သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ ဒေါ်လာ (၆) ဘီလီယံကျော်ဖိုး သတ္တုတူးဖော်ရေး တာလီဘန် သဘောတူ


Afghanistan De-mining Crisis
Afghanistan De-mining Crisis

အာဖဂန်နစ္စတန်နိုင်ငံမှာ ပြည်တွင်းနဲ့ နိုင်ငံရပ်ခြားဖြစ်တဲ့ တရုတ်၊ အီရန်၊ တူရကီနဲ့ ဗြိတိန်နိုင်ငံတွေကကုမ္ပဏီတွေကို ဒေါ်လာ ၆ ဘီလီယံခွဲကျော်တန်ဖိုးရှိတဲ့ သတ္တုတူးဖေါ်ခွင့် ကန်ထရိုက်လုပ်ငန်းတွေချထားပေးဖို့ လက်မှတ်ရေးထိုးခဲ့တယ်လို့ တာလီဘန်တွေက ကြာသပတေးနေ့မှာ ကြေညာပါတယ်။

အာဖဂန်ပြည်နယ် ၄ ခုဖြစ်တဲ့ Takhar, Ghor, Herat, နဲ့ Logar ပြည်နယ်တွေမှာ ရွှေ၊ ကြေးနီ၊ သံ၊ ခဲနဲ့သွပ်တူးဖေါ်ရေးနဲ့ သန့်စင်ရေးလုပ်ငန်းတွေလုပ်ကိုင်မယ့် ကန်ထရိုက်လုပ်ငန်း ၇ ခု ကို လက်မှတ်ထိုးခဲ့တာဖြစ်ကြောင်း တာလီဘန်သတ္တုနဲ့ ရေနံလုပ်ငန်းဝန်ကြီး Shahabuddin Dilawar က ပြောပါတယ်။

အာဖဂန်က တာလီဘန်တွေကိုတိုက်နေတဲ့ အမေရိကန်ဦးဆောင်တဲ့ နေတိုးမဟာမိတ်တပ်တွေ အနှစ် ၂၀ နီးပါးအကြာ အာဖဂန်က ပြန်လည်ထွက်ခွါသွားတဲ့ ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့အဖြစ် အခုအချိန်မှာ အာဖဂန်ကို ထိန်းချုပ်ထားတဲ့ တာလီဘန်တွေက နိုင်ငံတော် ရုပ်သံကနေ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာ ၆ ဘီလီယံခွဲကျော် ရင်းနှီးမြှုပ်နှံမှုကနေ အာဖဂန်မှာ အလုပ်အကိုင်ထောင်ပေါင်းများစွာ ဖန်တီးပေးနိုင်မှာ ဖြစ်ကြောင်လည်း ဝန်ကြီး ဒီလာဝါက ပြောပါတယ်။

Takhar ဒေသမှာ ရွှေတူးဖေါ်ခွင့်ပေးထားတ့ တရုတ်ကုမ္ပဏီကနေ တာလီဘန် အစိုးရအတွက် ၅ နှစ်အတွင်း ၆၅ % အစုရှယ်ယာခွဲဝေမှုရရှိမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ ၂၀၂၁ သြဂုတ်လမှာ တာလီဘန် အာဏာရလာတဲ့နောက်ပိုင်း နိုင်ငံတကာက စီးပွါးရေးဒဏ်ခတ် အရေးယူမှုတွေချထားတာကြောင့် အခုလို ကန်ထရိုက်စာချုပ် လုပ်ငန်းတွေလုပ်ကိုင်တာနဲ့ပတ်သက်ပြီး မေးခွန်းတွေ ထုတ်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG