမှာ ဖြစ်နေတာကို တွေ့ရ တယ်။”
ရခိုင်ပြည်နယ်မြို့နယ်တချို့မှာ ရခိုင်လက်နက်ကိုင် AAအဖွဲ့က အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတာကြောင့် ဒေသတည်ငြိမ်အေးချမ်းနေပေမယ့်၊ AAအဖွဲ့ ထိန်းချုပ်တဲ့ အားနည်းတဲ့နေရာတွေမှာတော့ ဒေသခံတွေရဲ့ နေ့စဉ်ဘဝ မှာ တစ်နေ့ထက်တစ်နေ့ စိုးရိမ်လာရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။