သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒိုဟာဆွေးနွေးပွဲ တာလီဘန်ကိုယ်စားလှယ်အဖွဲ့စေလွှတ်မည်


ပါကစ္စတန်-အာဖဂန်နယ်စပ် တော်ခမ်းမြို့နားက ဒုက္ခသည်စခန်းမှာ ဒုက္ခသည်မှတ်ပုံတင်ဖို့စောင့်နေသူတွေနားမှာ စောင့်ကြပ်နေတဲ့ တာလီဘန်တပ်ဖွဲ့ဝင်များ။ (နိုဝင်ဘာ ၄၊ ၂၀၂၃)
ပါကစ္စတန်-အာဖဂန်နယ်စပ် တော်ခမ်းမြို့နားက ဒုက္ခသည်စခန်းမှာ ဒုက္ခသည်မှတ်ပုံတင်ဖို့စောင့်နေသူတွေနားမှာ စောင့်ကြပ်နေတဲ့ တာလီဘန်တပ်ဖွဲ့ဝင်များ။ (နိုဝင်ဘာ ၄၊ ၂၀၂၃)

အာဖဂန်အရေး ကုလအစည်းအဝေးတက်ဖို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ်လို့ တာလီဘန်အစိုးရက ပြောပါတယ်။ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဇွန်လ ၃၀ ရက်နေ့ကျရင် အာဖဂန်အရေးနိုင်ငံတကာလာခံကို ကုလသမဂ္ဂက နှစ်ရက်ကြာကျင်းပဖို့ စီစဉ်ထားတာပါ။

ဒီ အစည်းအဝေးဖြစ်လာဖို့ ကုလ အတွင်းရေးမှူးချုပ်က တနှစ်ကျော်ကြာ စီစဉ်လာခဲ့တာဖြစ်ပြီး အခုလို နိုင်ငံတကာကိုယ်စားလှယ်တွေစုံညီမယ့် အစည်းအဝေးတခုကို တာလီဘန်အစိုးရက ပထမဆုံးအကြိမ် တက်ရောက်မှာဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့ တာလီဘန်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုလုပ်ရာမှာ စုစည်းညီညွတ်တဲ့ ချည်းကပ်မှုဖြစ်လာစေဖို့ ကုလ အတွင်းရေးမှူးချုပ်ရဲ့ ကြိုးပမ်းမှုဖြစ်ပါတယ်။

တတိယအကြိမ် ဒိုဟာညီလာခံနဲ့ပတ်သက်လို့ သူတို့အတွင်း ညှိနှိုင်းမှုတွေလုပ်ခဲ့ပြီး ပါဝင်တက်ရောက်ဖို့ သဘောတူခဲ့တယ်လို့ တာလီဘန်ပြောခွင့်ရသူက အာဖဂန်ရုပ်သံဌာနတခုကို တနင်္ဂနွေနေ့က ပြောဆိုခဲ့တာပါ။ အာဖဂန်လူထုအကျိုးစီးပွားအတွက် အခုလို ဆုံးဖြတ်တာဖြစ်ပြီး အာဖဂန်နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ လူသားချင်းစာနာကူညီမှုတွေအတွက် အစည်းအဝေးမှန်သမျှကို အရေးတကြီးထား စဉ်းစားသွားမယ်လို့ တာလီဘန်ပြောခွင့်ရသူ Zabihullah Mujahid က ပြောပါတယ်။


ဒိုဟာဆွေးနွေးပွဲ တာလီဘန်ကိုယ်စားလှယ်အဖွဲ့စေလွှတ်မည်
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG