သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္မွာ AA က လူအမ်ားအျပား ထပ္ဖမ္းဆီးေခၚေဆာင္


ရခုိင္ျပည္နယ္အတြင္း လုံၿခဳံေရးအတြက္ ကင္းလွည့္ေနသည့္ ျမန္မာတပ္မေတာ္သားမ်ား။

(Zawgyi / Unicode)

ရေသ့ေတာင္ၿမိဳ႕နယ္ ေမယုျမစ္ေၾကာင္းထဲက ေရယာဥ္တစီးေပၚမွာ လိုက္ပါလာသူေတြအနက္ အမ်ဳိးသား အေယာက္ ၅၀ နဲ႔ ၇၀ ၾကားကို AA ရခုိင္လက္နက္ကိုင္တပ္က ဒီကေန႔ ဖမ္းဆီးေခၚေဆာင္သြားတဲ့အေၾကာင္း AA ဘက္ကေရာ ျပည္နယ္အစိုးရနဲ႔ တပ္မေတာ္ ေျပာခြင့္ရတုိ႔ကပါ အတည္ျပဳထားပါတယ္။ အခုလို ဖမ္းဆီးခံထားရသူေတြထဲမွာ အရပ္ဝတ္ စစ္သည္နဲ႔ ရဲတပ္ဖြဲ႔ဝင္ အေယာက္ ၃၀ ထက္မနည္း ပါသြားတဲ့အေၾကာင္းကိုလည္း အတည္ျပဳၾကပါတယ္။ လက္ရွိမွာ ဖမ္းဆီးခံထားရသူေတြ လြတ္ေျမာက္ေရးအတြက္ စစ္တပ္က ရဟတ္ယာဥ္သံုးၿပီး ပိုက္စိပ္တိုက္ ရွာေဖြေနတာမွာ ပစ္ခတ္မႈတခ်ဳိ႕လည္း ရွိတာေၾကာင့္ ေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့အေၾကာင္း ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ႏုိင္ကြန္းအိန္က စံုစမ္းေမးျမန္းၿပီး တင္ျပထားပါတယ္။

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေမယုျမစ္ေၾကာင္းအတြင္း ေျပးဆြဲေနတဲ့ ေရႊနဒီ အျမန္ယာဥ္တစီးကို ဒီကေန႔မွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကေန တားျမစ္စစ္ေဆးခဲ့ၿပီး ျမန္မာစစ္တပ္နဲ႔ ရဲတပ္ဖြဲ႔လို႔ ယူဆရတဲ့ အရပ္၀တ္ အေယာက္ ၅၀ ခန္႔ကို ဖမ္းဆီးေခၚေဆာင္ခဲ့ေၾကာင္း AA ျပန္ၾကားေရးတာ၀န္ခံ ခိုင္သုခက ေျပာပါတယ္။

“ဒီေန႔ ၁၀ နာရီေက်ာ္ေလာက္မွာ ေရႊနဒီအျမန္ယာဥ္မွာ အရပ္သားဟန္ေဆာင္ၿပီးေတာ့မွ စီးနင္းလိုက္ပါလာတဲ့ ဗမာလက္နက္ကိုင္တခ်ိဳ႕ကို ရေသ့ေတာင္ရဲ႕ အထက္ဘက္မွာ လုံၿခံဳေရးအရ စစ္ေဆးဖို႔အတြက္ အဲဒါ က်ေနာ္တုိ႔ ထိန္းသိမ္းထားတာ ရွိတယ္ဗ်။ အဲဒီမွာ စစ္တပ္အရာရွိေတြလည္း ပါတယ္။ ရဲအရာရွိေတြလည္း ပါတယ္။ ေနာက္ အျခားအဆင့္ေတြလည္း ပါတာေပါ့ေနာ္။ က်ေနာ္သိရသေလာက္ေတာ့ ၅၀ ၀န္းက်င္ေလာက္ရွိတယ္လို႔ ေျပာတယ္ဗ်။ ေလာေလာဆယ္ေတာ့ က်ေနာ္တို႔ ထိန္းသိမ္းထားတယ္ ဆုိတာေလာက္ပဲ ေျပာႏုိင္တယ္ဗ်။”

ဖမ္းဆီးေခၚေဆာင္အၿပီး ဘာဆက္လုပ္သြားမယ္ဆိုတာ မေျပာႏုိင္ေသးဘူးလို႔ ဆိုပါတယ္။

စစ္ေတြၿမိဳ႕ အျမန္ေရယာဥ္ဆိပ္ကမ္းကေန ဘူးသီးေတာင္ကို ထြက္ခြာလာတဲ့ ေရႊနဒီ အျမန္ေရယာဥ္ကို ဒီေန႔မနက္ ၁၀ နာရီခြဲေလာက္မွာ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေရမ်က္ေက်းရြာအနီး AA အဖြဲ႔က တားဆီးခဲ့ၿပီး ခရီးသည္ ၁၆၀ ေက်ာ္အနက္ ၅၀ ဦးေက်ာ္ ေခၚထားခဲ့တယ္လို႔ ခိုင္သုခက ဆိုပါတယ္။

ရခိုင္ျပည္နယ္ လုံၿခံဳေရးနဲ႔ နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးမင္းသန္းကေတာ့ ဖမ္းဆီးေခၚေဆာင္သြားတဲ့အထဲ နယ္ျခားေစာင့္ရဲ အပါအ၀င္ အရပ္သား ၇၀ ခန္႔ ပါ၀င္တယ္လို႔ အတည္ျပဳ ေျပာပါတယ္။

“AA က ေသနတ္နဲ႔လွမ္းပစ္ၿပီးေတာ့ စက္ေလွကို တားတယ္။ စက္ေလွေပၚကေန အဲဒီေယာက်ာ္းေတြ မိန္းမေတြ ဆင္းခိုင္းၿပီးေတာ့ မိန္းမေတြေတာ့ ျပန္လႊတ္လိုက္တယ္။ ေယာက်္ားေတြထဲကေတာ့ တခ်ိဳ႕ ရဲတပ္ဖြဲ႔ နယ္ျခားေစာင့္ရဲတပ္ဖြဲ႔ထဲက လူေတြေတာ့ ပါတာေပါ့။ အဲဒီသူေတြ အရပ္သားေတြ အကုန္ဖမ္းသြားတယ္။ အားလုံးေတာ့ ၅၀ နဲ႔ ၇၀ ၾကားေလာက္ ျဖစ္တယ္။ တပ္ကေတာ့ အားခ်င္းေပါ့ဗ်ာ ရဟတ္ယာဥ္နဲ႔တက္ၿပီး လိုက္ရွာတယ္။ စစ္ေၾကာင္းေတြ လိုက္ေနတယ္။ ေလာေလာဆယ္ေတာ့ မရေသးဘူး။”

ဖမ္းဆီးေခၚေဆာင္ခံရတဲ့သူေတြ ျပန္လည္လြတ္ေျမာက္ေရးအတြက္ ျမန္မာစစ္တပ္ကေန ရဟတ္ယာဥ္သုံးၿပီး ရွာေဖြေနဆဲလို႔ သူက ေျပာပါတယ္။ AA အဖြဲ႔ကေန ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ ယူဆရတဲ့ လမ္းေၾကာင္းတေလွ်ာက္မွာ ျမန္မာစစ္တပ္ကေန ရဟတ္ယာဥ္နဲ႔ ဒီကေန႔မွာ ပစ္ခတ္မႈေတြ လုပ္ေဆာင္ေနပါတယ္။

အထူးသျဖင့္ ေက်ာက္တန္း၊ ထီးစြဲ၊ ေရမ်က္၊ ေရဘုတ္၊ ေမာင္ျဖဴ ေက်းရြာအနီးတ၀ိုက္နဲ႔ ေတာင္ေၾကာေပၚမွာ ပစ္ခတ္မႈေတြ လုပ္ေဆာင္ေနတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ဒီေန႔ မြန္းလြဲပိုင္း ေက်ာက္တန္းေက်းရြာနဲ႔ အနီးတ၀ိုက္ေတြမွာ ရဟတ္ယာဥ္နဲ႔ ပစ္ခတ္မႈေတြ လုပ္ေဆာင္ေနတာေၾကာင့္ ရြာသားေတြ တိမ္းေရွာင္ေနရတယ္လို႔ ေက်ာက္တန္းရြာသားတဦးက ေျပာပါတယ္။

“ရြာထဲကေလ ဟိုက္စကီး ၃ စီး ၀ဲၿပီးေတာ့ လက္နက္ငယ္ေတြနဲ႔ပစ္တာ ေတြ႔လိုက္တယ္ခင္ဗ်။ တိုက္ပြဲျဖစ္တာေတာ့ မဟုတ္ဘူး။ ရြာသားေတြက အကုန္လုံး ထြက္ေျပးေနရပါတယ္။”

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ဖမ္းဆီးခံရတဲ့ ရဲတပ္ဖြဲ႔ေတြ လြတ္ေျမာက္ေရးအတြက္ လိုအပ္လို႔ ရဟတ္ယာဥ္အသုံးျပဳတာျဖစ္ေၾကာင္း ေျပာပါတယ္။

“ရဲတပ္ဖြဲ႔၀င္ေတြ ဖမ္းသြားတယ္။ ဦးေရေတာ့ အတည္ျပဳလို႔ မရေသးဘူး။ အနည္းဆုံးကေတာ့ ၃၀ ေက်ာ္ေလာက္ရွိတယ္။ အဲဒီမွာရွိတဲ့ ခရီးသည္တခ်ိဳ႕ကို ဖမ္းသြားတယ္။ အဲဒါေတြကို ကယ္ထုတ္ဖို႔ က်ေနာ္တုိ႔လုပ္ေနတာ။ ေလယာဥ္သုံးတာ မဟုတ္ဘူး၊ ရဟတ္ယာဥ္သုံးတာျဖစ္တယ္။ မည္သည့္ေသာင္းက်န္းမႈ ႏွိမ္နင္းေရး စစ္ဆင္ေရးပါမဆို ေလယာဥ္၊ ရဟတ္ယာဥ္ မသုံးရဆိုတဲ့ ႏုိင္ငံတကာဥပေဒလည္း မရွိဘူး။ လိုအပ္တဲ့အင္အားကို အသုံးျပဳခြင့္ရွိတယ္။ လိုအပ္ရင္ ေဆာင္ရြက္ရမွာျဖစ္တယ္။”

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၁ ရက္ေန႔တုန္းကလည္း ေျမာက္ဦး-စစ္ေတြကားလမ္း၊ ကံႀကီးေကြ႔ မိုင္တိုင္အမွတ္ ၁၂၇ အနီးမွာ ခရီးသည္တင္ယာဥ္နဲ႔ လိုက္ပါလာတဲ့ မီးသတ္တပ္ဖြဲ႔ဝင္ ၁၉ ဦးနဲ႔ ခရီးသည္ ၁၂ ဦးတို႔ကို AA ရခိုင္လက္နက္ကိုင္အဖြဲ႔ကေန ဖမ္းဆီးေခၚေဆာင္သြားခဲ့တာပါ။

ရခိုင္ျပည္နယ္အတြင္း ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ လက္နက္ကိုင္ပဋိပကၡ ျဖစ္စဥ္အတြင္း အဖြဲ႔နဲ႔ဆက္စပ္သူဆိုၿပီး သံသယရွိသူေတြကို အျပန္အလွန္ ဖမ္းဆီးမႈေတြ ပိုမိုမ်ားျပားလာေနပါတယ္။

----------------------------------------

(Unicode)

ရခိုင်မှာ AA က လူအများအပြား ထပ်ဖမ်းဆီးခေါ်ဆောင်

ရသေ့တောင်မြို့နယ် မေယုမြစ်ကြောင်းထဲက ရေယာဉ်တစီးပေါ်မှာ လိုက်ပါလာသူတွေအနက် အမျိုးသား အယောက် ၅၀ နဲ့ ၇၀ ကြားကို AA ရခိုင်လက်နက်ကိုင်တပ်က ဒီကနေ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အကြောင်း AA ဘက်ကရော ပြည်နယ်အစိုးရနဲ့ တပ်မတော် ပြောခွင့်ရတို့ကပါ အတည်ပြုထားပါတယ်။ အခုလို ဖမ်းဆီးခံထားရသူတွေထဲမှာ အရပ်ဝတ် စစ်သည်နဲ့ ရဲတပ်ဖွဲ့ဝင် အယောက် ၃၀ ထက်မနည်း ပါသွားတဲ့အကြောင်းကိုလည်း အတည်ပြုကြပါတယ်။ လက်ရှိမှာ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေးအတွက် စစ်တပ်က ရဟတ်ယာဉ်သုံးပြီး ပိုက်စိပ်တိုက် ရှာဖွေနေတာမှာ ပစ်ခတ်မှုတချို့လည်း ရှိတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က စုံစမ်းမေးမြန်းပြီး တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုမြစ်ကြောင်းအတွင်း ပြေးဆွဲနေတဲ့ ရွှေနဒီ အမြန်ယာဉ်တစီးကို ဒီကနေ့မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ တားမြစ်စစ်ဆေးခဲ့ပြီး မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့လို့ ယူဆရတဲ့ အရပ်ဝတ် အယောက် ၅၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

“ဒီနေ့ ၁၀ နာရီကျော်လောက်မှာ ရွှေနဒီအမြန်ယာဉ်မှာ အရပ်သားဟန်ဆောင်ပြီးတော့မှ စီးနင်းလိုက်ပါလာတဲ့ ဗမာလက်နက်ကိုင်တချို့ကို ရသေ့တောင်ရဲ့ အထက်ဘက်မှာ လုံခြုံရေးအရ စစ်ဆေးဖို့အတွက် အဲဒါ ကျနော်တို့ ထိန်းသိမ်းထားတာ ရှိတယ်ဗျ။ အဲဒီမှာ စစ်တပ်အရာရှိတွေလည်း ပါတယ်။ ရဲအရာရှိတွေလည်း ပါတယ်။ နောက် အခြားအဆင့်တွေလည်း ပါတာပေါ့နော်။ ကျနော်သိရသလောက်တော့ ၅၀ ဝန်းကျင်လောက်ရှိတယ်လို့ ပြောတယ်ဗျ။ လောလောဆယ်တော့ ကျနော်တို့ ထိန်းသိမ်းထားတယ် ဆိုတာလောက်ပဲ ပြောနိုင်တယ်ဗျ။”

ဖမ်းဆီးခေါ်ဆောင်အပြီး ဘာဆက်လုပ်သွားမယ်ဆိုတာ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်တွေမြို့ အမြန်ရေယာဉ်ဆိပ်ကမ်းကနေ ဘူးသီးတောင်ကို ထွက်ခွာလာတဲ့ ရွှေနဒီ အမြန်ရေယာဉ်ကို ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ ရသေ့တောင်မြို့နယ်၊ ရေမျက်ကျေးရွာအနီး AA အဖွဲ့က တားဆီးခဲ့ပြီး ခရီးသည် ၁၆၀ ကျော်အနက် ၅၀ ဦးကျော် ခေါ်ထားခဲ့တယ်လို့ ခိုင်သုခက ဆိုပါတယ်။

ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကတော့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အထဲ နယ်ခြားစောင့်ရဲ အပါအဝင် အရပ်သား ၇၀ ခန့် ပါဝင်တယ်လို့ အတည်ပြု ပြောပါတယ်။

“AA က သေနတ်နဲ့လှမ်းပစ်ပြီးတော့ စက်လှေကို တားတယ်။ စက်လှေပေါ်ကနေ အဲဒီယောကျာ်းတွေ မိန်းမတွေ ဆင်းခိုင်းပြီးတော့ မိန်းမတွေတော့ ပြန်လွှတ်လိုက်တယ်။ ယောကျ်ားတွေထဲကတော့ တချို့ ရဲတပ်ဖွဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ထဲက လူတွေတော့ ပါတာပေါ့။ အဲဒီသူတွေ အရပ်သားတွေ အကုန်ဖမ်းသွားတယ်။ အားလုံးတော့ ၅၀ နဲ့ ၇၀ ကြားလောက် ဖြစ်တယ်။ တပ်ကတော့ အားချင်းပေါ့ဗျာ ရဟတ်ယာဉ်နဲ့တက်ပြီး လိုက်ရှာတယ်။ စစ်ကြောင်းတွေ လိုက်နေတယ်။ လောလောဆယ်တော့ မရသေးဘူး။”

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့သူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် မြန်မာစစ်တပ်ကနေ ရဟတ်ယာဉ်သုံးပြီး ရှာဖွေနေဆဲလို့ သူက ပြောပါတယ်။ AA အဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယူဆရတဲ့ လမ်းကြောင်းတလျှောက်မှာ မြန်မာစစ်တပ်ကနေ ရဟတ်ယာဉ်နဲ့ ဒီကနေ့မှာ ပစ်ခတ်မှုတွေ လုပ်ဆောင်နေပါတယ်။

အထူးသဖြင့် ကျောက်တန်း၊ ထီးစွဲ၊ ရေမျက်၊ ရေဘုတ်၊ မောင်ဖြူ ကျေးရွာအနီးတဝိုက်နဲ့ တောင်ကြောပေါ်မှာ ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီနေ့ မွန်းလွဲပိုင်း ကျောက်တန်းကျေးရွာနဲ့ အနီးတဝိုက်တွေမှာ ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် ရွာသားတွေ တိမ်းရှောင်နေရတယ်လို့ ကျောက်တန်းရွာသားတဦးက ပြောပါတယ်။

“ရွာထဲကလေ ဟိုက်စကီး ၃ စီး ဝဲပြီးတော့ လက်နက်ငယ်တွေနဲ့ပစ်တာ တွေ့လိုက်တယ်ခင်ဗျ။ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ ရွာသားတွေက အကုန်လုံး ထွက်ပြေးနေရပါတယ်။”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဖမ်းဆီးခံရတဲ့ ရဲတပ်ဖွဲ့တွေ လွတ်မြောက်ရေးအတွက် လိုအပ်လို့ ရဟတ်ယာဉ်အသုံးပြုတာဖြစ်ကြောင်း ပြောပါတယ်။

“ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းသွားတယ်။ ဦးရေတော့ အတည်ပြုလို့ မရသေးဘူး။ အနည်းဆုံးကတော့ ၃၀ ကျော်လောက်ရှိတယ်။ အဲဒီမှာရှိတဲ့ ခရီးသည်တချို့ကို ဖမ်းသွားတယ်။ အဲဒါတွေကို ကယ်ထုတ်ဖို့ ကျနော်တို့လုပ်နေတာ။ လေယာဉ်သုံးတာ မဟုတ်ဘူး၊ ရဟတ်ယာဉ်သုံးတာဖြစ်တယ်။ မည်သည့်သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေးပါမဆို လေယာဉ်၊ ရဟတ်ယာဉ် မသုံးရဆိုတဲ့ နိုင်ငံတကာဥပဒေလည်း မရှိဘူး။ လိုအပ်တဲ့အင်အားကို အသုံးပြုခွင့်ရှိတယ်။ လိုအပ်ရင် ဆောင်ရွက်ရမှာဖြစ်တယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့တုန်းကလည်း မြောက်ဦး-စစ်တွေကားလမ်း၊ ကံကြီးကွေ့ မိုင်တိုင်အမှတ် ၁၂၇ အနီးမှာ ခရီးသည်တင်ယာဉ်နဲ့ လိုက်ပါလာတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးနဲ့ ခရီးသည် ၁၂ ဦးတို့ကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်း အဖွဲ့နဲ့ဆက်စပ်သူဆိုပြီး သံသယရှိသူတွေကို အပြန်အလှန် ဖမ်းဆီးမှုတွေ ပိုမိုများပြားလာနေပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG