သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

'ယာယီသမ္မတဦးမြင့်ဆွေ ကျန်းမာရေးမကောင်း' ကြောင်း စစ်ကောင်စီထုတ်ပြန်


အရင်အစိုးရလက်ထက်က ဒုသမ္မတဖြစ်ခဲ့ပြီး လက်ရှိစစ်ကောင်စီလက်ထက်မှာ ယာယီသမ္မတဖြစ်သူ ဦးမြင့်ဆွေ (ယခင်မှတ်တမ်းဓာတ်ပုံ)
အရင်အစိုးရလက်ထက်က ဒုသမ္မတဖြစ်ခဲ့ပြီး လက်ရှိစစ်ကောင်စီလက်ထက်မှာ ယာယီသမ္မတဖြစ်သူ ဦးမြင့်ဆွေ (ယခင်မှတ်တမ်းဓာတ်ပုံ)

ယာယီသမ္မတဦးမြင့်ဆွေဟာ ဆေးခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်ကုသမှု ခံယူနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဦးမြင့်ဆွေဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး - ခြေလက်တုန်ပြီး အစားသောက်ပျက်တဲ့ အတွက် ဆေးစစ်ရာမှာ အာရုံကြောနှေးကွေးတုန့်ဆိုင်းတဲ့ရောဂါနဲ့ အာရုံကြောအားနည်းတဲ့ရောဂါတွေခံစားနေရတာကို တွေ့ရကြောင်းနဲ့ ဒီနှစ် ဧပြီလ ၁၅ ကနေ ၁၉ ရက်နေ့အထိ စင်္ကာပူနိုင်ငံ Mount Elizabeth ဆေးရုံနဲ့ မေလ ၂၇ ရက်နေ့ကနေ ဇွန် ၁၈ ရက်နေ့အထိ အမှတ် ၂ တပ်မတော်ဆေးရုံကြီး ကုတင် ၁,၀၀၀ မှာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ဆေးကုသမှုခံယူခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

ဆေးရုံတက်နေစဉ်အတွင်း မျက်စိ ၂ ဘက်စလုံး အတွင်းတိမ် ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ အတွက် အမြင်အာရုံ ပြန်ကောင်းလာပေမယ့် အာရုံကြောအားနည်းရောဂါ ဆက်လက်ခံစားနေရတဲ့အတွက် ဇွန်လ ၁၈ ရက်နေ့ကနေ ဇူလိုင် ၃၀ အထိ ဆေးခွင့်နဲ့ နေအိမ်မှာပဲ စစ်ကောင်စီကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအပါအဝင် အထူးဆေးကုသမှု အဖွဲ့က အနီးကပ်ကြီးကြပ်ကုသပေးနေတယ်လို့ဆိုပါတယ်။

ဦးမြင့်ဆွေဟာ အခုချိန်အထိ ကျန်းမာရေးအခြေနေ တိုးတက်ကောင်းမွန်မလာသေးဘဲ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုတွေမလုပ်နိုင်တဲ့အတွက် ဆေးကုသမှုခံယူနေရဆဲလို့လည်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးပြီး အဲဒီအချိန်က ဒုသမ္မတတာဝန်ယူထားတဲ့ ဦးမြင့်ဆွေက ယာယီ သမ္မတအဖြစ်နဲ့ စစ်ကောင်စီကနိုင်ငံတော်ကို အရေးပေါ်အခြေနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဦးမြင့်ဆွေကို ၆ လတကြိမ် ကျင်းပတဲ့ ကာ/လုံအစည်းဝေးကလွဲလို့ လူမြင်ကွင်းမှာမတွေ့ရသလို အုပ်ချုပ်ရေးကိစ္စတွေမှာ ပါဝင်တာလည်း မတွေ့ရပါဘူး။

'ယာယီသမ္မတဦးမြင့်ဆွေ ကျန်းမာရေးမကောင်း' ကြောင်း စစ်ကောင်စီထုတ်ပြန်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG