သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အမျိုးသမီးအရေး လုံခြုံရေးကောင်စီ တောင်းဆိုချက် တာလီဘန်လက်မခံ


အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ပြုလုပ်တဲ့ မင်္ဂလာဆောင်တခုကိုတက်ရောက်လာသူ အာဖဂန်အမျိုးသမီးများ (မတ် ၈၊ ၂၀၂၃)
အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ပြုလုပ်တဲ့ မင်္ဂလာဆောင်တခုကိုတက်ရောက်လာသူ အာဖဂန်အမျိုးသမီးများ (မတ် ၈၊ ၂၀၂၃)

အာဖဂန်နစ္စတန်က ကုလသမဂ္ဂ ရုံးအဖွဲ့အစည်းတွေမှာ ဒေသခံအမျိုးသမီးတွေကို အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်တာက နိုင်ငံအားလုံးက လေးစားသင့်တဲ့ အာဖဂန်နစ္စတန်ရဲ့ ပြည်တွင်းလူမှုရေးကိစ္စရပ်သာ ဖြစ်တယ်လို့ တာလီဘန်အဖွဲ့က သောကြာနေ့က ပြောလိုက်ပါတယ်။

အာဖဂန်အမျိုးသမီးအရေး လုံခြုံရေးကောင်စီ တောင်းဆိုချက် တာလီဘန်လက်မခံ


အာဖဂန်နစ္စတန်က ကုလသမဂ္ဂ ရုံးအဖွဲ့အစည်းတွေမှာ ဒေသခံအမျိုးသမီးတွေကို အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်တာက နိုင်ငံအားလုံးက လေးစားသင့်တဲ့ အာဖဂန်နစ္စတန်ရဲ့ ပြည်တွင်းလူမှုရေးကိစ္စရပ်သာ ဖြစ်တယ်လို့ တာလီဘန်အဖွဲ့က သောကြာနေ့က ပြောလိုက်ပါတယ်။

အာဖဂန်အမျိုးသမီးတွေ ပညာသင်ကြားခွင့်နဲ့ အလုပ်လုပ်ခွင့်အပေါ် ကန့်သတ်ထားတာကို ရှုတ်ချပြီး ဒါကို အမြန်ဆုံး အဆုံးသတ်ဖို့တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တညီတညွတ်တည်း အတည်ပြုပြီးနောက် တရက်အကြာမှာ တာလီဘန်ခေါင်းဆောင်တွေရဲ့ ပြန်လည် တုံ့ပြန်တဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။

“တာလီဘန်အနေနဲ့ အာဖဂန်အမျိုးသမီးတွေရဲ့ အခွင့်အရေးအားလုံးကို အာမခံဖို့ ကတိကဝတ်ပြုထားသလို၊ တပြိုင်တည်းမှာ မတူကွဲပြားမှုတွေကို လေးစားပေမယ့် ဒါကို နိုင်ငံရေးအရေ ပုံဖော်ပြောဆိုတာမျိုး မလုပ်ဖို့” တာလီဘန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံပေါင်း ၉၀ ကျော်က ပူးပေါင်း ကမကထပြုတဲ့ ကုလ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာတော့ အာဖဂန်အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေအပေါ် တာလီဘန် အာဏာပိုင်တွေက ပိုမို ဖိအားပေး ကန့်သတ်လာတာကို အထူး စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။

ပဋိပက္ခတွေအပြည့်နဲ့ ဆင်းရဲတွင်းနက်နေတဲ့ အာဖဂန်နစ္စတန်မှာ တာလီဘန်က ရှာရီယာ အစ္စလာမ်ဥပဒေကို တင်းတင်းကျပ်ကျပ်နဲ့ အဓိပ္ပာယ်ဖွင့်ဆို အုပ်ချုပ်နေတာပါ။ မိန်းကလေးတွေကို ၆ တန်း အထက် ပညာသင်ကြားခွင့် ပိတ်ပင်ထားပြီး အာဖဂန်အမျိုးသမီး အများစုကို နိုင်ငံတဝန်းမှာ အများပြည်သူဆိုင်ရာ လူမှုဘဝတွေနဲ့ လုပ်ငန်းခွင်တွေမှာ တားမြစ်တဲ့အမိန့်တွေ ဆက်တိုက် ထုတ်ပြန်ခဲ့ပါတယ်။ အာဖဂန် အမျိုးသမီးတွေအပေါ် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ တောင်းဆိုတာတွေကိုလည်း တာလီဘန်ခေါင်းဆောင် Hibatullah Akhundzada က ပယ်ချခဲ့ပြီး နိုင်ငံခြားက ဝင်ရောက်စွက်ဖက်တာမျိုးကို လက်မခံကြောင်း ပြောပါတယ်။

မနှစ် ဒီဇင်ဘာလမှာ အမျိုးသားတွေနဲ့သာ ဖွဲ့စည်းထားတဲ့ တာလီဘန်အစိုးရဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာ အမျိုးသမီးဝန်ထမ်းတွေ အလုပ်လုပ်ခွင့်ကို တားမြစ်ခဲ့ပြီး ဒီလ အစောပိုင်းမှာတော့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေမှာ အာဖဂန်အမျိုးသမီးတွေ အလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG