{{Zawgyi/Unicode}}
အာဖဂနစၥတန္ႏိုင္ငံမွာ ဒီသီတင္းပတ္ အေစာပိုင္း တာလီဘန္ေတြ သိမ္းပိုက္ခ်ိန္ ႏိုင္ငံကေန တိမ္းေရွာင္သြားတဲ့ သမၼတ Ashraf Ghani ဟာ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု (UAE) မွာ ေရာက္ရွိေနေၾကာင္း ဗုဒၶဟူးေန႔မွာပဲ UAE တာ၀န္ရွိသူေတြက ေျပာပါတယ္။ လူသားခ်င္း စာနာေထာက္ထားတဲ့အေနနဲ႔ အာဖဂန္သမၼတနဲ႔ မိသားစုကို ႀကိဳဆိုခဲ့ေၾကာင္း UAE ႏိုင္ငံျခားေရးနဲ႔ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ၀န္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုလိုက္တာပါ။
ဗုဒၶဟူးေန႔ UAE က အတည္မျပဳေသးခင္ အခ်ိန္အထိ အာဖဂန္သမၼတဟာ အိုမန္၊ တာဂ်စ္စတန္၊ ဥဇဘကစၥတန္ႏိုင္ငံ တခုခုမွာ ေရာက္ေနတယ္လို႔ ခန္႔မွန္းခဲ့ၾကပါတယ္။ ကဘူးၿမိဳ႕ေတာ္ကို ခုခံမႈမရွိပဲ သိမ္းပိုက္ႏိုင္ခဲ့တဲ့ တာလီဘန္ေတြ ေရာက္မလာခင္ တနဂၤေႏြေန႔မွာပဲ သမၼတ ႏိုင္ငံကေန ထြက္ေျပးသြားခဲ့တာပါ။ (Act. Ashraf Ghani )
“ျပည္ပကို တိမ္းေရွာင္ဖို႔ ရည္ရြယ္ခ်က္ မရွိေပမဲ့ ေသြးထြက္သံယို သတ္ျဖတ္မႈေတြ၊ မတည္မၿငိမ္ အေျခအေနေတြ မျဖစ္ေအာင္ တိမ္းေရွာင္ခဲ့ရၿပီး၊ အခုအခါ UAE မွာ ေရာက္ေနပါတယ္။” လို႔ ႏိုင္ငံက ထြက္ခြာသြားၿပီးေနာက္ ပထမဆုံးအႀကိမ္အျဖစ္ ဗုဒၶဟူးေန႔က Facebook လူမႈကြန္ရက္ကေန ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။
ႏိုင္ငံက ထြက္ခြာခ်ိန္မွာ ေငြေၾကးအေျမာက္အမ်ား ယူေဆာင္သြားတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနတာဟာ မမွန္ေၾကာင္းလည္း ျငင္းဆန္ခဲ့ပါတယ္။ သူေျပာတာ မွန္၊ မမွန္ အေကာက္ခြန္ အရာရွိေတြကို စုံစမ္းႏိုင္တယ္လို႔လည္း ေျပာဆိုခဲ့တာပါ။
အာဖဂနစၥတန္ႏိုင္ငံကို ၁၉၉၆ ခုႏွစ္ကေန ၂၀၀၁ ခုႏွစ္အထိ အုပ္ခ်ဳပ္ခဲ့တဲ့ တာလီဘန္ေတြကိုေတာ့ အေမရိကန္မွာ ၂၀၀၁ စက္တင္ဘာလ ၁၁ ရက္ တိုက္ခိုက္မႈအၿပီး အေမရိကန္ ဦးေဆာင္တဲ့ ၫြန္႔ေပါင္းတပ္ဖဲြ႕ေတြက ၀င္ေရာက္တိုက္ခိုက္ ဖယ္ရွားခဲ့တာပါ။ ဒါေပမဲ့လည္း လူေပါင္း ေထာင္ေသာင္းခ်ီ ေသဆုံးခဲ့ရတဲ့ ႏွစ္ေပါင္း ၂၀ ၾကာ အာဖဂန္စစ္ပဲြကို အဆုံးသတ္ၿပီး အေမရိကန္နဲ႔ မဟာမိတ္တပ္ေတြ ႐ုပ္သိမ္းေနခ်ိန္ ဒီလထဲမွာပဲ ၁၀ ရက္အတြင္း တာလီဘန္ေတြက အဓိကၿမိဳ႕ႀကီးေတြကို ျပန္လည္သိမ္းပိုက္ခဲ့တာ ျဖစ္ပါတယ္။
တာလီဘန္ေတြ ျမန္ျမန္ဆန္ဆန္ ျပန္လည္သိမ္းပိုက္လိုက္တဲ့အေပၚ အံ့အားသင့္မိေၾကာင္း အေမရိကန္သမၼတ Joe Biden ကလည္း ဒီတပတ္ထဲမွာပဲ လက္ခံေျပာဆိုလိုက္ေပမဲ့ တပ္ေတြ ႐ုပ္သိမ္းဖို႔ ဆုံးျဖတ္ခ်က္ဟာ မွန္ကန္ေၾကာင္းလည္း ကာကြယ္ေျပာဆိုခဲ့ပါတယ္။
...................................
{{Unicode}}
အာဖဂနစ္စတန်နိုင်ငံမှာ ဒီသီတင်းပတ် အစောပိုင်း တာလီဘန်တွေ သိမ်းပိုက်ချိန် နိုင်ငံကနေ တိမ်းရှောင်သွားတဲ့ သမ္မတ Ashraf Ghani ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) မှာ ရောက်ရှိနေကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ UAE တာဝန်ရှိသူတွေက ပြောပါတယ်။ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ အာဖဂန်သမ္မတနဲ့ မိသားစုကို ကြိုဆိုခဲ့ကြောင်း UAE နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။
ဗုဒ္ဓဟူးနေ့ UAE က အတည်မပြုသေးခင် အချိန်အထိ အာဖဂန်သမ္မတဟာ အိုမန်၊ တာဂျစ်စတန်၊ ဥဇဘကစ္စတန်နိုင်ငံ တခုခုမှာ ရောက်နေတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ကဘူးမြို့တော်ကို ခုခံမှုမရှိပဲ သိမ်းပိုက်နိုင်ခဲ့တဲ့ တာလီဘန်တွေ ရောက်မလာခင် တနင်္ဂနွေနေ့မှာပဲ သမ္မတ နိုင်ငံကနေ ထွက်ပြေးသွားခဲ့တာပါ။ (Act. Ashraf Ghani )
“ပြည်ပကို တိမ်းရှောင်ဖို့ ရည်ရွယ်ချက် မရှိပေမဲ့ သွေးထွက်သံယို သတ်ဖြတ်မှုတွေ၊ မတည်မငြိမ် အခြေအနေတွေ မဖြစ်အောင် တိမ်းရှောင်ခဲ့ရပြီး၊ အခုအခါ UAE မှာ ရောက်နေပါတယ်။” လို့ နိုင်ငံက ထွက်ခွာသွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့က Facebook လူမှုကွန်ရက်ကနေ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံက ထွက်ခွာချိန်မှာ ငွေကြေးအမြောက်အများ ယူဆောင်သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာဟာ မမှန်ကြောင်းလည်း ငြင်းဆန်ခဲ့ပါတယ်။ သူပြောတာ မှန်၊ မမှန် အကောက်ခွန် အရာရှိတွေကို စုံစမ်းနိုင်တယ်လို့လည်း ပြောဆိုခဲ့တာပါ။
အာဖဂနစ္စတန်နိုင်ငံကို ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ တာလီဘန်တွေကိုတော့ အမေရိကန်မှာ ၂၀၀၁ စက်တင်ဘာလ ၁၁ ရက် တိုက်ခိုက်မှုအပြီး အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် ဖယ်ရှားခဲ့တာပါ။ ဒါပေမဲ့လည်း လူပေါင်း ထောင်သောင်းချီ သေဆုံးခဲ့ရတဲ့ နှစ်ပေါင်း ၂၀ ကြာ အာဖဂန်စစ်ပွဲကို အဆုံးသတ်ပြီး အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ရုပ်သိမ်းနေချိန် ဒီလထဲမှာပဲ ၁၀ ရက်အတွင်း တာလီဘန်တွေက အဓိကမြို့ကြီးတွေကို ပြန်လည်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
တာလီဘန်တွေ မြန်မြန်ဆန်ဆန် ပြန်လည်သိမ်းပိုက်လိုက်တဲ့အပေါ် အံ့အားသင့်မိကြောင်း အမေရိကန်သမ္မတ Joe Biden ကလည်း ဒီတပတ်ထဲမှာပဲ လက်ခံပြောဆိုလိုက်ပေမဲ့ တပ်တွေ ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ကြောင်းလည်း ကာကွယ်ပြောဆိုခဲ့ပါတယ်။