သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုန္းလမ္းပုိ႔ေဆာင္ေရး ၀န္ထမ္းေတြ AA အဖဲြ႔ ျပန္လႊတ္


ကုန္းလမ္းပုိ႔ေဆာင္ေရး ၀န္ထမ္းေတြ AA အဖဲြ႔ ျပန္လႊတ္ (ဓါတ္ပံု- AA ရခိုင္လက္နက္ကိုင္ အဖြဲ႔ )

(Zawgyi/Unicode)

ရခိုင္လက္နက္ကိုင္ AAအဖြဲ႔က သူတုိ႔ ဖမ္းဆီးေခၚေဆာင္သြားတဲ့ ကုန္းလမ္းပို႔ေဆာင္ေရးဌာနက ယာဥ္ေမာင္း ၁၆ ဦးကို ဒီကေန႔မနက္ပိုင္းမွာပဲ ျပန္လႊတ္ေပးလိုက္ပါတယ္။ အစိုးရ ဝန္ထမ္းေတြဟာ သူတုိ႔ တာဝန္ကိုသူတုိ႔ ထမ္းေဆာင္ေနတာ ျဖစ္လို႔ AAအဖြဲ႔က ဖမ္းဆီးထား ဆဲ ျဖစ္တဲ့ ဌာနဆိုင္ရာဝန္ထမ္းေတြကို ျပန္လႊတ္ ေပးဖို႔လည္း ေမာင္ေတာခရိုင္အုပ္ခ်ဳပ္ေရးမွဴး က ေျပာပါတယ္။ အျပည့္အစံုကို ကိုသက္ႏိုင္က ေျပာျပေပးမွာပါ။

မေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ ၊ စဖိုကြ်န္းအနီးမွာ ေအာင္တံခြန္ သေဘၤာေပၚ လိုက္ပါစီးနင္းလာတဲ့ ကုန္း လမ္းပို႔ ေဆာင္ေရးဌာနက ယာဥ္ေမာင္း ၁၆ ဦးကို AAဖြဲ႔က ဖမ္းဆီးခဲ့ၿပီး စစ္ေဆး ေမးျမန္းဖို႔ ၿပိန္းေတာရြာကို ေခၚသြား တာ ျဖစ္ပါတယ္။

သူတုိ႔ကို ဒီကေန႔ မနက္ပိုင္းမွာ ျပန္လႊတ္ေပးခဲ့ ေပမယ့္ ျပန္လႊတ္လာသူေတြဟာ အခု ဘူးသီးေတာင္ ၿမိဳ႕နယ္ထဲမွာပဲ ရွိေနေသးတယ္လို႔ ေမာင္ေတာခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးေအာင္ က ေျပာပါတယ္။

“အခုေလာေလာဆယ္မွာေတာ့ သူတို႔ ဘူးသီးေတာင္မွာ ထမင္းစားေနၾကတယ္။ ေနာက္ၿပီးေတာ့ သူတို႔ တာဝန္က်တဲ့ ေနရာကို ျပန္ပို႔ေပးမယ္။ ဘယ္ေန႔ျပန္ပို႔မယ္ဆိုတာကိုေတာ့ ေျပာလို႔မရေသးဘူး လံုၿခံဳေရး ေဆာင္ရြက္စရာေတြရွိတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကေတာ့ သူတို႔ ဖမ္းဆီးခဲ့သူ ၁၆ ဦးဟာ စစ္ဘက္နဲ႔ မသက္ဆိုင္သူေတြ ျဖစ္တာေၾကာင့္ ဒီကေန႔မနက္ပိုင္းက ဘူးသီးေတာင္ ၿမိဳ႕နယ္ ေသကံ ေက်းရြာ စာသင္ေက်ာင္းမွာ လြႊတ္ေပးခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒါေပမယ့္ ဒီဇင္ဘာလ ၂၄ရက္ေန႔က ဘူးသီးေတာင္ၿမိဳ႕နယ္ ေတာင္ဘဇာနယ္ေျမ လဝကရံုးမွာ တာဝန္က်ေန တဲ့ လဝက အရာရွိ ၃ ဦးကို ဆက္ၿပီး ဖမ္းဆီးထားဆဲ ျဖစ္သလို ခ်င္းျပည္နယ္ အမ်ိဳးသား လႊတ္ေတာ္အမတ္ ဦးေဝွ႔တင္းကိုလည္း အခုထိ လႊတ္မေပးေသးပါဘူး။

AAအဖြဲ႔က ဖမ္းဆီးထိန္းသိမ္းထားတဲ့ ဌာနဆိုင္ရာ ဝန္ထမ္းေတြဟာ စစ္ဖက္နဲ႔ မသက္ဆိုင္တဲ့ သူေတြျဖစ္ တာေၾကာင့္ ျပန္လႊတ္ေပးေစခ်င္တယ္လို႔ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးေအာင္က ေျပာပါတယ္။

“ျပန္လႊတ္ေပးေစခ်င္တာေပါ့ဗ်ာ ဝန္ထမ္းေတြဟာ တပ္မေတာ္တို႔ ရဲတို႔နဲ႔ မသက္ဆိုင္ လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ မသက္ဆိုင္ဘူးေလ။ ဝန္ထမ္းေတြကိုေတာ့ လႊတ္ေပးေစခ်င္တယ္။ ဝန္ထမ္းေတြ အလုပ္လုပ္ရတယ္ သူတို႔ တာဝန္ ထမ္းေဆာင္ေနၾကတာပဲဗ်ာ။”

လက္ရွိအခ်ိန္ထိ AAအဖြဲ႔က ဖမ္းဆီးထားသူ အေရအတြက္ကို ေသေသခ်ာခ်ာ မသိရေသး ပါဘူး။

ဒါေပမယ့္ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးေရးနဲ႔ ပတ္သတ္ၿပီး ရခိုင္လက္နက္ကုိုင္ AAေျပာခြင့္ရ ခိုင္သုခက အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ ဆီမွာ ေနာက္ထပ္ထိန္းသိမ္းထားတဲ့ စစ္ဘက္ဆိုင္ရာနဲ႔ ပတ္သတ္တဲ့သူေတြကို က်ေနာ္တို႔ကေတာ့ ဆက္ၿပီးေတာ့ ထိ္န္းသိမ္းထားဖို႔ရွိတယ္။ က်ေနာ္တို႔ဘက္က အရင္ ေၾကညာခ်က္ထုတ္ၿပီးေတာ့ ေျပာထားတာရွိ တယ္။ ရခိုင္အရပ္သားေတြကိုျမန္မာအစိုးရဘက္က ပုဒ္မေတြတပ္ၿပီးေတာ့ မတရားဖမ္းဆီးထားတဲ့ က်ေနာ္တို႔ အျပစ္မဲ့ ျပည္သူေတြကို ျပန္လႊတ္ ေပးမယ္ဆိုရင္ေတာ့ အျပန္အလွန္အားျဖင့္ က်ေနာ္တို႔ဘက္ကလည္း က်ေနာ္တို႔ ဖမ္းဆီးထားတဲ့ စစ္ဘက္နဲ႔ ပတ္သတ္တဲ့ သူေတြအားလံုးကို လႊတ္ေပးမယ္ဆိုၿပီးေတာ့ ေျပာထားတာရွိတယ္။ ဒါက အေကာင္းဆံုး ေရြးခ်ယ္မႈလို႔ က်ေနာ္တို႔ ယူဆတယ္။ အဲဒါေၾကာင့္ ျမန္မာအစိုးရဘက္က လုပ္ေဆာင္မႈ ရွိမရွိဆိုတာကေတာ့ သူတို႔နဲ႔ပဲ ဆိုင္တယ္။ သူတို႔ဘက္က က်ေနာ္တို႔ ျပည္သူေတြကို လႊတ္မေပးဘူးဆိုရင္ က်ေနာ္တို႔ကလည္း က်ေနာ္တို႔ ထိန္းသိမ္းထားသူေတြကို ဆက္ၿပီးေတာ့ ထိ္န္းသိမ္းထားဖို႔ရွိတယ္။”

စစ္သံု႔ပန္း အျပန္အလွန္လဲလွယ္ဖို႔ AAအဖြဲ႔က သတင္းထုတ္ျပန္ခဲ့ေပမယ့္ အစိုးရဘက္ကလည္း အၾကမ္းဖက္ အဖြဲ႔အစည္းနဲ႔ လဲလွယ္စရာအေၾကာင္းမရွိဘူးလို႔ တုံ႔ျပန္ထားတာရွိပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြ ျပင္းထန္ေနသလို တပ္နဲ႔ AAႏွစ္ဖက္လံုးကို အရပ္သားေတြနဲ႔ ဌာန ဆိုင္ရာ ဝန္ထမ္းေတြကို ဖမ္းဆီး စစ္ေဆးေမးျမနး္တာေတြရွိၿပီး တပ္မေတာ္က ဖမ္းဆီးထားစဥ္ေသဆံုးသူ ေတြ ရွိသလို ရခိုင္လက္ နက္ကိုင္ AA ဘက္က ဖမ္းဆီးထားစဥ္ ေသဆံုးသူေတြလည္း ရွိပါတယ္။ ဘူးသီးေတာင္ၿမိဳ႕နယ္ NLD ပါတီဥကၠ႒ ဦးရဲသိန္းကိုလည္း ရခိုင္လက္နက္ကိုင္ AAအဖြဲ႔က ဖမ္းစီးထားစဥ္ လက္နက္ႀကီးက်ည္ ထိမွန္ၿပီး ေသဆံုးသြားတယ္ AAအဖြဲ႔က ထုတ္ျပန္ထားပါတယ္။

တိုက္ပြဲျဖစ္ပြားေနေသာ ရခိုင္ေျမာက္ပိုင္းေဒသမွာ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားတဲ့ ေဒသအတြင္း အစု လိုက္ ခရီးသြားလာလိုသူေတြအေနနဲ႔ AAအဖြဲ႔ထံ သတင္းေပးပို႔ရမယ္ လို႔လည္း AAအဖြဲ႕က ဒီကေန႔ပဲ သတင္းထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ကုန်းလမ်းပို့ဆောင်ရေး ဝန်ထမ်းတွေ AA အဖွဲ့ ပြန်လွှတ်

(Unicode)

ရခိုင်လက်နက်ကိုင် AAအဖွဲ့က သူတို့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကုန်းလမ်းပို့ဆောင်ရေးဌာနက ယာဉ်မောင်း ၁၆ ဦးကို ဒီကနေ့မနက်ပိုင်းမှာပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။ အစိုးရ ဝန်ထမ်းတွေဟာ သူတို့ တာဝန်ကိုသူတို့ ထမ်းဆောင်နေတာ ဖြစ်လို့ AAအဖွဲ့က ဖမ်းဆီးထား ဆဲ ဖြစ်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြန်လွှတ် ပေးဖို့လည်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး က ပြောပါတယ်။ အပြည့်အစုံကို ကိုသက်နိုင်က ပြောပြပေးမှာပါ။

မနေ့က ရသေ့တောင်မြို့နယ် ၊ စဖိုကျွန်းအနီးမှာ အောင်တံခွန် သင်္ဘောပေါ် လိုက်ပါစီးနင်းလာတဲ့ ကုန်း လမ်းပို့ ဆောင်ရေးဌာနက ယာဉ်မောင်း ၁၆ ဦးကို AAဖွဲ့က ဖမ်းဆီးခဲ့ပြီး စစ်ဆေး မေးမြန်းဖို့ ပြိန်းတောရွာကို ခေါ်သွား တာ ဖြစ်ပါတယ်။

သူတို့ကို ဒီကနေ့ မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ ပေမယ့် ပြန် လွှတ်လာသူတွေဟာ အခု ဘူးသီးတောင် မြို့နယ်ထဲမှာပဲ ရှိနေသေးတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က ပြောပါတယ်။

“အခုလောလောဆယ်မှာတော့ သူတို့ ဘူးသီးတောင်မှာ ထမင်းစားနေကြတယ်။ နောက်ပြီးတော့ သူတို့ တာဝန်ကျတဲ့ နေရာကို ပြန်ပို့ပေးမယ်။ ဘယ်နေ့ပြန်ပို့မယ်ဆိုတာကိုတော့ ပြောလို့မရသေးဘူး လုံခြုံရေး ဆောင်ရွက်စရာတွေရှိတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ကတော့ သူတို့ ဖမ်းဆီးခဲ့သူ ၁၆ ဦးဟာ စစ်ဘက်နဲ့ မသက်ဆိုင်သူတွေ ဖြစ်တာကြောင့် ဒီကနေ့မနက်ပိုင်းက ဘူးသီးတောင် မြို့နယ် သေကံ ကျေးရွာ စာသင်ကျောင်းမှာ လွှတ်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ဒီဇင်ဘာလ ၂၄ရက်နေ့က ဘူးသီးတောင်မြို့နယ် တောင်ဘဇာနယ်မြေ လဝကရုံးမှာ တာဝန်ကျနေ တဲ့ လဝက အရာရှိ ၃ ဦးကို ဆက်ပြီး ဖမ်းဆီးထားဆဲ ဖြစ်သလို ချင်းပြည်နယ် အမျိုးသား လွှတ်တော်အမတ် ဦးဝှေ့တင်းကိုလည်း အခုထိ လွှတ်မပေးသေးပါဘူး။

AAအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ စစ်ဖက်နဲ့ မသက်ဆိုင်တဲ့ သူတွေဖြစ် တာကြောင့် ပြန်လွှတ်ပေးစေချင်တယ်လို့ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

“ပြန်လွှတ်ပေးစေချင်တာပေါ့ဗျာ ဝန်ထမ်းတွေဟာ တပ်မတော်တို့ ရဲတို့နဲ့ မသက်ဆိုင် လက်နက်ကိုင်အဖွဲ့တွေနဲ့ မသက်ဆိုင်ဘူးလေ။ ဝန်ထမ်းတွေကိုတော့ လွှတ်ပေးစေချင်တယ်။ ဝန်ထမ်းတွေ အလုပ်လုပ်ရတယ် သူတို့ တာဝန် ထမ်းဆောင်နေကြတာပဲဗျာ။”

လက်ရှိအချိန်ထိ AAအဖွဲ့က ဖမ်းဆီးထားသူ အရေအတွက်ကို သေသေချာချာ မသိရသေး ပါဘူး။

ဒါပေမယ့် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေးနဲ့ ပတ်သတ်ပြီး ရခိုင်လက်နက်ကိုင် AAပြောခွင့်ရ ခိုင်သုခက အခုလိုပြောပါတယ်။

“ကျနော်တို့ ဆီမှာ နောက်ထပ်ထိန်းသိမ်းထားတဲ့ စစ်ဘက်ဆိုင်ရာနဲ့ ပတ်သတ်တဲ့သူတွေကို ကျနော်တို့ကတော့ ဆက်ပြီးတော့ ထိန်းသိမ်းထားဖို့ရှိတယ်။ ကျနော်တို့ဘက်က အရင် ကြေညာချက်ထုတ်ပြီးတော့ ပြောထားတာရှိ တယ်။ ရခိုင်အရပ်သားတွေကိုမြန်မာအစိုးရဘက်က ပုဒ်မတွေတပ်ပြီးတော့ မတရားဖမ်းဆီးထားတဲ့ ကျနော်တို့ အပြစ်မဲ့ ပြည်သူတွေကို ပြန်လွှတ် ပေးမယ်ဆိုရင်တော့ အပြန်အလှန်အားဖြင့် ကျနော်တို့ဘက်ကလည်း ကျနော်တို့ ဖမ်းဆီးထားတဲ့ စစ်ဘက်နဲ့ ပတ်သတ်တဲ့ သူတွေအားလုံးကို လွှတ်ပေးမယ်ဆိုပြီးတော့ ပြောထားတာရှိတယ်။ ဒါက အကောင်းဆုံး ရွေးချယ်မှုလို့ ကျနော်တို့ ယူဆတယ်။ အဲဒါကြောင့် မြန်မာအစိုးရဘက်က လုပ်ဆောင်မှု ရှိမရှိဆိုတာကတော့ သူတို့နဲ့ပဲ ဆိုင်တယ်။ သူတို့ဘက်က ကျနော်တို့ ပြည်သူတွေကို လွှတ်မပေးဘူးဆိုရင် ကျနော်တို့ကလည်း ကျနော်တို့ ထိန်းသိမ်းထားသူတွေကို ဆက်ပြီးတော့ ထိန်းသိမ်းထားဖို့ရှိတယ်။”

စစ်သုံ့ပန်း အပြန်အလှန်လဲလှယ်ဖို့ AAအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် အစိုးရဘက်ကလည်း အကြမ်းဖက် အဖွဲ့အစည်းနဲ့ လဲလှယ်စရာအကြောင်းမရှိဘူးလို့ တုံ့ပြန်ထားတာရှိပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို တပ်နဲ့ AAနှစ်ဖက်လုံးကို အရပ်သားတွေနဲ့ ဌာန ဆိုင်ရာ ဝန်ထမ်းတွေကို ဖမ်းဆီး စစ်ဆေးမေးမြန်းတာတွေရှိပြီး တပ်မတော်က ဖမ်းဆီးထားစဉ်သေဆုံးသူ တွေ ရှိသလို ရခိုင်လက် နက်ကိုင် AA ဘက်က ဖမ်းဆီးထားစဉ် သေဆုံးသူတွေလည်း ရှိပါတယ်။ ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းကိုလည်း ရခိုင်လက်နက်ကိုင် AAအဖွဲ့က ဖမ်းစီးထားစဉ် လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးသွားတယ် AAအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်းဒေသမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ဒေသအတွင်း အစု လိုက် ခရီးသွားလာလိုသူတွေအနေနဲ့ AAအဖွဲ့ထံ သတင်းပေးပို့ရမယ် လို့လည်း AAအဖွဲ့က ဒီကနေ့ပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG