သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းသမီးမီရှဲလ်ယိုး Women in Motion ဆုရ 


ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ ၇၆ ကြိမ်မြောက် ကန်းစ်ရုပ်ရှင်ပွဲတော်အတွင်း Kering's 2023 Women In Motion ဆုချီးမြင့်ပွဲတက်ရောက်လာတဲ့ အော်စကာဆုရှင် မင်းသမီး မီရှဲလ်ယိုး (မေ ၂၁၊ ၂၀၂၃)
ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ ၇၆ ကြိမ်မြောက် ကန်းစ်ရုပ်ရှင်ပွဲတော်အတွင်း Kering's 2023 Women In Motion ဆုချီးမြင့်ပွဲတက်ရောက်လာတဲ့ အော်စကာဆုရှင် မင်းသမီး မီရှဲလ်ယိုး (မေ ၂၁၊ ၂၀၂၃)

၂၀၂၃ အော်စကာ အနုပညာထူးချွန်ဆု ရရှိသွားတဲ့ မလေးရှားမင်းသမီး မီရှဲလ်ယိုးဟာ သူဆုရတဲ့ အရသာကို သေချာမခံစားနိုင်သေးပဲ ဆုရပြီးကတည်းက အခု ၂ လာကျော်လာတဲ့ အချိန်ကာလအတွင်းမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေခဲ့တာပါ။

“ကျွန်မ အလုပ်လုံးဝ မရပ်ရသေးဘူး။ ဒါ့ကြောင့်မို့ အခုရိုက်လက်စရုပ်ရှင် “Wicked” ကို လက်စသပ်ပြီး ခဏတော့ နားမယ်လို့ စိတ်ကူးမိတယ်။ အဲ့ကျမှ ဖြည်းဖြည်းချင်း ပျော်လိုက်တော့မယ်လေ” လို့ မေ ၂၁ ရက်က ကန်းရုပ်ရှင်ပွဲတော် တက်ရောက်လာရင်း ပြောသွားတာပါ။ ကန်းရုပ်ရှင်ပွဲတော်မှာ သူ့ကို Kering's 2023 Women In Motion ဆု ချီးမြှင့်ခဲ့တာ တာပါ။ ဒီနှစ်အတွက် ကျင်းပတဲ့ မေလ ၂၁ ရက်နေ့က ဒီဆုက ရုပ်ရှင်အနုပညာနယ်ပယ်က အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။ Kering ကဲရင်းကုမ္ပဏီရဲ့ ဥက္ကဋ္ဌ Francois-Henri Pinault ဖရန်ဆွာ အွန်နရီ ပင်နိုး၊ ကန်းရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေးဥက္ကဌ Iris Knobloch အိရိစ် နုဘလော့နဲ့ ကန်းရုပ်ရှင်ပွဲတော် ညွှန်ကြားရေးမှူး Thierry Fremaux တယ်ရီ ဖရေးမိုးတို့က မီရှဲလ်ယိုးကို ဆုပေးဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ကဲရင်းကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဖရန်ဆွာ အွန်နရီ ပင်နိုးက ဟောလီးဝုဒ်မင်းသမီး Salma Hayek ဆယ်လ်မာ ဟိုင်းရပ်ခ်ရဲ့ ခင်ပွန်းဖြစ်ပြီး သူတို့ဇနီးမောင်နှံ လက်ချင်းချိတ်ပြီး ပွဲတက်လာကြတာပါ။

၇၆ ကြိမ်မြောက် ကန်းစ်ရုပ်ရှင်ပွဲတော်အတွင်း Firebrand ရုပ်ရှင်ပြသပွဲ ကော်ဇော်နီအခမ်းအနားကို တက်ရောက်လာတဲ့ အော်စကာဆုရှင် မင်းသမီး မီရှဲလ်ယိုး (မေ ၂၁၊ ၂၀၂၃)
၇၆ ကြိမ်မြောက် ကန်းစ်ရုပ်ရှင်ပွဲတော်အတွင်း Firebrand ရုပ်ရှင်ပြသပွဲ ကော်ဇော်နီအခမ်းအနားကို တက်ရောက်လာတဲ့ အော်စကာဆုရှင် မင်းသမီး မီရှဲလ်ယိုး (မေ ၂၁၊ ၂၀၂၃)

“ကျွန်မ သူနဲ့ အရင်က ဆုံဖြစ်ပါတယ်။ ကျွန်မတို့ ၂ ယောက်လုံး ပြင်သစ်ယောက်ျားတွေကို ယူထားကြတာလေ။ ဒီတော့ ပြင်သစ်မှာ သူနဲ့ တွေ့ဖြစ်ကြတယ်။ သူက ကျွန်မရဲ့ ဟီးရိုးလေ၊ တကယ်လည်း သူရဲကောင်းအစစ်၊ ချတတ်တယ်လေ၊ သူရုပ်ရှင်တော်တော်များများမှာ တကယ့်ကို အားရှိတဲ့ဇာတ်ရုပ် ခိုင်မာတဲ့ဇာတ်ရုပ် တဘက်ကလည်း တကယ်ပျော့ပြောင်းနွဲ့နှောင်းတဲ့သူ နေရာက တပြိုင်နက် သရုပ်ဆောင်တာ၊ တကယ့်ကို ဘက်ပေါင်းစုံရတဲ့ ပါရမီရှင်ပါပဲ၊ ဖန်သားပေါ်မှာရော အပြင်မှာရော သူ့ရုပ်ရည်၊ သူ့ဟန်က တကယ် အဆင့်အတန်းမြင့်တာ၊ သူဒါတွေရသင့်ပါတယ်။” လို့ မင်းသမီး ဆယ်လ်မာ ဟိုင်းရပ်ခ်က ပြောသွားပါတယ်။

မီရှဲလ်ယိုးက သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ "Crouching Tiger, Hidden Dragon" ရုပ်ရှင်ကားကို ကန်းပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့တာမို့လို့ ကန်းရုပ်ရှင်ပွဲတော်ဟာ သူ့အတွက် အထူးအမှတ်ရစရာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

“အဲတုန်းက အတွေ့အကြုံက အရမ်းကိုကောင်းတာပဲ၊ ပထမဆုံးအတွေ့အကြုံလေ၊ တကယ့်ကို အမှတ်တရပဲလို့ ပြောရပါမယ်” လို့ မီရှဲလ်ယိုး ပြောသွားပါတယ်။

Kering's Women in Motion ဆုပေးပွဲ အခမ်းအနားကို လက်ရှိ နာမည်ကျော် ကိုရီယား ရုပ်သံဇာတ်လမ်းတွဲတခုဖြစ်တဲ့ "Crash Course in Romance" ဇာတ်လမ်းထဲက မင်းသမီးတယောက်ဖြစ်တဲ့ Roh Yoon-seo လည်း တက်ရောက်တာ တွေ့ရပါတယ်။ ကိုရီးယားမင်းသမီး Roh Yoon-seo က ကန်းရုပ်ရှင်ပွဲတော် တက်ရောက်ရတာကြောင့်လည်း စိတ်လှုပ်ရှားနေသလို သူပါဝင်သရုပ်ဆောင်တဲ့ ကိုရီးယားဇာတ်လမ်းတွဲကို တကမ္ဘာလုံးက လူတွေတော်တော်ကြည့်ကြတာ တွေ့ရလို့ တော်တော်အံ့သြရတယ်လို့ ပြောပါတယ်။

၇၆ ကြိမ်မြောက် ကန်းစ်ရုပ်ရှင်ပွဲတော်အတွင်း Firebrand ရုပ်ရှင်ပြသပွဲ ကော်ဇော်နီအခမ်းအနားကို တက်ရောက်လာတဲ့ အော်စကာဆုရှင် မင်းသမီး မီရှဲလ်ယိုး (မေ ၂၁၊ ၂၀၂၃)
၇၆ ကြိမ်မြောက် ကန်းစ်ရုပ်ရှင်ပွဲတော်အတွင်း Firebrand ရုပ်ရှင်ပြသပွဲ ကော်ဇော်နီအခမ်းအနားကို တက်ရောက်လာတဲ့ အော်စကာဆုရှင် မင်းသမီး မီရှဲလ်ယိုး (မေ ၂၁၊ ၂၀၂၃)

ဒီကား ဒီလောက်ပေါက်မယ်လို့ကို မထင်မိပါဘူးတဲ့ ကန်းရုပ်ရှင်ပွဲတော် တက်ရောက်ခွင့်ရလို့လည်း အရမ်းဂုဏ်ယူမိပါတယ်လို့ မင်းသမီး က ပြောသွားပါတယ်။ သူကပဲ ဆက်ပြီး သူက မီရှဲလ်ယိုးရဲ့ ပရိသတ်ပါ၊ သူ့ရုပ်ရှင်ကိုလည်း ကြိုက်တာပါ၊ သူနဲ့တွေ့ခွင့်ရမှာမို့ အရမ်းစိတ်လှုပ်ရှားတယ်လို့ ပြောသွားပါတယ်။

Netflix နက်ဖလစ် အွန်လိုင်းရုပ်သံလိုင်းမှာ ပြသနေတဲ့ "Crash Course in Romance" ဇာတ်လမ်းတွဲက အမေတခု သမီးတခု မိသားစုလေးမှာ သမီးဖြစ်သူ Roh Yoon-seo သရုပ်ဆောင်တဲ့ ဇာတ်ရုပ်ကို အမေဖြစ်သူက အရမ်းနာမည်ကြီးတဲ့ သင်္ချာကျောင်းကို တက်စေချင်တဲ့ အကြောင်းဇာတ်အိမ်တည် ရိုက်ထားတာပါ။ အဲဒီကားမှာ မင်းသားက ဆရာနေရာက သရုပ်ဆောင်တာဖြစ်ပါတယ်။

XS
SM
MD
LG