သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားထံက ေရနံတင္သြင္းေရး အာဖဂန္တာလီဘန္ေတြ ေဆြးေႏြး 


Moscow Afghan Conference 

႐ုရွားႏိုင္ငံက ေရနံထြက္ပစၥည္း မက္ထရစ္တန္ (၁)သန္း တင္သြင္းဖို႔ စကားေျပာေနေၾကာင္း အာဖဂန္တာလီဘန္ေတြက ေျပာပါတယ္။ အျပန္လွန္အားျဖင့္ အာဖဂန္ထြက္ စပ်စ္သီးေျခာက္၊ ေဆးဖက္ဆိုင္ရာသုံး ကုန္ၾကမ္းေတြနဲ႔ ဓါတ္သတၱဳပစၥည္းေတြကို ႐ုရွားႏိုင္ငံဆီ တင္ပို႔ဖြယ္ ရွိေနပါတယ္။

႐ုရွားထံက ေရနံတင္သြင္းေရး အာဖဂန္တာလီဘန္ေတြ ေဆြးေႏြး

{{Zawgyi/Unicode}}
႐ုရွားႏိုင္ငံက ေရနံထြက္ပစၥည္း မက္ထရစ္တန္ (၁)သန္း တင္သြင္းဖို႔ စကားေျပာေနေၾကာင္း အာဖဂန္တာလီဘန္ေတြက ေျပာပါတယ္။ အျပန္လွန္အားျဖင့္ အာဖဂန္ထြက္ စပ်စ္သီးေျခာက္၊ ေဆးဖက္ဆိုင္ရာသုံး ကုန္ၾကမ္းေတြနဲ႔ ဓါတ္သတၱဳပစၥည္းေတြကို ႐ုရွားႏိုင္ငံဆီ တင္ပို႔ဖြယ္ ရွိေနပါတယ္။

တာလီဘန္ ကိုယ္စားလွယ္အဖြဲ႔ ၊ ေလာေလာဆယ္ ေမာ္စကိုျမဳိ႕မွာ ေရာက္ရွိေနၿပီး အျပန္အလွန္ ကုန္သြယ္ေရး ၊ အာဖဂန္မွာ ႐ုရွား ရင္းႏွီးျမႇဳပ္ႏွံမႈ တိုးျမႇင့္ေရးအတြက္ ႐ုရွားတာဝန္ရွိသူေတြ ၊ ပုဂၢလိက စီးပြားေရး လုပ္ငန္းရွင္ေတြနဲ႔ ေဆြးေႏြးေနၾကတာပါ။ ဒါ့အျပင္ အေျခခံလိုအပ္ခ်က္ စားကုန္ေတြျဖစ္တဲ့ ဂ်ဳံနဲ႔ ေနၾကာေစ့ တင္သြင္းဖို႔ကိုလည္း တာလီဘန္ေတြနဲ႔ ေဆြးေႏြးေနတယ္လို႔ ႐ုရွားအရာရွိေတြက ေျပာပါတယ္။

အာဖဂန္နစၥတန္ ႏိုင္ငံမွာ ေလာင္စာဆီ တန္(၄)သန္းလိုအပ္ေနၿပီး တခ်ဳိ႕တဝက္ကို အိမ္နီးခ်င္း ႏိုင္ငံေတြဆီက တင္သြင္းေနေၾကာင္း တာလီဘန္ကိုယ္စားလွယ္အဖြဲ႔ရဲ႕ ေခါင္းေဆာင္ စက္မႈနဲ႔ ကုန္သြယ္ေရးဝန္ႀကီး Nuriddin Azizi ကို ကိုးကားၿပီး ႐ုရွားသတင္းေတြက ေသာၾကာေန႔မွာ ေဖာ္ျပၾကပါတယ္။

႐ုရွားဟာ မိမိတို႔ရဲ႕ မိတ္ေဆြႏိုင္ငံ ျဖစ္တာေၾကာင့္လည္း ႐ုရွားေလာင္စာဆီနဲ႔ ေရနံထြက္ပစၥည္းေတြ တင္သြင္းခြင့္ရေရး သေဘာတူညီခ်က္ရဖို႔ အခုလို လာေရာက္ေဆြးေႏြးတာလို႔ ဝန္ႀကီး Azizi က RIA ႐ုရွားအစိုးရ သတင္းဌာနကိုေျပာပါတယ္။ လတ္တေလာမွာေတာ့ တာလီဘန္ေတြဟာ အီရန္ႏိုင္ငံက ေလာင္စာဆီ မက္ထရစ္တန္ (၃ သိန္းခြဲ) တင္သြင္းဖို႔ သေဘာတူခ်က္ ရထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

................................................

ရုရှားထံက ရေနံတင်သွင်းရေး အာဖဂန်တာလီဘန်တွေ ဆွေးနွေး

{{Zawgyi/Unicode}}
ရုရှားနိုင်ငံက ရေနံထွက်ပစ္စည်း မက်ထရစ်တန် (၁)သန်း တင်သွင်းဖို့ စကားပြောနေကြောင်း အာဖဂန်တာလီဘန်တွေက ပြောပါတယ်။ အပြန်လှန်အားဖြင့် အာဖဂန်ထွက် စပျစ်သီးခြောက်၊ ဆေးဖက်ဆိုင်ရာသုံး ကုန်ကြမ်းတွေနဲ့ ဓါတ်သတ္တုပစ္စည်းတွေကို ရုရှားနိုင်ငံဆီ တင်ပို့ဖွယ် ရှိနေပါတယ်။

တာလီဘန် ကိုယ်စားလှယ်အဖွဲ့ ၊ လောလောဆယ် မော်စကိုမြို့မှာ ရောက်ရှိနေပြီး အပြန်အလှန် ကုန်သွယ်ရေး ၊ အာဖဂန်မှာ ရုရှား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် ရုရှားတာဝန်ရှိသူတွေ ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးနေကြတာပါ။ ဒါ့အပြင် အခြေခံလိုအပ်ချက် စားကုန်တွေဖြစ်တဲ့ ဂျုံနဲ့ နေကြာစေ့ တင်သွင်းဖို့ကိုလည်း တာလီဘန်တွေနဲ့ ဆွေးနွေးနေတယ်လို့ ရုရှားအရာရှိတွေက ပြောပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံမှာ လောင်စာဆီ တန်(၄)သန်းလိုအပ်နေပြီး တချို့တဝက်ကို အိမ်နီးချင်း နိုင်ငံတွေဆီက တင်သွင်းနေကြောင်း တာလီဘန်ကိုယ်စားလှယ်အဖွဲ့ရဲ့ ခေါင်းဆောင် စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီး Nuriddin Azizi ကို ကိုးကားပြီး ရုရှားသတင်းတွေက သောကြာနေ့မှာ ဖော်ပြကြပါတယ်။

ရုရှားဟာ မိမိတို့ရဲ့ မိတ်ဆွေနိုင်ငံ ဖြစ်တာကြောင့်လည်း ရုရှားလောင်စာဆီနဲ့ ရေနံထွက်ပစ္စည်းတွေ တင်သွင်းခွင့်ရရေး သဘောတူညီချက်ရဖို့ အခုလို လာရောက်ဆွေးနွေးတာလို့ ဝန်ကြီး Azizi က RIA ရုရှားအစိုးရ သတင်းဌာနကိုပြောပါတယ်။ လတ်တလောမှာတော့ တာလီဘန်တွေဟာ အီရန်နိုင်ငံက လောင်စာဆီ မက်ထရစ်တန် (၃ သိန်းခွဲ) တင်သွင်းဖို့ သဘောတူချက် ရထားပါတယ်။

XS
SM
MD
LG