သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ျပည္နယ္မွာ ရဲယာဥ္တန္း တုိက္ခုိက္ခံရ၊ ထိခုိက္ေသဆုံးမႈရွိ


ရခုိင္ျပည္နယ္မွာ ရဲယာဥ္တန္း တုိက္ခုိက္ခံရ (ဓါတ္ပုံ -ရခုိင္ျပည္နယ္ အစုိးရ)

( Zawgyi/ Unicode )

စစ္ေရးပဋိပကၡတင္းမာေနဆဲ ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲျဖစ္စဥ္နဲ႕အတူ ဗုံးခြဲတိုက္ခိုက္မွဳျဖစ္စဥ္ေတြျဖစ္ပြား ေနတာပါ။ မေန႕က ဘူးသီးေထာင္အက်ဥ္းေထာင္ကေန ေမာင္ေတာကိုျပန္လာတဲ့ အက်ဥ္းေထာင္လုံျခံဳေရးကားတစီး မိုင္းခြဲတိုက္ ခိုက္ခံရျပီး ကားထဲမွာပါလာတဲ့ ရဲတပ္ဖြဲ႕၀င္ေတြ ေသဆုံးဒဏ္ရာရမွဳေတြရွိခဲ့တယ္လို႕ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕နဲ႕ ေဒသ ခံေတြကေျပာပါတယ္။

ဒီတိုက္ခိုက္မွဳဟာ AAအဖြဲ႕လက္ခ်က္လို႕တပ္မေတာ္ဖက္ကစြပ္စြဲေနျပီးAAတာ၀န္ရွိသူေတြကေတာ့ သူတို႕အဖြဲ႕လက္ခ်က္မဟုတ္ေၾကာင္းျငင္းဆိုထားပါတယ္။ ရခိုင္ျပည္နယ္အတြင္းမွာလဲ ပစ္ခတ္တိုက္ခိုက္မွဳေတြရွိေနဆဲ အေျခအေနကိုေတာ့ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္ကေနသတင္းေပးပို႕ထားပါတယ္။

ရခိုင္ျပည္နယ္ ဘူးသီးေတာင္ ေမာင္ေတာလမ္းမွာ အခ်ဳပ္သားေတြကို လုံျခံဳေရးယူလာတဲ့ ရဲယာဥ္တစီး မေန႕ည ေနပိုင္းမွာ မိုင္းဆဲြ တိုက္ခိုက္ခံရျပီး ေသဆုံးထိခိုက္ ဒဏ္ရာရမႈ ေတြရွိေနတယ္ လို႕ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ လုံၿခဳံ ေရးနဲ႕ နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မွဴးႀကီးမင္းသန္းက ဗီြအိုေအကိုေျပာပါတယ္။

“ဟုတ္တယ္။ မေန႕ညေနက အက်ဥ္းေထာင္က ရံုးထုတ္တာေပါ့။ ဘူးသီးေထာင္အက်ဥ္းေထာင္က ေမာင္ေတာကိုျပန္ လာတဲ့ကားျဖစ္မယ္။ အဲဒီကားကိုမိုင္းခြဲတယ္။ ပစ္လဲပစ္ခတ္တိုက္ခိုက္တယ္ေပါ့။ ထိခိုက္မႈ အေျခအေနက ရဲတပ္သား ေလး(၂)ေယာက္က်ဆုံးသြားတယ္။ ေနာက္ျပီးေတာ့ (၄)ဦးဒဏ္ရာရသြားတာေပါ့။ ဘယ္အဖြဲ႕ဆိုေတာ့AAအဖြဲ႕ေပါ့။ လုပ္ ေဆာင္ခ်က္ေတြက မိုင္းခြဲတာရယ္။ ေနာက္က်ည္ဆံေတြရယ္ ေသနတ္ဒဏ္ရာေတြရယ္။”

ေမာင္ေတာၿမိဳ႕နယ္ တရား႐ုံးကေန အခ်ဳပ္သားေတြကို ႐ုံးခ်ိန္းထုတ္သယ္ေဆာင္လာခ်ိန္ လုံျခဳံေရး လိုက္ပါလာတဲ့ နယ္ျခားေစာင့္ ရဲတပ္ရင္း ၃ က ယာဥ္တန္းကို ေမာင္ေတာနဲ႔ ဘူးသီးေတာင္ၾကားက ၆ မိုင္မွာ မိုင္းသုံးလုံးခြဲ တိုက္ ခိုက္ခံရတာပါ။

ရဲလုံျခံဳေရးကား တိုက္ခိုက္ခံရေပမဲ့ အက်ဥ္းသားေတြတင္ေဆာင္လာတဲ့ကားေတာ့ ထိခိုက္မႈ မရွိခဲ့ပါဘူး။

AAတပ္ဖြဲ႕ေတြအေနနဲ႕ ရဲတပ္ဖြဲ႕၀င္ေတြကို ပစ္မွတ္ထား တိုက္ခိုက္ေနမွဳအေပၚ ၀န္ႀကီး ဗိုလ္မွဴးႀကီးမင္းသန္းက အခုလိုဆက္ေျပာပါတယ္။

“ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဆိုတာ တရားဥပေဒစိုးမိုးေရးေပါ့ေနာ္။ နယ္ေျမတည္ျငိမ္ေအးခ်မ္းေရးကို အဓိကအေထာက္ကူျပဳတဲ့ အဖြဲ႕ဘဲ။ ေျပာရရင္ေတာ့ျပည္သူ႕အက်ိဳးျပဳလုပ္ေနတဲ့လူေတြကို ပစ္မွတ္ထားျပီးတိုက္ခိုက္တာေပါ့။ အဲဒီလိုေတာ့ မေကာင္းဘူးဗ်ေနာ။ အၾကမ္းဖက္ လုပ္ရပ္မ်ိဳးကို လုပ္တဲ့လူသာ ဒီလိုပစ္မွတ္မ်ိဳးကို ေရြးတိုက္တာေပါ့ေနာ။”

အခင္းျဖစ္ပြားရာအနီး သစ္ေတာေက်းရြာသားတဦးက ဗုံးခြဲတိုက္ခိုက္မွဳျဖစ္စဥ္အတြင္း ရဲတပ္သားေတြ ထိခိုက္ဒဏ္ရာရမွဳ ဟာ လုံနယ္၀န္ႀကီး ေျပာတာထက္ ပိုမ်ားတယ္လို႕ေျပာပါတယ္။

“ဘူးသီးေတာင္နဲ႕ေမာင္ေတာအၾကား တရားခံကို ရံုးထုတ္တဲ့ကားလို႕ေျပာတယ္။ ရဲက လုံျခံဳေရး လိုက္လာတယ္ေလ။ အဲဒီမွာမိုင္းခြဲတာ။ ထိခိုက္မွဳက ေသတာ(၂)ေယာက္ ဒဏ္ရာရတာ(၁၁)ေယာက္။ နယ္ျခားေစာင့္လား ရဲလားဆို ကြ်န္ေတာ္တို႕လဲအေသအခ်ာမသိဘူး။”

နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ယာဥ္တန္း မိုင္းခြဲတိုက္ခိုက္ခံရမွဳမွာ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕ လက္ခ်က္မဟုတ္ေၾကာင္း AAျပန္ၾကားေရး တာ၀န္ခံခိုင္သုခက ေျပာပါတယ္။

“အဲဒီကိစၥကကြ်န္ေတာ္တို႕ဖက္ကလုပ္တာမဟုတ္ဘူးဗ်။ ကြ်န္ေတာ္တို႕နဲ႕ဘာမွမဆိုင္ဘူး။ ေအာက္ေျခတပ္အားလုံး ကိုကြ်န္ေတာ္တို႕ေမးျပီးျပီး။ အခုျဖစ္တဲ့ဥစၥာကလဲ ဗမာစစ္တပ္ေတြ အေျခစိုက္ထားတဲ့ ၾကားထဲမွာျဖစ္တာ။ ဘယ္သူလုပ္ တဲ့ဥစၥာဆိုတာေတာ့ ကြ်န္ေတာ္တို႕လဲ အေသအခ်ာမသိဘူးဗ်။”

ဒီႏွစ္ဆန္းပိုင္းမွာ ရခိုင္ျပည္နယ္ဘူးသီးေတာင္ျမိဳ႕နယ္ထဲမွာ နယ္ျခားေစာင့္ရဲစခန္းေလးခုအပါ၀င္ ေျမာက္ဦးရဲတပ္ရင္း ယိုးတရုတ္ရဲကင္းစခန္းေတြကို AAဖက္က ၀င္ေရာက္တိုက္ခိုက္တဲ့ ျဖစ္စဥ္ေတြလဲရွိခဲ့ပါတယ္။

ဒီကေန႕မွာလဲ မင္းျပားျမိဳ႕နယ္ဒိုင္းသားရြာဖက္နဲ႕ ပလက္၀ျမိဳ႕နယ္ဖက္မွာ တိုက္ပြဲျဖစ္ပြားမွဳရွိေနတယ္လို႕ ခိုင္သုခက ေျပာပါတယ္။

“ဒီေန႕မွာလဲမင္းျပားျမိဳ႕နယ္ ေလးျမိဳ႕ျမစ္ရဲ႕အေရွ႕ဖက္ကမ္း ဒိုင္းသားရြာဖက္မွာေတာ့ လက္နက္ၾကီးေတြနဲ႕ေတာက္ ေလွ်ာက္ ဗမာစစ္တပ္ဖက္က လွမ္းျပီးေတာ့ပစ္ေနတာရွိတယ္။ တျခားေနရာေတြမွာ ပလက္၀ဖက္မွာလဲဘဲ ပစ္ခတ္မွဳ ေတြရွိတယ္လို႕ေတာ့ ေဒသအတြင္းသတင္းေတြအရေတာ့သိရတယ္။ ဒါေပမဲ့ တိုက္ပြဲအေသးစိတ္ေတြကေတာ့ ကြ်န္ေတာ္ ဆီကို ေအာက္ေျခကေတာ့ ဘာမွေျပာလာတာမရွိေသးဘူး။”

မေန႕ကလဲမင္းျပားျမိဳ႕နယ္ေက်ာ္ကရြာဖက္မွာ ျမန္မာစစ္တပ္နဲ႕ AAရခိုင္လက္နက္ကိုင္ အဖြဲ႕တို႕တိုက္ပြဲျဖစ္ခဲ့တယ္လို႕ ခိုင္သုခက ေျပာပါတယ္။

ဒီေန႕မနက္မွာလဲ ေက်ာက္ေတာ္ျမိဳ႕နယ္ ဗုေဒၶါေက်းရြာဖက္ကို ျမန္မာစစ္တပ္ကေန လက္နက္ႀကီးေတြနဲ႕ ပစ္ခတ္မွဳရွိ ေနတယ္လို႕ ကန္ေစာက္ေက်းရြာသားေတြကေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္နဲ႕(AA)အဖြဲ႕တို႔ တိုက္ပဲြျဖစ္ပြားေနစဥ္ကာလတြင္း အရပ္သား ကားေတြ အပါအဝင္ ရဲတပ္ဖဲြ႔ဝင္ယာဥ္တန္း တပ္မေတာ္ယာဥ္တန္းေတြ မၾကာခဏ မိုင္းခဲြတိုက္ခိုက္ခံေနရပါတယ္။

မေန႕ကလဲ ေျမာက္ဦးျမိဳ႕နယ္တိမ္ညိဳေက်းရြာတံတားဖက္မွာ မိုင္းေပါက္ကြဲမွဳျဖစ္ခဲ့ျပီး ထိခိုက္မွဳမရွိဘူးလို႕ ေဒသခံ ရြာသားေတြကေျပာပါတယ္။

ေအာက္တိုဘာ ၂၁ ရက္ေန႕ကလဲ ေမာင္ေတာၿမိဳ႕နယ္၊ ေမာင္ေတာ-အငူေမာ္သြား ကားလမ္းေပၚမွာ လမ္းလုပ္ငန္းဦးစီး ဌာနကေန လမ္းျပဳျပင္ဖို႕အတြက္ ေျမထိုးစက္နဲ႕ေျမျပဳျပင္စဥ္ မုိင္းတစ္လံုးေတြ႕ရွိလို႕လုံၿခံဳေရးတပ္ဖြဲ႕ဝင္ေတြကေန ရွင္းလင္းခဲ့ရတယ္လို႕ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးကေန သတင္းထုတ္ျပန္ထားပါတယ္။

.........................

( Unicode )

ရခိုင်ပြည်နယ်မှာ ရဲယာဉ်တန်း တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိ

စစ်ရေးပဋိပက္ခတင်းမာနေဆဲ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်စဉ်နဲ့အတူ ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်တွေဖြစ်ပွား နေတာပါ။ မနေ့က ဘူးသီးထောင်အကျဉ်းထောင်ကနေ မောင်တောကိုပြန်လာတဲ့ အကျဉ်းထောင်လုံခြုံရေးကားတစီး မိုင်းခွဲတိုက် ခိုက်ခံရပြီး ကားထဲမှာပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှုတွေရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဒေသ ခံတွေကပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ AAအဖွဲ့လက်ချက်လို့တပ်မတော်ဖက်ကစွပ်စွဲနေပြီးAAတာဝန်ရှိသူတွေကတော့ သူတို့အဖွဲ့လက်ချက်မဟုတ်ကြောင်းငြင်းဆိုထားပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာလဲ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေဆဲ အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောလမ်းမှာ အချုပ်သားတွေကို လုံခြုံရေးယူလာတဲ့ ရဲယာဉ်တစီး မနေ့ည နေပိုင်းမှာ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက် ဒဏ်ရာရမှု တွေရှိနေတယ် လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံ ရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ဗွီအိုအေကိုပြောပါတယ်။

“ဟုတ်တယ်။ မနေ့ညနေက အကျဉ်းထောင်က ရုံးထုတ်တာပေါ့။ ဘူးသီးထောင်အကျဉ်းထောင်က မောင်တောကိုပြန် လာတဲ့ကားဖြစ်မယ်။ အဲဒီကားကိုမိုင်းခွဲတယ်။ ပစ်လဲပစ်ခတ်တိုက်ခိုက်တယ်ပေါ့။ ထိခိုက်မှု အခြေအနေက ရဲတပ်သား လေး(၂)ယောက်ကျဆုံးသွားတယ်။ နောက်ပြီးတော့ (၄)ဦးဒဏ်ရာရသွားတာပေါ့။ ဘယ်အဖွဲ့ဆိုတော့AAအဖွဲ့ပေါ့။ လုပ် ဆောင်ချက်တွေက မိုင်းခွဲတာရယ်။ နောက်ကျည်ဆံတွေရယ် သေနတ်ဒဏ်ရာတွေရယ်။”

မောင်တောမြို့နယ် တရားရုံးကနေ အချုပ်သားတွေကို ရုံးချိန်းထုတ်သယ်ဆောင်လာချိန် လုံခြုံရေး လိုက်ပါလာတဲ့ နယ်ခြားစောင့် ရဲတပ်ရင်း ၃ က ယာဉ်တန်းကို မောင်တောနဲ့ ဘူးသီးတောင်ကြားက ၆ မိုင်မှာ မိုင်းသုံးလုံးခွဲ တိုက် ခိုက်ခံရတာပါ။

ရဲလုံခြုံရေးကား တိုက်ခိုက်ခံရပေမဲ့ အကျဉ်းသားတွေတင်ဆောင်လာတဲ့ကားတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။

AAတပ်ဖွဲ့တွေအနေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှုအပေါ် ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက အခုလိုဆက်ပြောပါတယ်။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတာ တရားဥပဒေစိုးမိုးရေးပေါ့နော်။ နယ်မြေတည်ငြိမ်အေးချမ်းရေးကို အဓိကအထောက်ကူပြုတဲ့ အဖွဲ့ဘဲ။ ပြောရရင်တော့ပြည်သူ့အကျိုးပြုလုပ်နေတဲ့လူတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်တာပေါ့။ အဲဒီလိုတော့ မကောင်းဘူးဗျနော။ အကြမ်းဖက် လုပ်ရပ်မျိုးကို လုပ်တဲ့လူသာ ဒီလိုပစ်မှတ်မျိုးကို ရွေးတိုက်တာပေါ့နော။”

အခင်းဖြစ်ပွားရာအနီး သစ်တောကျေးရွာသားတဦးက ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရဲတပ်သားတွေ ထိခိုက်ဒဏ်ရာရမှု ဟာ လုံနယ်ဝန်ကြီး ပြောတာထက် ပိုများတယ်လို့ပြောပါတယ်။

“ဘူးသီးတောင်နဲ့မောင်တောအကြား တရားခံကို ရုံးထုတ်တဲ့ကားလို့ပြောတယ်။ ရဲက လုံခြုံရေး လိုက်လာတယ်လေ။ အဲဒီမှာမိုင်းခွဲတာ။ ထိခိုက်မှုက သေတာ(၂)ယောက် ဒဏ်ရာရတာ(၁၁)ယောက်။ နယ်ခြားစောင့်လား ရဲလားဆို ကျွန်တော်တို့လဲအသေအချာမသိဘူး။”

နယ်ခြားစောင့်ရဲတပ်ဖွဲ့ယာဉ်တန်းမိုင်းခွဲတိုက်ခိုက်ခံရမှုမှာ ရခိုင်လက်နက်ကိုင် AAအဖွဲ့ လက်ချက်မဟုတ်ကြောင်း AAပြန်ကြားရေး တာဝန်ခံခိုင်သုခက ပြောပါတယ်။

“အဲဒီကိစ္စကကျွန်တော်တို့ဖက်ကလုပ်တာမဟုတ်ဘူးဗျ။ ကျွန်တော်တို့နဲ့ဘာမှမဆိုင်ဘူး။ အောက်ခြေတပ်အားလုံး ကိုကျွန်တော်တို့မေးပြီးပြီး။ အခုဖြစ်တဲ့ဥစ္စာကလဲ ဗမာစစ်တပ်တွေ အခြေစိုက်ထားတဲ့ ကြားထဲမှာဖြစ်တာ။ ဘယ်သူလုပ် တဲ့ဥစ္စာဆိုတာတော့ ကျွန်တော်တို့လဲ အသေအချာမသိဘူးဗျ။”

ဒီနှစ်ဆန်းပိုင်းမှာ ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်ထဲမှာ နယ်ခြားစောင့်ရဲစခန်းလေးခုအပါဝင် မြောက်ဦးရဲတပ်ရင်း ယိုးတရုတ်ရဲကင်းစခန်းတွေကို AAဖက်က ဝင်ရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေလဲရှိခဲ့ပါတယ်။

ဒီကနေ့မှာလဲ မင်းပြားမြို့နယ်ဒိုင်းသားရွာဖက်နဲ့ ပလက်ဝမြို့နယ်ဖက်မှာ တိုက်ပွဲဖြစ်ပွားမှုရှိနေတယ်လို့ ခိုင်သုခက ပြောပါတယ်။

“ဒီနေ့မှာလဲမင်းပြားမြို့နယ် လေးမြို့မြစ်ရဲ့အရှေ့ဖက်ကမ်း ဒိုင်းသားရွာဖက်မှာတော့ လက်နက်ကြီးတွေနဲ့တောက် လျှောက် ဗမာစစ်တပ်ဖက်က လှမ်းပြီးတော့ပစ်နေတာရှိတယ်။ တခြားနေရာတွေမှာ ပလက်ဝဖက်မှာလဲဘဲ ပစ်ခတ်မှု တွေရှိတယ်လို့တော့ ဒေသအတွင်းသတင်းတွေအရတော့သိရတယ်။ ဒါပေမဲ့ တိုက်ပွဲအသေးစိတ်တွေကတော့ ကျွန်တော် ဆီကို အောက်ခြေကတော့ ဘာမှပြောလာတာမရှိသေးဘူး။”

မနေ့ကလဲမင်းပြားမြို့နယ်ကျော်ကရွာဖက်မှာ မြန်မာစစ်တပ်နဲ့ AAရခိုင်လက်နက်ကိုင် အဖွဲ့တို့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။

ဒီနေ့မနက်မှာလဲ ကျောက်တော်မြို့နယ် ဗုဒ္ဓေါကျေးရွာဖက်ကို မြန်မာစစ်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုရှိ နေတယ်လို့ ကန်စောက်ကျေးရွာသားတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့(AA)အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလတွင်း အရပ်သား ကားတွေ အပါအဝင် ရဲတပ်ဖွဲ့ဝင်ယာဉ်တန်း တပ်မတော်ယာဉ်တန်းတွေ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံနေရပါတယ်။

မနေ့ကလဲ မြောက်ဦးမြို့နယ်တိမ်ညိုကျေးရွာတံတားဖက်မှာ မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်မှုမရှိဘူးလို့ ဒေသခံ ရွာသားတွေကပြောပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့ကလဲ မောင်တောမြို့နယ်၊ မောင်တော-အငူမော်သွား ကားလမ်းပေါ်မှာ လမ်းလုပ်ငန်းဦးစီး ဌာနကနေ လမ်းပြုပြင်ဖို့အတွက် မြေထိုးစက်နဲ့မြေပြုပြင်စဉ် မိုင်းတစ်လုံးတွေ့ရှိလို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေ ရှင်းလင်းခဲ့ရတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG