သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလအေထြေထြညီလာခံမွာ ျမန္မာနဲ႔ အာဖဂနစၥတန္ ၂ ႏွစ္ဆက္တိုက္ မတက္ေရာက္ႏိုင္ 


UN-DIPLOMACY-GENERAL ASSEMBLY

တနလၤာေန႔က အဆုံးသတ္ခဲ့တဲ့ ကုလသမဂၢ အေထြေထြ ညီလာခံမွာ ၂ ႏွစ္ ဆက္တိုက္အျဖစ္ ျမန္မာနဲ႔ အာဖဂနစၥတန္ႏိုင္ငံတို႔က ကိုယ္စားျပဳ တက္ေရာက္တာ မရွိခဲ့ၾကပါတယ္။


ကုလအေထြေထြညီလာခံမွာ ျမန္မာနဲ႔ အာဖဂနစၥတန္ ၂ ႏွစ္ဆက္တိုက္ မတက္ေရာက္ႏိုင္

{{Zawgyi/Unicode}}
တနလၤာေန႔က အဆုံးသတ္ခဲ့တဲ့ ကုလသမဂၢ အေထြေထြ ညီလာခံမွာ ၂ ႏွစ္ ဆက္တိုက္အျဖစ္ ျမန္မာနဲ႔ အာဖဂနစၥတန္ႏိုင္ငံတို႔က ကိုယ္စားျပဳ တက္ေရာက္တာ မရွိခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလက အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္ အာဏာသိမ္းခဲ့တဲ့ေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြ ေပၚေပါက္ေနတဲ့ ျမန္မာႏိုင္ငံနဲ႔ ၾသဂုတ္လထဲ တာလီဘန္ေတြ တေက်ာ့ျပန္ အာဏာရခဲ့တဲ့ အာဖဂန္နစၥတန္ ႏိုင္ငံအတြက္ ကိုယ္စားျပဳမႈ အျငင္းအခုံျဖစ္ေနခ်ိန္မွာပဲ အေထြေထြညီလာခံမွာ ၂ ႏွစ္ဆက္တိုက္ မတက္ႏိုင္ပဲ ျဖစ္ေနတာပါ။

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ခဲ့သူ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း အေပၚ ႏိုင္ငံေတာ္ သစၥာေဖာက္အျဖစ္ စြပ္စဲြၿပီး စစ္ေကာင္စီက အစားထိုးဖို႔ ႀကိဳးပမ္းေနေပမဲ့ ကုလသမဂၢမွာ ႏိုင္ငံကိုယ္စားျပဳမႈကို စီစစ္လက္ခံရတဲ့ (Credentials Committee) က အဆုံးအျဖတ္မေပးဘဲ ဆိုင္းငံ့ထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြေပၚေပါက္ေနတဲ့အေပၚ ကုလသမဂၢ အႀကီးအကဲ အပါအ၀င္ တာ၀န္ရွိသူေတြက စိုးရိမ္တဲ့ သေဘာထားေတြကိုလည္း ေျပာဆိုေနၾကတာပါ။

တနလၤာေန႔က ၿပီးဆုံးသြားတဲ့ အေထြေထြညီလာခံမွာလည္း အေမရိကန္ အပါအ၀င္ ႏိုင္ငံတကာနဲ႔ ေဒသတြင္းက ေခါင္းေဆာင္ေတြရဲ႕ မိန္႔ခြန္းေတြမွာ ျမန္မာ့အေရး စိုးရိမ္စရာ အေျခအေနေတြကို ထည့္သြင္းေျပာဆိုခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ လိုလားတဲ့ တက္ႂကြလႈပ္ရွားသူေတြ၊ တိုင္းရင္းသား လူနည္းစုေတြအေပၚ စစ္အာဏာပိုင္ေတြရဲ႕ ဆိုးရြားတဲ့ ဖိႏွိပ္မႈေတြ၊ အာဖဂနစၥတန္ႏိုင္ငံမွာ တာလီဘန္ေတြ အမ်ဳိးသမီးနဲ႔ မိန္းကေလးေတြအေပၚ ဖိႏွိပ္မႈေတြ တိုးျမႇင့္လာေနတာ ေတြ႕ရေၾကာင္း ဗုဒၶဟူးေန႔ ကုလသမဂၢ အေထြေထြ ညီလာခံမိန္႔ခြန္းမွာ သမၼတ Joe Biden ထည့္သြင္းေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................


ကုလအထွေထွေညီလာခံမှာ မြန်မာနဲ့ အာဖဂနစ္စတန် ၂ နှစ်ဆက်တိုက် မတက်ရောက်နိုင်

{{Zawgyi/Unicode}}
တနင်္လာနေ့က အဆုံးသတ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ၂ နှစ် ဆက်တိုက်အဖြစ် မြန်မာနဲ့ အာဖဂနစ္စတန်နိုင်ငံတို့က ကိုယ်စားပြု တက်ရောက်တာ မရှိခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံနဲ့ သြဂုတ်လထဲ တာလီဘန်တွေ တကျော့ပြန် အာဏာရခဲ့တဲ့ အာဖဂန်နစ္စတန် နိုင်ငံအတွက် ကိုယ်စားပြုမှု အငြင်းအခုံဖြစ်နေချိန်မှာပဲ အထွေထွေညီလာခံမှာ ၂ နှစ်ဆက်တိုက် မတက်နိုင်ပဲ ဖြစ်နေတာပါ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း အပေါ် နိုင်ငံတော် သစ္စာဖောက်အဖြစ် စွပ်စွဲပြီး စစ်ကောင်စီက အစားထိုးဖို့ ကြိုးပမ်းနေပေမဲ့ ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုမှုကို စီစစ်လက်ခံရတဲ့ (Credentials Committee) က အဆုံးအဖြတ်မပေးဘဲ ဆိုင်းငံ့ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေပေါ်ပေါက်နေတဲ့အပေါ် ကုလသမဂ္ဂ အကြီးအကဲ အပါအဝင် တာဝန်ရှိသူတွေက စိုးရိမ်တဲ့ သဘောထားတွေကိုလည်း ပြောဆိုနေကြတာပါ။

တနင်္လာနေ့က ပြီးဆုံးသွားတဲ့ အထွေထွေညီလာခံမှာလည်း အမေရိကန် အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းက ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေမှာ မြန်မာ့အရေး စိုးရိမ်စရာ အခြေအနေတွေကို ထည့်သွင်းပြောဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသား လူနည်းစုတွေအပေါ် စစ်အာဏာပိုင်တွေရဲ့ ဆိုးရွားတဲ့ ဖိနှိပ်မှုတွေ၊ အာဖဂနစ္စတန်နိုင်ငံမှာ တာလီဘန်တွေ အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် ဖိနှိပ်မှုတွေ တိုးမြှင့်လာနေတာ တွေ့ရကြောင်း ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမိန့်ခွန်းမှာ သမ္မတ Joe Biden ထည့်သွင်းပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG