သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တာလီဘန္တို႔ရဲ႕ အမ်ဳိးသမီး အခြင္႔အေရး ကတိ


(Zawgyi/ Unicode)


အာဖဂန္နစၥတန္ႏိုင္ငံ အာဏာရ တာလီဘန္အဖြဲ႕က မေန႔က က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔ အထိမ္းအမွတ္အေနနဲ႔ အစၥလာမ္ ဥပေဒ အတြင္းကေန အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရးေတြကို အကာအကြယ္ေပးဖို႔ ကတိျပဳလိုက္ပါတယ္။

မိမိတို Islamic Emirate အာဖဂန္နစၥတန္ႏိုင္ငံအေနနဲ႔ ရွာရီယာဥပေဒပါ အခြင့္အေရးေတြအတိုင္း အာဖဂန္အမ်ိဳးသမီးေတြကို ေစာင့္ေရွာက္မွာျဖစ္တယ္လို႔ တာလီဘန္ေျပာခြင့္ရ Zabihullah Mujahid က လူမႈကြန္ရက္ တြစ္တာမွာ ေရးသားထားပါတယ္။

အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔ဟာ အာဖဂန္အမ်ိဳးသမီးေတြ အတြက္ သူတို႔ရဲ႕ ဥပေဒပါ အခြင့္အေရးေတြကို ကာကြယ္ဖို႔အတြက္ မဟာ အခြင့္အေရးျဖစ္ပါတယ္၊ ဘုရားသခင္ရဲ႕ ဆႏၵအရ ကြ်ႏု္ပ္တို႔ အားလုံးက အာဖဂန္အမ်ိဳးသမီးေတြရဲ႕အခြင့္အေရးနဲ႔ ကာကြယ္ ေစာင့္ေရွာက္ပါတယ္လို႔လည္း သူက ေျပာပါတယ္။

တာလီဘန္အဖြဲ႕ဟာ သူတို႔အရင္တခါ အာဏာရ အုပ္ခ်ဳပ္ခဲ့စဥ္ ၁၉၉၆ ခုႏွစ္ ကေန ၂ဝဝ၁ ခုႏွစ္အထိ ကာလေတြမွာ အမ်ိဳးသမီးေတြကို အလုပ္လုပ္ပိုင္ခြင့္နဲ႔ ပညာေရးအခြင့္အလမ္းေတြကို တားျမစ္ခဲ့တာ အပါအဝင္ ဆိုးဆိုးဝါးဝါး လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြျပဳလုပ္ခဲ့ပါတယ္။ ၿပီးခဲ႔တဲ႔ႏွစ္ ၾသဂုတ္လက အေနာက္ႏိုင္ငံေတြက ေထာက္ခံကူညီထားတဲ့ အာဖဂန္အစိုးရ ျပဳတ္က်ခဲ႔ၿပီးေနာက္ တာလီဘန္အစိုးရဟာ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ၿပီး သူတို႔ရဲ႕ ပုံရိပ္ကို ေျပာင္းလဲဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

တာလီဘန္ေခါင္းေဆာင္ေတြက သူတို႔အေနနဲ႔ အမ်ိဳးသမီးအခြင့္အေရးကို ေလးစားတာ၊ အမ်ိဳးသမီးေတြကို ပညာသင္ၾကားခြင့္နဲ႔ အလုပ္လုပ္ပိုင္ခြင့္ေတြ ေပးမယ္ဆိုတာကို ႏိုင္ငံတကာအသိုင္းအဝိုင္းကို မၾကာခဏ အာမခံခ်က္ေပးေၾကာင္း ေျပာၾကားခဲ့ၾကပါတယ္။ ဒါေပမဲ႔ လူ႔အခြင့္အေရးအဖြဲ႔ေတြကေတာ့ တာလီဘန္အဖြဲ႔ရဲ႕ ေျပာဆိုခ်က္ေတြကို ပယ္ခ်ထားၿပီး တာလိီဘန္အဖြဲ႔ဟာ အထူးသျဖင့္ အမ်ုိးသမီးေတြအပါအဝင္ လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္ေနေၾကာင္း စြပ္စြဲထားပါတယ္။

တာလီဘန္တို႔ရဲ႕ အမ်ဳိးသမီး အခြင္႔အေရး ကတိ
please wait

No media source currently available

0:00 0:01:12 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

တာလီဘန်တို့ရဲ့ အမျိုးသမီး အခွင့်အရေး ကတိ

အာဖဂန်နစ္စတန်နိုင်ငံ အာဏာရ တာလီဘန်အဖွဲ့က မနေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့ အစ္စလာမ် ဥပဒေ အတွင်းကနေ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ ကတိပြုလိုက်ပါတယ်။

မိမိတို Islamic Emirate အာဖဂန်နစ္စတန်နိုင်ငံအနေနဲ့ ရှာရီယာဥပဒေပါ အခွင့်အရေးတွေအတိုင်း အာဖဂန်အမျိုးသမီးတွေကို စောင့်ရှောက်မှာဖြစ်တယ်လို့ တာလီဘန်ပြောခွင့်ရ Zabihullah Mujahid က လူမှုကွန်ရက် တွစ်တာမှာ ရေးသားထားပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟာ အာဖဂန်အမျိုးသမီးတွေ အတွက် သူတို့ရဲ့ ဥပဒေပါ အခွင့်အရေးတွေကို ကာကွယ်ဖို့အတွက် မဟာ အခွင့်အရေးဖြစ်ပါတယ်၊ ဘုရားသခင်ရဲ့ ဆန္ဒအရ ကျွနု်ပ်တို့ အားလုံးက အာဖဂန်အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ ကာကွယ် စောင့်ရှောက်ပါတယ်လို့လည်း သူက ပြောပါတယ်။
တာလီဘန်အဖွဲ့ဟာ သူတို့အရင်တခါ အာဏာရ အုပ်ချုပ်ခဲ့စဉ် ၁၉၉၆ ခုနှစ် ကနေ ၂ဝဝ၁ ခုနှစ်အထိ ကာလတွေမှာ အမျိုးသမီးတွေကို အလုပ်လုပ်ပိုင်ခွင့်နဲ့ ပညာရေးအခွင့်အလမ်းတွေကို တားမြစ်ခဲ့တာ အပါအဝင် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်မှုတွေပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အနောက်နိုင်ငံတွေက ထောက်ခံကူညီထားတဲ့ အာဖဂန်အစိုးရ ပြုတ်ကျခဲ့ပြီးနောက် တာလီဘန်အစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး သူတို့ရဲ့ ပုံရိပ်ကို ပြောင်းလဲဖို့ ကြိုးစားလာခဲ့ပါတယ်။

တာလီဘန်ခေါင်းဆောင်တွေက သူတို့အနေနဲ့ အမျိုးသမီးအခွင့်အရေးကို လေးစားတာ၊ အမျိုးသမီးတွေကို ပညာသင်ကြားခွင့်နဲ့ အလုပ်လုပ်ပိုင်ခွင့်တွေ ပေးမယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းကို မကြာခဏ အာမခံချက်ပေးကြောင်း ပြောကြားခဲ့ကြပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ တာလီဘန်အဖွဲ့ရဲ့ ပြောဆိုချက်တွေကို ပယ်ချထားပြီး တာလီဘန်အဖွဲ့ဟာ အထူးသဖြင့် အမျိုးသမီးတွေ အပါအဝင် လူ့အခွင့်အရေးကို ချိုးဖောက်နေကြောင်း စွပ်စွဲထားပါတယ်။

XS
SM
MD
LG