ပိတ္ဆို႔မႈေတြ ဖယ္ရွားေရး တာလီဘန္ေတြ ပန္ၾကားခ်က္ အေမရိကန္ပယ္ခ်
{{Zawgyi/Unicode}}
အာဖဂန္နစၥတန္ႏိုင္ငံမွာ စီးပြားေရးနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ အက်ပ္အတည္းေတြ ရင္ဆိုင္ေနရတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္ကို တာလီဘန္ေတြ စာေရးသား ပန္ၾကားရာမွာ အခ်က္အလက္ေတြကို လိုသလိုဆဲြ ေဖာ္ျပထားတယ္လို႔ အေမရိကန္က တုံ႔ျပန္လိုက္ပါတယ္။
အာဖဂန္နစၥတန္ႏိုင္ငံမွာ တာလီဘန္ေတြ ၾသဂုတ္လလယ္က တေက်ာ့ျပန္ အာဏာရခဲ့ၿပီးေနာက္ အာဖဂန္ရဲ႕ ျပည္ပအရန္ေငြ ေဒၚလာ ၉ ဘီလီယံခဲြကို အေမရိကန္က ထိန္းခ်ဳပ္ခဲ့တာကို ဖယ္ရွားၿပီး စီးပြားေရး ဒဏ္ခတ္မႈေတြ အဆုံးသတ္ဖို႔ အေမရိကန္လႊတ္ေတာ္ အမတ္ေတြထံ တာလီဘန္ေတြက ဗုဒၶဟူးေန႔ကပဲ အိတ္ဖြင့္ေပးစာ ေရးသားခဲ့တာပါ။
ပိတ္ဆို႔ဒဏ္ခတ္မႈေတြနဲ႔ ႏိုင္ငံတကာ ဘ႑ာေရးအေထာက္အပံ့ေတြ မရတာေၾကာင့္ အကူအညီေတြကို အားထားေနရတဲ့ အာဖဂန္စီးပြားေရး ၿပိဳကဲြခဲ့ရေၾကာင္း တာလီဘန္ႏိုင္ငံျခားေရးဝန္ႀကီး Amir Khan Muttaqi ကေရးသားခဲ့တာပါ။ တာလီဘန္ေတြ လက္ထက္မွာ အစိုးရ၀န္ထမ္းေတြကို လစာမေပးႏိုင္သလို၊ လိုအပ္တဲ့ ကုန္ပစၥည္းေတြကိုလည္း ျပည္ပကေန မတင္သြင္းႏိုင္ပဲ ျဖစ္ေနပါတယ္။
အာဖဂန္ဆိုင္ရာ အေမရိကန္အထူးကိုယ္စားလွယ္ Thomas West ကေတာ့ အာဖဂန္ႏိုင္ငံမွာ တာလီဘန္ေတြ မထိန္းခ်ဳပ္ခင္ကတည္းက ကိုဗစ္ ၁၉ကပ္ေရာဂါ ဒဏ္ကိုေရာ၊ ႏွစ္နဲ႔ခ်ီတဲ့ မိုးေခါင္ေရရွားမႈ၊ စစ္ျဖစ္ေနမႈေတြေၾကာင့္ စီးပြါးေရးေရာ လူသားစာနာမႈအေျခေနေတြပါ အေတာ္ဆိုးဆိုးဝါးဝါး ခံစားေနရတာ ျဖစ္ေၾကာင္း ေသာၾကာေန႔မွာ Twitter လူမႈကြန္ရက္ကေန ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုခဲ့တာပါ။
တကယ္လို႔ တာလီဘန္ေတြက အေမရိကန္က ေထာက္ခံပန္႔ပိုးေပးေနတဲ့ အရင္အာဖဂန္အစိုးရနဲ႔ ၫွိႏႈိင္းမႈမလုပ္ပဲ စစ္တပ္အာဏာသံုး အုပ္ခ်ဳပ္ေနမယ္ဆိုရင္ အေျခခံဝန္ေဆာင္မႈေတြ အပါအဝင္ လူသားစာနာမႈမဟုတ္တဲ့ ႏိုင္ငံရပ္ျခားအကူအညီေတြကို ရပ္ဆိုင္းပစ္မွာျဖစ္ေၾကာင္း အေမရိကန္က အရင္ကတည္းက ျပတ္ျပတ္သားသား ေျပာထားတာျဖစ္ၿပီး အမ်ိဳးသမီးေတြ၊ မိန္းခေလးေတြ၊ လူနည္းစုေတြရဲ႕ရပိုင္ခြင့္ကို ေလးစားဖို႔၊ အဖြဲ႔အားလံုးပါဝင္တဲ့ အစိုးရတရပ္ဖြဲ႔စည္းဖို႔နဲ႔ အၾကမ္းဖက္ဝါဒ တိုက္ဖ်က္မႈေတြ လုပ္မွ တရားဝင္အသိမွတ္ျပဳတာ၊ ပန္႔ပိုးတာေတြ လုပ္ေပးမွာ ျဖစ္ၾကာင္းလည္း ေျပာပါတယ္။
အေမရိကန္အေနနဲ႔ အာဖဂန္ျပည္သူေတြ အတြက္ လူသားခ်င္းစာနာမႈ အကူအညီေတြကို ဆက္လက္ေပးအပ္ေနမွာ ျဖစ္သလို ဒီႏွစ္ထဲမွာပဲ အေမရိကန္က ေဒၚလာသန္းေပါင္း ၄၇၀ ေက်ာ္ အကူ အညီ ေပးအပ္ခဲ့ၿပီး ျဖစ္တယ္လို႔လည္း ေျပာပါတယ္။
............................................................
ပိတ်ဆို့မှုတွေ ဖယ်ရှားရေး တာလီဘန်တွေ ပန်ကြားချက် အမေရိကန်ပယ်ချ
{{Unicode}}
အာဖဂန်နစ္စတန်နိုင်ငံမှာ စီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက်လွှတ်တော်ကို တာလီဘန်တွေ စာရေးသား ပန်ကြားရာမှာ အချက်အလက်တွေကို လိုသလိုဆွဲ ဖော်ပြထားတယ်လို့ အမေရိကန်က တုံ့ပြန်လိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ သြဂုတ်လလယ်က တကျော့ပြန် အာဏာရခဲ့ပြီးနောက် အာဖဂန်ရဲ့ ပြည်ပအရန်ငွေ ဒေါ်လာ ၉ ဘီလီယံခွဲကို အမေရိကန်က ထိန်းချုပ်ခဲ့တာကို ဖယ်ရှားပြီး စီးပွားရေး ဒဏ်ခတ်မှုတွေ အဆုံးသတ်ဖို့ အမေရိကန်လွှတ်တော် အမတ်တွေထံ တာလီဘန်တွေက ဗုဒ္ဓဟူးနေ့ကပဲ အိတ်ဖွင့်ပေးစာ ရေးသားခဲ့တာပါ။
ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေးအထောက်အပံ့တွေ မရတာကြောင့် အကူအညီတွေကို အားထားနေရတဲ့ အာဖဂန်စီးပွားရေး ပြိုကွဲခဲ့ရကြောင်း တာလီဘန်နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi ကရေးသားခဲ့တာပါ။ တာလီဘန်တွေ လက်ထက်မှာ အစိုးရဝန်ထမ်းတွေကို လစာမပေးနိုင်သလို၊ လိုအပ်တဲ့ ကုန်ပစ္စည်းတွေကိုလည်း ပြည်ပကနေ မတင်သွင်းနိုင်ပဲ ဖြစ်နေပါတယ်။
အာဖဂန်ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Thomas West ကတော့ အာဖဂန်နိုင်ငံမှာ တာလီဘန်တွေ မထိန်းချုပ်ခင်ကတည်းက ကိုဗစ် ၁၉ကပ်ရောဂါ ဒဏ်ကိုရော၊ နှစ်နဲ့ချီတဲ့ မိုးခေါင်ရေရှားမှု၊ စစ်ဖြစ်နေမှုတွေကြောင့် စီးပွါးရေးရော လူသားစာနာမှုအခြေနေတွေပါ အတော်ဆိုးဆိုးဝါးဝါး ခံစားနေရတာ ဖြစ်ကြောင်း သောကြာနေ့မှာ Twitter လူမှုကွန်ရက်ကနေ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။
တကယ်လို့ တာလီဘန်တွေက အမေရိကန်က ထောက်ခံပန့်ပိုးပေးနေတဲ့ အရင်အာဖဂန်အစိုးရနဲ့ ညှိနှိုင်းမှုမလုပ်ပဲ စစ်တပ်အာဏာသုံး အုပ်ချုပ်နေမယ်ဆိုရင် အခြေခံဝန်ဆောင်မှုတွေ အပါအဝင် လူသားစာနာမှုမဟုတ်တဲ့ နိုင်ငံရပ်ခြားအကူအညီတွေကို ရပ်ဆိုင်းပစ်မှာဖြစ်ကြောင်း အမေရိကန်က အရင်ကတည်းက ပြတ်ပြတ်သားသား ပြောထားတာဖြစ်ပြီး အမျိုးသမီးတွေ၊ မိန်းခလေးတွေ၊ လူနည်းစုတွေရဲ့ရပိုင်ခွင့်ကို လေးစားဖို့၊ အဖွဲ့အားလုံးပါဝင်တဲ့ အစိုးရတရပ်ဖွဲ့စည်းဖို့နဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်မှုတွေ လုပ်မှ တရားဝင်အသိမှတ်ပြုတာ၊ ပန့်ပိုးတာတွေ လုပ်ပေးမှာ ဖြစ်ကြာင်းလည်း ပြောပါတယ်။
အမေရိကန်အနေနဲ့ အာဖဂန်ပြည်သူတွေ အတွက် လူသားချင်းစာနာမှု အကူအညီတွေကို ဆက်လက်ပေးအပ်နေမှာ ဖြစ်သလို ဒီနှစ်ထဲမှာပဲ အမေရိကန်က ဒေါ်လာသန်းပေါင်း ၄၇၀ ကျော် အကူ အညီ ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။