သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ မှာ တရုတ်အပေါ် ကန်စစ်ရေး ဦးစားပေးဆောင်ရွက်မည်

ယာယီ ကာကွယ်ရေးဝန်ကြီး Pat Shanahan.
ယာယီ ကာကွယ်ရေးဝန်ကြီး Pat Shanahan.

တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စု စစ်တပ်အတွက် ဦးစားပေး လုပ်ဆောင်ရမယ့် နိုင်ငံဖြစ်ကြောင်း အမေရိကန် ယာယီ ကာကွယ်ရေးဝန်ကြီးအသစ် Pat Shanahan က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ ၂ ရက်နေ့ဟာ ယာယီ ကာကွယ်ရေး ဝန်ကြီးအဖြစ် Shanahan အနေနဲ့ အပြည့်အ၀ တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးနေ့ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ကာကွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းတွေနဲ့ ပြုလုပ်တဲ့ စည်းဝေးပွဲအတွင်း တရုတ်၊ တရုတ်၊ တရုတ်နိုင်ငံဖြစ်တယ်ဆိုတာကို မမေ့ကြဖို့ အကြိမ်ကြိမ် ထပ်လောင်း ပြောကြား ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။

တရုတ်နဲ့ ရုရှားတို့ဟာ အင်အားကြီး ပြိုင်ဘက် နိုင်ငံတွေ ဖြစ်တယ်လို့ ယူဆပြီး သူ့အရှေ့က တာဝန်ထမ်းဆောင်သွားတဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း Jim Mattis က ချမှတ်ထားခဲ့တဲ့ မဟာဗြူဟာကို သူ့အနေနဲ့ ဆက်လက် ကျင့်သုံးသွားမှာဖြစ်ကြောင်း ယာယီဝန်ကြီး Shanahan က ပြောကြားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ နောက်ထပ် ကာကွယ်ရေးဌာန အရာရှိတဦးကလည်း ပြောပါတယ်။

သမ္မတ Donald Trump နဲ့ သဘောထား ကွဲပြားမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ရာထူးက အနားယူသွားတဲ့ ဝန်ကြီး Mattis နေရာမှာ သူ့ကို ယာယီ ဝန်ကြီးအဖြစ် အစားထိုး ခန့်အပ် လိုက်တာကြောင့် Shanahan ဟာ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး တာဝန် ထမ်းဆောင်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ စစ်ရေးနဲ့ စီးပွားရေးအရ သူလျှိုလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း အမေရိကန်က စွပ်စွဲထားပြီး တရုတ်တို့ရဲ့ ကုန်သွယ်ရေးနဲ့ အခြေခံအဆောက်အဦး တည်ဆောက်ရေး စီမံကိန်းဟာလည်း စီးပွားရေးအရ နိုင်ထက်စီးနင်း ပြုမူတဲ့ လုပ်ရပ် ဖြစ်ကြောင်း ပြောပါတယ်။

၂၀၁၉ မှာ တရုတ်အပေါ် ကန်စစ်ရေး ဦးစားပေးဆောင်ရွက်မည်
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG