သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အမျိုးသမီးအခွင့်အရေးဦးစားပေးဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း


အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့မှာ လူသားချင်းစာနာမှု စားနပ်ရိက္ခာထုတ်ဖို့တန်းစီနေတဲ့အမျိုးသမီးများ၊ မေ ၂၃၊ ၂၀၂၃
အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့မှာ လူသားချင်းစာနာမှု စားနပ်ရိက္ခာထုတ်ဖို့တန်းစီနေတဲ့အမျိုးသမီးများ၊ မေ ၂၃၊ ၂၀၂၃
အာဖဂန်နစ္စတန်နိုင်ငံကလူ့အခွင့်အရေးအခြေနေတွေ၊ အထူးသဖြင့်အမျိုးသမီးနဲ့မိန်းကလေးငယ်တွေရဲ့ အခြေအနေ တွေဆိုးရွားနေပြီး၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေတာဝန်ပေးအပ်ထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်သင့်တယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဖြစ်တဲ့ Human Right Watch (HRW) ကဗုဒ္ဓဟူးနေ့မှာပြောဆိုလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေအပါအဝင် လူ့အခွင့်ရေးချိုးဖေါက်သူတွေကို အရေးယူသင့်တယ် လို့ အာဖဂန်နစ္စတန်နိုင်ငံ လူ့အခွင့်အရေးအခြေအနေလေ့လာစုံစမ်းရေးဆိုင်ရာ ကုလသမဂ္ဂအထူး ညှိနှိုင်းဆောင်ရွက်ရေးမှုး Feridun Sinirlioğlu တင်ပြပြောဆိုတာကိုထောက်ခံတယ်လို့လည်း HRW ကပြောဆိုထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံက အမျိုးသမီးတွေရဲ့အကျပ်အတည်းဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးအခြေနေဖြစ်တယ် လို့ HRW ရဲ့ အမျိုးသမီးအခွင့်အရေးဌာနက လက်ထောက်ညွှန်ကြားရေးမှုး Heather Barr ကပြောဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာရဲ့တုန့်ပြန်ဆောင်ရွက်မှုတွေဟာ ထိရောက်လုံလောက်မှုမရှိဘူးလို့ သူကဝေဖန်လိုက် သလို ကုလသမဂ္ဂတာဝန်ပေးထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးဟာ ပိုမိုထိရောက်မှုရှိနိုင်တယ်လို့ လည်းပြောဆိုအကြံပြုထားပါတယ်။
တာလီဘန်တွေဟာ ၂၀၂၁ ခုနှစ်မှာ အာဖဂန်ကိုပြန်လည်သိမ်းပိုက်ခဲ့ပြီး၊ အစ္စလာမ်မစ်ဥပဒေတွေပြဌာန်း အုပ်ချုပ်နေပါတယ်။ အမျိုးသမီးတွေအပေါ်မှာချုပ်ချယ်ကန့်သတ်မှုတွေ၊ အခွင့်အရေးချိုးဖေါက်တာတွေ ကိုပြုလုပ်ထားပြီး အမျိုးသမီးငယ်တွေကို အထက်တန်းပညာသင်ကြားခွင့်ပိတ်ပင်ထားသလို၊ ပန်းခြံ၊ အလှပြင်ဆိုင်၊ အာကစားရုံ စတဲ့အများပြည်သူဆိုင်ရာနေရာတွေကိုသွားလာခွင့်ကိုပါ ပိတ်ပင်ထားပါတယ်။ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အလုပ်အကိုင်တွေအပါအဝင် အလုပ်အကိုင်အတော်များများ ကိုလည်း လုပ်ကိုင်ခွင့်ပိတ်ပင်ကန့်သတ်ထားပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG