သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အကူညီလိုအပ္ေနတဲ့ ရခိုင္စစ္ေရွာင္မ်ား


မွတ္တမ္း႐ုပ္ပံု - ရခိုင္ စစ္ေရွာင္မ်ား

(Zawgyi)

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ စစ္ေကာင္စီနဲ႔ ရခို္င္လက္နက္ကုိင္ AA အဖြဲ႔တို႔ရဲ႕ တိုက္ပြဲေတြ ျပင္းထန္ေနသလို ေနရပ္စြန္႔ခြာ ထြက္ေျပး ေနရတဲ့ စစ္ေဘးဒုကၡသည္ေတြလည္း တိုးလာေနပါတယ္။ အိုးအိမ္စြန္႔ခြါ ထြက္ေျပးရသူ အေတာ္မ်ားလာေပမဲ႔ ဒုကၡသည္ေတြကို ေထာက္ပံ႔မယ့္ အဖြဲ႔ အစည္းေတြက မရွိသေလာက္ ျဖစ္ေနၿပီး စားနပ္ရိကၡာေတြ၊ ေဆာင္းဒဏ္ခံႏိုင္ဖို႔ အေႏြးထည္ေတြ၊ ေစာင္ေတြ လိုအပ္ေနတယ္လို႔ စစ္ေဘးဒုကၡသည္ေတြကို အကူအညီေပးေနသူေတြက ေျပာပါတယ္။ရန္ကုန္က လာတဲ့ သတင္းကို မသိဂၤ ီထိုက္ တင္ျပေပးပါမယ္။

ရခိုင္ေျမာက္ပိုင္းမွာ တို္က္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရသူေတြထဲမွာ စစ္ေဘးေရွာင္ စခန္းတခ်ိဳ႕မွာ ခိုလႈံေနသူေတြပါ ပါေနတာပါ။ ၿပီးခဲ့တဲ့ သတင္းပတ္ေလာက္က ပုဏၰားကြၽန္းၿမိဳ႕နယ္ စက္မႈဇုန္ စစ္ေဘးဒုကၡသည္ စခန္းအနီးမွာ စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္AAအဖြဲ႔တို႔ၾကား တိုက္ပြဲျဖစ္ပြားတာေၾကာင့္ စခန္းအတြင္း မွာရွိတဲ့ စစ္ေဘးဒုကၡသည္ေတြဟာ ေဘးလြတ္ရာကို ထပ္မံထြက္ေျပးခဲ့ၾကရတာ ျဖစ္ပါတယ္။

စစ္ေဘးေရွာင္ ထြက္ေျပးရသူေတြ အေနနဲ႔ ေနထုိုင္ေရး အခက္ႀကံဳ ေနရတဲ့အျပင္ စားနပ္ရိကၡာ အခက္အခဲကိုပါ ရင္ဆိုင္ေနရတယ္လို႔ စစ္ေဘးဒုကၡသည္ ေတြက ေျပာပါတယ္။ လက္ရွိမွာေတာ့ ထြက္ေျပးလာရတဲ့ ဒုကၡသည္ေတြဟာ ပုဏၰားကြ်န္းၿမိဳ႕နယ္ အင္ၾကင္းေတာရပ္ေက်ာင္းမွာ ခိုလံႈေနၾကၿပီး စားနပ္ရိကၡာ သာမက အေအးဒဏ္ခံႏိုင္ဖို႔ အေႏြးထည္ေတြပါ လိုအပ္ေနတယ္လို႔ စစ္ေဘးဒုကၡသည္ ဦးေက်ာ္သန္းက ေျပာပါတယ္။

“ က်ေနာ္တို႔ အတည္တက်ေနတဲ့ စစ္ေဘးဒုကၡသည္ စခန္းကေန ေျပးလာရတာဆိုေတာ့ ဒီမွာ ေနရထိုင္ရတာကလည္း အဆင္မေျပ အခက္အခဲရွိတယ္။ အခက္အခဲဆိုတာ ေစာင္ေတြ၊ အခင္းေတြ မပါဘူး။ ေနာက္ၿပီးေတာ့ အေႏြးထည္ေတြလည္း မပါဘူး။ အကုန္လံုး စစ္ေဘး ဒုကၡသည္စခန္းမွာ က်န္ခဲ့တယ္ခင္ဗ်။”

ရခိုင္ျပည္နယ္မွာ စစ္ေကာင္စီနဲ႔ AA အဖြဲ႔ၾကား တေၾကာ႔ျပန္တိုက္ပြဲေတြ ျပန္ျဖစ္လာၿပီး ေနာက္ပိုင္းမွာေတာ့ စစ္ေကာင္စီဘက္က ကုန္းလမ္း၊ ေရလမ္းေတြကို ပိတ္ပင္ထားသလို စားနပ္ရိကၡာသယ္ယူခြင့္နဲ႔ စစ္ေဘးဒုကၡသည္ ကူညီေရးပိုင္းေတြမွာပါ ကန္႔သတ္ထား တယ္လို႔လည္း စစ္ေဘးဒုကၡသည္ ကူညီသူေတြက ေျပာဆိုၾကပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္က မဟာျမတ္မုနိ စစ္ေဘးဒုကၡသည္စခန္းမွာ ဆိုရင္လည္း စားနပ္ရိကၡာ ေထာက္ပံ့မယ့္အဖြဲ႔အစည္းေတြ မရွိေတာ့တာတာေၾကာင့္ စစ္ေဘးဒုကၡသည္ ၃,၀၀၀ ေက်ာ္ေလာက္ စားဝတ္ေနေရး အခက္ႀကံဳေနရတယ္လို႔ စစ္ေဘးေရွာင္ေတြကို ေစာင့္ေရွာက္ထားတဲ့ မဟာျမတ္မုနိ စစ္ေဘး ဒုကၡသည္စခန္း နာယက ဆရာေတာ္က မိန္႔ပါတယ္။

“ ကို္ယ္ေတာ္တို႔ စခန္းမွာ စားနပ္ရိကၡာ အခက္အခဲျဖစ္ေနတာက ၾကာပါၿပီ။ အရင္ကေတာ့ လူကယ္ျပန္တို႔၊ NGO ေတြ ၊ ICRC တို႕က ေပးခဲ့ေတာ့ ရိကၡာလံုေလာက္တယ္။ အခုကတာ့ ICRC ကလည္း ေပးတာရပ္ထားတယ္။ ၿပီးေတာ့ လူကယ္ျပန္ဌာန ကလည္း ဆန္ရိကၡာ ေပးေနတာေတြကို ရပ္တန္႔ထားတယ္”

ဒါ့အျပင္ ေဆာင္ရာသီ ေရာက္လာတာေၾကာင့္ စစ္ေဘးဒုကၡသည္ စခန္းေတြမွာ ရွိတဲ့ သက္ႀကီးပိုင္းေတြနဲ႔ ကေလးေတြအတြက္ ေစာင္နဲ႔ အေႏြထည္ေတြလည္း အေရးေပၚ လိုအပ္ေနတယ္လို႔ စစ္ေဘးဒုကၡသည္ေတြက ေျပာဆိုၾကပါတယ္။

လက္ရွိအခ်ိန္ထိ ရခိုင္ေျမာက္ပိုင္းမွာ တို္က္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ ေသာင္းနဲ႔ခ်ီတဲ့ ရခိုင္ေဒသခံေတြ ဟာလည္း အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနၾကရတာ ျဖစ္ၿပီး ထိခိုက္ေသဆံုး ဒဏ္ရာရတာေတြလည္း အမ်ားအျပားရွိေနတာပါ။ ဒီလအတြင္းမွာပဲ ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေၾကာင့္ ထိခိုက္ေသဆံုး ဒဏ္ရာရသူ ၇၀ ထက္မနည္း ရွိေနတာလည္း ျဖစ္ပါတယ္။

အကူညီလိုအပ္ေနတဲ့ ရခိုင္စစ္ေရွာင္မ်ား
please wait

No media source currently available

0:00 0:02:44 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

အကူညီလိုအပ်နေတဲ့ ရခိုင်စစ်ရှောင်များ

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေ ပြင်းထန်နေသလို နေရပ်စွန့်ခွာ ထွက်ပြေး နေရတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း တိုးလာနေပါတယ်။ အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ အတော်များလာပေမဲ့ ဒုက္ခသည်တွေကို ထောက်ပံ့မယ့် အဖွဲ့ အစည်းတွေက မရှိသလောက် ဖြစ်နေပြီး စားနပ်ရိက္ခာတွေ၊ ဆောင်းဒဏ်ခံနိုင်ဖို့ အနွေးထည်တွေ၊ စောင်တွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ရန်ကုန်က လာတဲ့ သတင်းကို မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။

ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေထဲမှာ စစ်ဘေးရှောင် စခန်းတချို့မှာ ခိုလှုံနေသူတွေပါ ပါနေတာပါ။ ပြီးခဲ့တဲ့ သတင်းပတ်လောက်က ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန် စစ်ဘေးဒုက္ခသည် စခန်းအနီးမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားတာကြောင့် စခန်းအတွင်း မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ဘေးလွတ်ရာကို ထပ်မံထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင် ထွက်ပြေးရသူတွေ အနေနဲ့ နေထိုင်ရေး အခက်ကြုံ နေရတဲ့အပြင် စားနပ်ရိက္ခာ အခက်အခဲကိုပါ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးဒုက္ခသည် တွေက ပြောပါတယ်။ လက်ရှိမှာတော့ ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ် အင်ကြင်းတောရပ်ကျောင်းမှာ ခိုလှုံနေကြပြီး စားနပ်ရိက္ခာ သာမက အအေးဒဏ်ခံနိုင်ဖို့ အနွေးထည်တွေပါ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည် ဦးကျော်သန်းက ပြောပါတယ်။

“ ကျနော်တို့ အတည်တကျနေတဲ့ စစ်ဘေးဒုက္ခသည် စခန်းကနေ ပြေးလာရတာဆိုတော့ ဒီမှာ နေရထိုင်ရတာကလည်း အဆင်မပြေ အခက်အခဲရှိတယ်။ အခက်အခဲဆိုတာ စောင်တွေ၊ အခင်းတွေ မပါဘူး။ နောက်ပြီးတော့ အနွေးထည်တွေလည်း မပါဘူး။ အကုန်လုံး စစ်ဘေး ဒုက္ခသည်စခန်းမှာ ကျန်ခဲ့တယ်ခင်ဗျ။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA အဖွဲ့ကြား တကြော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီဘက်က ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ပင်ထားသလို စားနပ်ရိက္ခာသယ်ယူခွင့်နဲ့ စစ်ဘေးဒုက္ခသည် ကူညီရေးပိုင်းတွေမှာပါ ကန့်သတ်ထား တယ်လို့လည်း စစ်ဘေးဒုက္ခသည် ကူညီသူတွေက ပြောဆိုကြပါတယ်။

ကျောက်တော်မြို့နယ်က မဟာမြတ်မုနိ စစ်ဘေးဒုက္ခသည်စခန်းမှာ ဆိုရင်လည်း စားနပ်ရိက္ခာ ထောက်ပံ့မယ့်အဖွဲ့အစည်းတွေ မရှိတော့တာတာကြောင့် စစ်ဘေးဒုက္ခသည် ၃,၀၀၀ ကျော်လောက် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ စစ်ဘေးရှောင်တွေကို စောင့်ရှောက်ထားတဲ့ မဟာမြတ်မုနိ စစ်ဘေး ဒုက္ခသည်စခန်း နာယက ဆရာတော်က မိန့်ပါတယ်။

“ ကိုယ်တော်တို့ စခန်းမှာ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတာက ကြာပါပြီ။ အရင်ကတော့ လူကယ်ပြန်တို့၊ NGO တွေ ၊ ICRC တို့က ပေးခဲ့တော့ ရိက္ခာလုံလောက်တယ်။ အခုကတာ့ ICRC ကလည်း ပေးတာရပ်ထားတယ်။ ပြီးတော့ လူကယ်ပြန်ဌာန ကလည်း ဆန်ရိက္ခာ ပေးနေတာတွေကို ရပ်တန့်ထားတယ်”

ဒါ့အပြင် ဆောင်ရာသီ ရောက်လာတာကြောင့် စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ သက်ကြီးပိုင်းတွေနဲ့ ကလေးတွေအတွက် စောင်နဲ့ အနွေထည်တွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

လက်ရှိအချိန်ထိ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် သောင်းနဲ့ချီတဲ့ ရခိုင်ဒေသခံတွေ ဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာ ဖြစ်ပြီး ထိခိုက်သေဆုံး ဒဏ်ရာရတာတွေလည်း အများအပြားရှိနေတာပါ။ ဒီလအတွင်းမှာပဲ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရသူ ၇၀ ထက်မနည်း ရှိနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG