သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားတွေနဲ့ မလုံလောက်မှ အမျိုးသမီးတွေကို အလုပ်လုပ်ခွင့်ပေးမည် (ကာဘူးလ်မြို့တော်ဝန်)


အာဖဂန် အမျိုးသမီးရေးရာ ဝန်ကြီးဌာနဟောင်းရှေ့မှာ အမျိုးသမီး အခွင့်အရေး တောင်းဆို ဆန္ဒပြနေကြသူများ။ (စက်တင်ဘာ ၁၉၊ ၂၀၂၁)
အာဖဂန် အမျိုးသမီးရေးရာ ဝန်ကြီးဌာနဟောင်းရှေ့မှာ အမျိုးသမီး အခွင့်အရေး တောင်းဆို ဆန္ဒပြနေကြသူများ။ (စက်တင်ဘာ ၁၉၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့ အစိုးရလက်အောက်မှာရှိတဲ့ လုပ်ငန်းခွင်တွေက အမျိုးသမီး အလုပ်သမားတွေ အိမ်မှာပဲနေကြဖို့၊ သူတို့အလုပ်တွေကို အမျိုးသားတွေနဲ့ မဖြည့်နိုင်တော့မှဘဲ အမျိုးသမီးတွေ အလုပ်လုပ်ခွင့်ရှိကြောင်း ကာဘူးလ် ယာယီမြို့တော်ဝန်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

တာလီဘန်အုပ်ချုပ်မှု အသစ်အောက်မှာ အမျိုးသမီးတွေအတွက် ထုတ်ပြန်လိုက်တဲ့ ကန့်သတ်ချက်တွေကို ချပြချိန်မှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အခုလို ကာဘူးလ်မြို့တွင်းက အမျိုးသမီးတွေ အလုပ်မဆင်းရ သတ်မှတ်ချက်ဟာ အရင်တုန်းက တာလီဘန်တွေ အုပ်ချုပ်ရေးမျိုး ပြန်သွားတော့မယ့် လက္ခဏာတရပ်လည်း ဖြစ်တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

၁၉၉၀ နှစ်တွေအတွင်း တာလီဘန်တွေ အုပ်ချုပ်ခဲ့ချိန်က အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို ကျောင်းတွေ၊ လုပ်ငန်းခွင်တွေနဲ့ လူထုနဲ့ဆက်ဆံရတဲ့ လူမှုလှုပ်ရှားမှုတွေကနေ တားမြစ်ထားတာ ဖြစ်ပါတယ်။

တာလီဘန်တွေက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ ရပိုင်ခွင့်ကို ထိန်းချုပ်တဲ့ အမိန့်အများအပြားကို မကြာခင် ရက်တွေအတွင်း ထုတ်ပြန်ခဲ့တာပါ။ အလယ်တန်းနဲ့ အထက်တန်းတက်နေတဲ့ မိန်းကလေးတွေ အခုအချိန်မှာ ကျောင်းကို ပြန်သွားခွင့် မရှိဘူးလို့ အမိန့်ထုတ်ခဲ့သလို တက္ကသိုလ်တက်နေတဲ့ အမျိုးသမီးတွေ အနေနဲ့ ကျား မ ခွဲထားတဲ့ စာသင်ခန်းတွေမှာသာ သင်ကြားခွင့်ရှိသလို အမျိုးသမီးတွေ ဝတ်ဆင်ရမယ့် ပုံစံကိုပါ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

သောကြာနေ့ကလည်း အမျိုးသမီးရေးရာ ဝန်ကြီးဌာနကို တာလီဘန်တွေက ပိတ်ပစ်ခဲ့တာပါ။ တနင်္ဂနွေနေ့မှာတော့ အဲဒီဝန်ကြီးဌာနဟောင်းရှေ့မှာ အမျိုးသမီး တဒါဇင်ကျော်လောက်က အမျိုးသမီးတွေ လူမှုဘဝထဲ ပြန်ဝင်ခွင့်ပေးဖို့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆယ်မိနစ်လောက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အိုင်အက်စ် စစ်သွေးကြွတွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့ အာဖဂန်အရှေ့ပိုင်းပြည်နယ်မှာရှိတဲ့ ဂျာလာလာဘတ်မြို့မှာ တာလီဘန်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်တစီး ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ၅ ဦး သေဆုံးခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)








ဆက်စပ်သတင်းများ ...

XS
SM
MD
LG