သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂနစ္စတန်မှာ ငလျင်ကြောင့် လူ ၂၀၀၀ ကျော် သေဆုံး


အာဖဂန်နစ္စတန်ငလျင်ကြောင့် လူ ၂၀၀၀ ကျော်သေဆုံးခဲ့ရ (အောက်တိုဘာ ၈၊၂၀၂၃)
အာဖဂန်နစ္စတန်ငလျင်ကြောင့် လူ ၂၀၀၀ ကျော်သေဆုံးခဲ့ရ (အောက်တိုဘာ ၈၊၂၀၂၃)

စနေနေ့က အာဖဂန်နစ္စတန်အနောက်ပိုင်းမှာ ပြင်းအား ၆.၃ ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်ခဲ့တဲ့ အတွက် လူ ၂၄၀၀ ကျော်သေဆုံးခဲ့တဲ့ အကြောင်း တာလီဘန်အုပ်ချုပ်ရေးအဖွဲ့က တနင်္ဂနွေနေ့က ပြောပါတယ်။ ငလျင်က Herat မြို့ အနောက်မြောက်ဘက်မိုင် ၂၀ လောက်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာပါ။ ဆယ်စုနှစ်တွေတိုင်အောင် စစ်ပွဲတွေကြောင့် အခြေခံအဆောက်အအုံတွေပျက်စီးခဲ့ရတဲ့ နိုင်ငံတွင်း ဝေးလံခေါင်သီတဲ့ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ရေး အခက်အခဲကြောင့် သေဆုံးသူ အရေအတွက်က ဒီထက်မြင့်တက်လာနိုင်ပါတယ်။

တောတောင်ထူထပ်တဲ့ အာဖဂန်နစ္စတန်က ပါကစ္စတန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ Hindu Kush ဒေသမှာ ပြင်းထန်တဲ့ ငလျင်တွေလှုပ်ခတ်လေ့ရှိတာပါ။ ဒီနှစ် ဖေဖော်ဝါရီလထဲ တူရကီနဲ့ ဆီးရီးယားတို့မှာ ငလျင်ကြောင့် လူ ငါးသောင်းလောက်သေဆုံးခဲ့ရပြီးနောက်ပိုင်း အခု အာဖဂန်ငလျင်က လူအသေအပျောက်အများဆုံး ငလျင်တခုလည်းဖြစ်ပါတယ်။

အာဖဂနစ္စတန်မှာ ငလျင်ကြောင့် လူ ၂၀၀၀ ကျော် သေဆုံး
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG