(Zawgyi / Unicode)
အာဖဂန္နစၥတန္ႏိုင္ငံကို ထိန္းခ်ဳပ္ထားတဲ့ တာလီဘန္တပ္ဖြဲ႔ေတြက သူတို႔ရဲ႕ စစ္အင္အား ႀကီးထြားလာမႈကို ျပသတဲ့အေနနဲ႔ ကဘူးလ္ၿမိဳ႕ လမ္းမေတြေပၚမွာ အေမရိကန္လုပ္ M117 သံခ်ပ္ကာကားေတြ ေမာင္းျပတာ၊ ႐ုရွားလုပ္ MI-17 ရဟတ္ယာဥ္ေတြ ပ်ံသန္းျပရင္း စစ္ေရးျပအခမ္းအနားတရပ္ကို တနဂၤေႏြေန႔က က်င္းပခဲ့ၾကပါတယ္။
လက္နက္ကိုင္ ေသာင္းက်န္းသူေတြအျဖစ္ ဆယ္စုႏွစ္ ၂ ခုေက်ာ္ ရပ္တည္လာခဲ့တဲ့ တာလီဘန္ေတြဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လထဲ အာဖဂန္ကို ျပန္လည္သိမ္းပိုက္ ထိန္းခ်ဳပ္လာၿပီးေနာက္ သူတို႔စစ္တပ္ကို ပုံမွန္စစ္တပ္အသြင္ ကူးေျပာင္းရပ္တည္ဖို႔ ႀကဳိးပမ္းေနတာပါ။ ဒီလို စစ္ေရးျပအခမ္းအနားအတြက္ ဂုဏ္ယူတယ္လို႔ ေဒသခံ Sardar Mohammad က ေျပာပါတယ္။
“ဒီ စစ္ေရးျပအခမ္းအနားအတြက္ ဂုဏ္ယူပါတယ္။ ဒါက အစၥလာမၼစ္ အစိုးရပါ။ တည္ၿငိမ္ေအးခ်မ္းေအာင္ အလႅာဟ္ရွင္ျမတ္ ေစာင့္ေရွာက္မွာပါ။ ဒီမွာျမင္ရတဲ့ စစ္သည္ေတြက က်ေနာ့္သား အရြယ္ေတြပါ။ သူတို႔ကိုၾကည့္ၿပီး က်ေနာ္ ၾကည္ႏူးရပါတယ္။” လို႔ ေျပာသြားတာပါ။
စစ္သည္အသစ္ ၂၅၀ ရဲ႕ ေက်ာင္းဆင္းပြဲနဲ႔အတူ ဒီစစ္ေရးျပအခမ္အနားကိုပါ တၿပိဳင္နက္တည္း လုပ္တာပါလို႔ ကာကြယ္ေရးဝန္ႀကီးဌာန ေျပာခြင့္ရသူက Reuters ကို ေျပာပါတယ္။
တာလီဘန္ေတြ အခုသုံးေနတဲ့ စစ္လက္နက္နဲ႔ အသုံးအေဆာင္ပစၥည္း အမ်ားစုဟာ အရင္ အာဖဂန္အစိုးရကို အေမရိကန္က ေထာက္ပံ့ကူညီေပးခဲ့တာေတြ ျဖစ္ပါတယ္။ ၂၀၂၁ စက္တင္ဘာလဆန္း ေနာက္ဆုံးထားၿပီး အေမရိကန္တပ္ေတြ အာဖဂန္က ဆုတ္ခြာသြားခ်ိန္မွာ ေလယာဥ္အစီး ၇၀ ေက်ာ္နဲ႔ ဒါဇင္နဲ႔ခ်ီတဲ့ သံခ်ပ္ကာကားေတြကို ဖ်က္ဆီးသြားခဲ့ပါတယ္။
-----------------------
(Unicode)
တာလီဘန် စစ်ရေးပြ အခမ်းအနား
အာဖဂန်နစ္စတန်နိုင်ငံကို ထိန်းချုပ်ထားတဲ့ တာလီဘန်တပ်ဖွဲ့တွေက သူတို့ရဲ့ စစ်အင်အား ကြီးထွားလာမှုကို ပြသတဲ့အနေနဲ့ ကဘူးလ်မြို့ လမ်းမတွေပေါ်မှာ အမေရိကန်လုပ် M117 သံချပ်ကာကားတွေ မောင်းပြတာ၊ ရုရှားလုပ် MI-17 ရဟတ်ယာဉ်တွေ ပျံသန်းပြရင်း စစ်ရေးပြအခမ်းအနားတရပ်ကို တနင်္ဂနွေနေ့က ကျင်းပခဲ့ကြပါတယ်။
လက်နက်ကိုင် သောင်းကျန်းသူတွေအဖြစ် ဆယ်စုနှစ် ၂ ခုကျော် ရပ်တည်လာခဲ့တဲ့ တာလီဘန်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လထဲ အာဖဂန်ကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်လာပြီးနောက် သူတို့စစ်တပ်ကို ပုံမှန်စစ်တပ်အသွင် ကူးပြောင်းရပ်တည်ဖို့ ကြိုးပမ်းနေတာပါ။ ဒီလို စစ်ရေးပြအခမ်းအနားအတွက် ဂုဏ်ယူတယ်လို့ ဒေသခံ Sardar Mohammad က ပြောပါတယ်။
“ဒီ စစ်ရေးပြအခမ်းအနားအတွက် ဂုဏ်ယူပါတယ်။ ဒါက အစ္စလာမ္မစ် အစိုးရပါ။ တည်ငြိမ်အေးချမ်းအောင် အလ္လာဟ်ရှင်မြတ် စောင့်ရှောက်မှာပါ။ ဒီမှာမြင်ရတဲ့ စစ်သည်တွေက ကျနော့်သား အရွယ်တွေပါ။ သူတို့ကိုကြည့်ပြီး ကျနော် ကြည်နူးရပါတယ်။” လို့ ပြောသွားတာပါ။
စစ်သည်အသစ် ၂၅၀ ရဲ့ ကျောင်းဆင်းပွဲနဲ့အတူ ဒီစစ်ရေးပြအခမ်အနားကိုပါ တပြိုင်နက်တည်း လုပ်တာပါလို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက Reuters ကို ပြောပါတယ်။
တာလီဘန်တွေ အခုသုံးနေတဲ့ စစ်လက်နက်နဲ့ အသုံးအဆောင်ပစ္စည်း အများစုဟာ အရင် အာဖဂန်အစိုးရကို အမေရိကန်က ထောက်ပံ့ကူညီပေးခဲ့တာတွေ ဖြစ်ပါတယ်။ ၂၀၂၁ စက်တင်ဘာလဆန်း နောက်ဆုံးထားပြီး အမေရိကန်တပ်တွေ အာဖဂန်က ဆုတ်ခွာသွားချိန်မှာ လေယာဉ်အစီး ၇၀ ကျော်နဲ့ ဒါဇင်နဲ့ချီတဲ့ သံချပ်ကာကားတွေကို ဖျက်ဆီးသွားခဲ့ပါတယ်။