သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် ဓာတ်သတ္ထုမှောင်ခိုမှုနဲ့ တရုတ်နိုင်ငံသား ၂ ဦးကို တာလီဘန်ဖမ်းဆီး


FILE - A general view of Mes Aynak valley, some 40 kilometers (25 miles) southwest of Kabul, Afghanistan, Jan. 18, 2015.
FILE - A general view of Mes Aynak valley, some 40 kilometers (25 miles) southwest of Kabul, Afghanistan, Jan. 18, 2015.

မက်ထရစ်တန်ချိန် ၁ ထောင်လောက်ရှိတဲ့ Lithium ဓာတ်သတ္တုပါ ကျောက်တုံးတွေကို တရားမဝင်ခိုးထုတ်ဖို့ ကြိုးပမ်းမှု စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံသား ၂ ဦးအပါအဝင် လူ ၅ ဦးကို အာဖဂန်နစ္စတန ်တာလီဘန်တို့က ဖမ်းဆီးလိုက်ပါတယ်။ နိုင်ငံအရှေ့ပိုင်း Jalalabad နယ်စပ်မြို့မှာ ဖမ်းဆီးလိုက်တာပါ။ 

တရားမဝင် ဓာတ်သတ္ထုမှောင်ခိုမှုနဲ့ တရုတ်နိုင်ငံသား ၂ ဦးကို တာလီဘန်ဖမ်းဆီး

{{Zawgyi/Unicode}}
မက်ထရစ်တန်ချိန် ၁ ထောင်လောက်ရှိတဲ့ Lithium ဓာတ်သတ္တုပါ ကျောက်တုံးတွေကို တရားမဝင်ခိုးထုတ်ဖို့ ကြိုးပမ်းမှု စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံသား ၂ ဦးအပါအဝင် လူ ၅ ဦးကို အာဖဂန်နစ္စတန ်တာလီဘန်တို့က ဖမ်းဆီးလိုက်ပါတယ်။ နိုင်ငံအရှေ့ပိုင်း Jalalabad နယ်စပ်မြို့မှာ ဖမ်းဆီးလိုက်တာပါ။

ပါကစ္စတန်နိုင်ငံကတဆင့် တရုတ်နိုင်ငံထဲ ဒီအဖိုးတန်ကျောက်တုံးတွေ တရားမဝင်တင်ပို့ဖို့ တရုတ်နိုင်ငံသား ၂ ဦးနဲ့ အာဖဂန် အပေါင်းပါတွေ ကြံစည်ထားကြတယ်လို့လည်း တာလီဘန် ထောက်လှမ်းရေးအရာရှိတွေရဲ့ ပြောကြားချက်ကို အာဖဂန်ရုပ်သံတွေမှာ တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့ကြပါတယ်။

အာဖဂန် ဓာတ်သတ္ထုတူးဖော်ရေးနဲ့ ရေနံလုပ်ငန်းဝန်ကြီးဌာန အကြီးတန်းအရာရှိ Mohammas Rasool Aqab ကတော့ အဲဒီကျောက်တုံးတွေထဲမှာ Lithium ဓာတ်သတ္တု ၃၀% ထိပါဝင်တယ်လို့ခန့်မှန်းပါတယ်။

ပါကစ္စတန်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ဒေသ အတော်များများထဲက Nuristan နဲ့ Kunar အရပ်ကနေ ဒီကျောက်တုံးတွေကို လ ျှို့ဝှက်တူးယူခဲ့ကြတာဖြစ်တယ်လို့လည်း ပြောပါတယ်။

အမေရိကန်နဲ့နေတိုးတပ်ဖွဲ့တွေ ထွက်ခွါသွားတဲ့ ၂၀၂၁ ခုနှစ်မှာ အာဏာယူ အုပ်ချုပ်လာတဲ့အချိန်ကတည်းက Lithuium ဓာတ်သတ္တု တူးဖော်ရောင်းချခွင့်တွေကို တာလီဘန်တို့ တားမြစ်ထားတာဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံပိုင် မြေတွေထဲမှာ ဒေါ်လာ ၁ ထရီလီယံတန်ဖိုးရှိတဲ့ Lithium အပါအဝင် မြေရှားသတ္တုတွေရှိနေတယ်လို့ဆိုပေမယ့် ဆယ်စုနှစ်တွေနဲ့ချီ စစ်ပွဲတွေပေါ်ပေါက်နေတာကြောင့် ဓာတ်သတ္ထု တူးဖော်ရေးလုပ်ငန်းတွေ တိုးတက်မှုမရပါဘူး။

ဥတုရာသီပြောင်းလဲဖောက်ပြန်မှု ထိန်းချုပ်ရေး သန့်ရှင်းစွမ်းအင်ထုတ်ယူမှုနဲ့ ဘထ္ထရီတွေမှာပါ အဓိကအသုံးပြုနေတဲ့ Lithium ဓာတ်သတ္တုတွေကို ကမ္ဘာတဝှမ်း ဝယ်လိုအားတွေ မြင့်တက်လာနေတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}






XS
SM
MD
LG