သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ပြည်တွင်း နဲ့ နိုင်ငံတကာ NGO အမျိုးသမီးတွေ တာလီဘန် တားမြစ်


Afghan women chant slogans during a protest against the ban on university education for women, in Kabul, Afghanistan, Dec. 22, 2022.
Afghan women chant slogans during a protest against the ban on university education for women, in Kabul, Afghanistan, Dec. 22, 2022.

 အာဖဂန်နစ်စတန်နိုင်ငံက NGO နဲ့ INGO-  ပြည်တွင်းနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးဝန်ထမ်းတွေ အလုပ်မသွားကြဖို့ တာလီဘန်တွေက စနေနေ့က တားမြစ်လိုက်ပါတယ်။ အာဖဂန်စီးပွါးရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

ပြည်တွင်း နဲ့ နိုင်ငံတကာ NGO အမျိုးသမီးတွေ တာလီဘန် တားမြစ်

{{Zawgyi/Unicode}}
အာဖဂန်နစ်စတန်နိုင်ငံက NGO နဲ့ INGO- ပြည်တွင်းနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးဝန်ထမ်းတွေ အလုပ်မသွားကြဖို့ တာလီဘန်တွေက စနေနေ့က တားမြစ်လိုက်ပါတယ်။ ဒီအဖွဲ့အစည်းတွေအနေနဲ့ တားမြစ်ချက်ကို မလိုက်နာရင် အလုပ်လုပ်ခွင့် ပါမစ်တွေကို ဖျက်သိမ်းမှာ ဖြစ်ကြောင်း အာဖဂန်စီးပွါးရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အာဖဂန်မှာ တာလီဘန်တွေ အုပ်ချုပ်ခဲ့တဲ့ နောက် အမျိုးသမီးတွေ လူထုကြားလှုပ်ရှားနိုင်မှုကို ချေမှုန်းတဲ့ နောက်ဆုံး လုပ်ဆောင်ချက် ဖြစ်ပါတယ်။ အဖွဲ့အစည်း တချို့ဟာ အမျိုးသမီးတွေ မွတ်စလင်ခေါင်းစည်း ပုဝါ ခြုံဖို့ တာလီဘန်တွေပြဌာန်းထားတဲ့ စည်းမျဉ်းကို လိုက်နာမှု မရှိဘူးလို့ တာလီဘန်တွေရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အာဖဂန်နစ်စတန်ဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ဖြစ်တဲ့ ကုလ လူသားစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အကြီးအကဲ Ramiz Alakbarov ကတော့ အခုလို အမျိုးသမီး NGO အလုပ်သမားတွေအပေါ် တားမြစ်ချက် အတွက် အထူးစိုးရိမ်ကြောင်းနဲ့ ဒါဟာ လူသားစာနာမှု ဆိုင်ရာ အခြေခံမူတွေကို ရှင်းရှင်းလင်းလင်း ချိုးဖေါက်လိုက်တာ ဖြစ်ကြောင်း ပြောပါတယ်။

အကူညီပေးရေးအဖွဲ့တွေကတော့ ရှေးရိုးစွဲအယူရှိသူများတဲ့ အာဖဂန်လူမှုအသိုင်းဝိုင်းအတွက် လူသားစာနာမှု အကူညီပေးရေးမှာ အမျိုးသမီး အလုပ်သမားတွေကပဲ အမျိုးသမီးတွေအတွက် သေသေချာချာ လုပ်ပေးနိုင်တယ်လို့ ပြောပါတယ်။

တာလီဘန်တွေက အမျိုးသမီးတွေ ပညာသင့်ခွင့်ပိတ်ပင်တာနဲ့ ပတ်သက်ပြီး အာဖဂန်နစ္စတန် အနောက်ပိုင်းက Herat မြို့မှာ စနေနေ့က အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသူတွေဆန္ဒပြခဲ့ကြပါတယ်။ အီရန်နဲ့ နယ်စပ်ချင်းကပ်နေတဲ့ အဲဒီမြို့လည်ကို ဆန္ဒပြသူတွေ စုဝေးလာရောက်ကြပြီး ပြည်နယ် အစိုးရရုံးကို ချီတက်ကြချိန်မှာတော့ တာလီဘန်လုံခြုံရေးတွေက မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}





XS
SM
MD
LG