သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပင္လယ္ျပင္မွာ ၄ ႏွစ္တာစြန္႔ပစ္ခံထားရတဲ့ ျမန္မာအပါအဝင္ သေဘၤာသားတခ်ိဳ႕


စြန္ ့ပစ္ ေရနံတင္သေဘၤာ MT Iba က သေဘၤာသားတခ်ိဳ႕

(Zawgyi/Unicode)

ပိုင္ရွင္က ကမ္းေျခအနီးမွာ စြန္ ့ပစ္လိုက္တဲ့ ေရနံတင္သေဘၤာ MT Iba ေပၚမွာ ျမန္မာတဦး အပါအ၀င္ သေဘၤာသား ငါးဦးဟာ ၄ ႏွစ္နီးပါး ပင္လယ္ထဲမွာပဲ ခက္ခက္ခဲခဲေနထိုင္ခဲ့ရျပီး သူတို ့ဟာ ခုခ်ိန္ထိ ေျမႀကီးေပၚ မနင္းရေသးဘူးလို ့ဆိုပါတယ္။

တန္ခ်ိန္ ၅၀၀၀ ရွိတဲ့ သေဘၤာကို ပိုင္ရွင္က ယူေအအီး ပင္လယ္ေကြ ့ထဲမွာ ကာလၾကာရွည္ စြန္႔ပစ္သြားခဲ့ျပီး အ၀တ္အစား စုတ္ျပဲေနျပီျဖစ္တဲ့ သေဘၤာသားေတြဟာ မိသားစုနဲ ့ခြဲေနရတဲ့ ဒုကၡကိုလည္း ခံစားေနၾကရပါတယ္။

ျမန္မာသေဘၤာသားတဦးျဖစ္တဲ့ အင္ဂ်င္နီယာ ကိုေန၀င္းက ေတာ့

သူ ့ရဲ႕ passport ကို ကုမၼဏီက အခုထိသိမ္းထားၿပီး passport ပင္လယ္ထဲမွာပဲ သက္တမ္းကုန္သြားတယ္လို ့ဆိုပါတယ္။ တုိင္းျပည္မွာလည္း စစ္အာဏာ သိမ္းလိုက္တာမို ့အသစ္ဘယ္လိုျပန္လုပ္ရမလဲဆိုတာ မေသခ်ာေတာ့ဘူး ေျပာသြားပါတယ္။

သေဘၤာပိုင္ရွင္ Alco Shipping Company ဟာ ဘ႑ာေရးအက်ပ္အတည္းေတြျဖစ္ၿပီး လြန္ခဲ့တဲ့ ၃၂ လ ကတည္းက လစာ မေပးေတာ့တာမို ့ သေဘၤာသားေတြဟာ အစားအစာနဲ ့တကိုယ္ရည္က်န္းမာေရးသံးုပစၥည္းေတြအတြက္ ကုသိုလ္ျဖစ္အဖြဲ ့အစည္းေတြကို ဆက္သြယ္ျပီး အသက္ဆက္ေနၾကရပါတယ္။

Seafarers အဖြဲ ့ရဲ့ ေဒသ ညႊန္ၾကားေရးမွဴး Andy Gowerman ကေတာ့ အေျခအေနကို အခုလိုေျပာပါတယ္။

“သေဘၤာကိုပဲ အေပါင္ပစၥည္းအေနနဲ ့သေဘၤာသားေတြဆီမွာထားခဲ့တာမို ့သူတို ့အျဖစ္က ေရွ ့မတိုးေနာက္မဆုတ္ျဖစ္ေနတာပါ။ ဒုတိယအခ်က္က ပစ္သြားတဲ့ သေဘၤာသားေတြအေနနဲ ့စြန္ ့ပစ္သြားတဲ့ သေဘၤာေပၚမွာရွိေနတာ တရားမ၀င္ဘူး။ သေဘၤာကိုစြန္ ့ခြာၿပီး သက္ကယ္ေလွနဲ ့ကမ္းေျခကိုသြားရင္လည္း တရားမ၀င္ နုိင္ငံတြင္း၀င္ေရာက္တာမို ့ထိန္းသိမ္းခံရနိုင္တယ္။ သူတို ့ဟာ UAE နို္င္ငံထဲ၀င္ေရာက္ဖို ့ဗီဇာမရွိဘူး။ သူတို ့ရဲ႕ ပတ္စ္ပို ့ေတြဟာလည္း ကုမၼဏီဆီမွာပဲရွိေနတယ္။”

ဒါနဲ ့ပတ္သက္ျပီး Alco Shipping ကုမၼဏီကိုဆက္သြယ္ရာမွာေတာ့ မွတ္ခ်က္ တစံုတရာမေပးပါဘူး။

တိုက္႐ိုက္ လင့္ခ္


...........

ပင်လယ်ပြင်မှာ ၄ နှစ်တာစွန့်ပစ်ခံထားရတဲ့ မြန်မာအပါအဝင် သင်္ဘောသားတချို့

(Unicode)

ပိုင်ရှင်က ကမ်းခြေအနီးမှာ စွန့်ပစ်လိုက်တဲ့ ရေနံတင်သင်္ဘော MT Iba ပေါ်မှာ မြန်မာတဦး အပါအဝင် သင်္ဘောသား ငါးဦးဟာ ၄ နှစ်နီးပါး ပင်လယ်ထဲမှာပဲ ခက်ခက်ခဲခဲနေထိုင်ခဲ့ရပြီး သူတို့ဟာ ခုချိန်ထိ မြေကြီးပေါ် မနင်းရသေးဘူးလို့ဆိုပါတယ်။

တန်ချိန် ၅၀၀၀ ရှိတဲ့ သင်္ဘောကို ပိုင်ရှင်က ယူအေအီး ပင်လယ်ကွေ့ထဲမှာ ကာလကြာရှည် စွန့်ပစ်သွားခဲ့ပြီး အဝတ်အစား စုတ်ပြဲနေပြီဖြစ်တဲ့ သင်္ဘောသားတွေဟာ မိသားစုနဲ့ခွဲနေရတဲ့ ဒုက္ခကိုလည်း ခံစားနေကြရပါတယ်။

မြန်မာသင်္ဘောသားတဦးဖြစ်တဲ့ အင်ဂျင်နီယာ ကိုနေဝင်းက တော့

သူ့ရဲ့ passport ကို ကုမ္မဏီက အခုထိသိမ်းထားပြီး passport ပင်လယ်ထဲမှာပဲ သက်တမ်းကုန်သွားတယ်လို့ဆိုပါတယ်။ တိုင်းပြည်မှာလည်း စစ်အာဏာ သိမ်းလိုက်တာမို့အသစ်ဘယ်လိုပြန်လုပ်ရမလဲဆိုတာ မသေချာတော့ဘူး ပြောသွားပါတယ်။

သင်္ဘောပိုင်ရှင် Alco Shipping Company ဟာ ဘဏ္ဍာရေးအကျပ်အတည်းတွေဖြစ်ပြီး လွန်ခဲ့တဲ့ ၃၂ လ ကတည်းက လစာ မပေးတော့တာမို့ သင်္ဘောသားတွေဟာ အစားအစာနဲ့တကိုယ်ရည်ကျန်းမာရေးသံးုပစ္စည်းတွေအတွက် ကုသိုလ်ဖြစ်အဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး အသက်ဆက်နေကြရပါတယ်။

Seafarers အဖွဲ့ရဲ့ ဒေသ ညွှန်ကြားရေးမှုး Andy Gowerman ကတော့ အခြေအနေကို အခုလိုပြောပါတယ်။

“သင်္ဘောကိုပဲ အပေါင်ပစ္စည်းအနေနဲ့သင်္ဘောသားတွေဆီမှာထားခဲ့တာမို့သူတို့အဖြစ်က ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတာပါ။ ဒုတိယအချက်က ပစ်သွားတဲ့ သင်္ဘောသားတွေအနေနဲ့စွန့်ပစ်သွားတဲ့ သင်္ဘောပေါ်မှာရှိနေတာ တရားမဝင်ဘူး။ သင်္ဘောကိုစွန့်ခွာပြီး သက်ကယ်လှေနဲ့ကမ်းခြေကိုသွားရင်လည်း တရားမဝင် နိုင်ငံတွင်းဝင်ရောက်တာမို့ထိန်းသိမ်းခံရနိုင်တယ်။ သူတို့ဟာ UAE နိုင်ငံထဲဝင်ရောက်ဖို့ဗီဇာမရှိဘူး။ သူတို့ရဲ့ ပတ်စ်ပို့တွေဟာလည်း ကုမ္မဏီဆီမှာပဲရှိနေတယ်။”

ဒါနဲ့ပတ်သက်ပြီး Alco Shipping ကုမ္မဏီကိုဆက်သွယ်ရာမှာတော့ မှတ်ချက် တစုံတရာမပေးပါဘူး။

XS
SM
MD
LG