သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူသတ်မှုနဲ့ အမျိုးသား ၂ ဦးကို အာဖဂန်တာလီဘန်တွေ လူမြင်ကွင်းမှာကွပ်မျက်


အာဖဂန်နိုင်ငံမှာ အမျိုးသား ၂ ဦးကို လူမြင်ကွင်းမှာကွပ်မျက်သည့်နေရာကို အဝေးမှ မြင်ရစဉ် (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄)
အာဖဂန်နိုင်ငံမှာ အမျိုးသား ၂ ဦးကို လူမြင်ကွင်းမှာကွပ်မျက်သည့်နေရာကို အဝေးမှ မြင်ရစဉ် (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄)

လူသတ်မှုကျူးလွန်ခဲ့သူ ၂ ဦးကို တာလီဘန် အာဏာပိုင်တွေက လူမြင်ကွင်းမှာ ဒီကနေ့ ကွပ်မျက်လိုက်ပါတယ်။​ နိုင်ငံတောင်ပိုင်း၊​ Ghazni မြို့က ဘောလုံးကွင်းအတွင်းမှာ သေနတ်နဲ့ပစ်ပြီး ကွပ်မျက်လိုက်တာလို့ အာဖဂန် ဗဟိုတရားရုံးချုပ်က ပြောပါတယ်။​ အဲဒီ ကွပ်မြက်တဲ့နေရာကို တာလီဘန် အုပ်ချုပ်ရေးအဖွဲ့က အရာရှိတွေ၊ ဒေသခံတွေ အများအပြား တက်ရောက် ကြည့်ရှုခဲ့ကြပေမဲ့ ဘယ်သူမှ လက်ကိုင်ဖုန်းတွေ၊ ကင်မရာတွေ သယ်ဆောင်လာခွင့်မပြုဘူးလို့ ဆိုပါတယ်။​

အခု ကွပ်မျက်ခံရသူ ၂ ဦးဟာ တခြားလူ ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ပြစ်မှုထင်ရှား တွေ့ရှိခဲ့တဲ့အတွက် သေဒဏ်ပေးခံခဲ့ရသူတွေဖြစ်တယ်လို့ တရားရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တာလီဘန်အဖွဲ့ခေါင်းဆောင် Hibatullah Akhundzada က တရားရုံး ဆုံးဖြတ်ချက်ကို အတည်ပြုပေးလိုက်ပြီးတဲ့နောက်မှာ သူတို့ ကွပ်မျက်လိုက်တာလို့ ဆိုပါတယ်။​

တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ သူတို့ အာဏာပြန်ရတဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လနောက်ပိုင်း လူအများမြင်ကွင်းမှာ လူ ၄ ဦးကို ကွပ်မျက်ခဲ့ပြီးဖြစ်သလို အမျိုးသမီးတွေအပါအဝင် လူ ၃၅၀ ကိုလည်း ကြိမ်ဒဏ်ပေးတဲ့အပြင် တင်းကျပ်တဲ့ အစ္စလာမ်မစ် ဘာသာရေး ဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ပါတယ်။ ပြစ်ဒဏ်ပေးခံရတဲ့ အမျိုးသမီးတွေကတော့ အိမ်ထောင်ရေးဖောက်ပြန်မှု၊ အိမ်ကနေ ထွက်ပြေးမှု စတဲ့ ပြစ်မှုတွေ အများစု ပါဝင်တယ်လို့ ဆိုပါတယ်။ တာလီဘန်တွေရဲ့ အဲဒီလို ပြစ်ဒဏ် စီရင်မှုဟာ လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ကုလသမဂ္ဂက ဝေဖန်လိုက်ပြီး ဒါဟာ နိုင်ငံတကာရဲ့ ဥပဒေတွေနဲ့ ဆန့်ကျင်နေတဲ့အတွက် ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG