သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ႏိုင္ငံ့အႀကီးအကဲ ၂၀၀ တက္ေရာက္တဲ႔ ကုလညီလာခံရဲ႕ လံုျခံဳေရး 


UN-ASSEMBLY/

 ကုလသမဂၢရုံးရွိတဲ့ Manhattan မွာ လူ ၁ သန္းခဲြရွိၿပီး၊နယူးေယာက္ၿမိဳ႕ထဲမွာ ကားေမာင္းရတာ တခါတရံမွာ အေတာ္လည္းခက္ခဲပါတယ္။  အဲဒီသြားလာရတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ဗီအိုေအ အႀကီးတန္းသတင္းေထာက္ Carolyn Presutti သတင္းေပးပို႔ထားတာကို ကိုရန္ႏုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။   

ႏိုင္ငံ့အႀကီးအကဲ ၂၀၀ တက္ေရာက္တဲ႔ ကုလညီလာခံရဲ႕ လံုျခံဳေရး

{{Zawgyi/Unicode}}
နယူးေယာက္ၿမိဳ႕ဟာ လူေတြ၊ ကားေတြ အၿမဲျပည့္ေနၿပီးေတာ့ ၊ နယူးေယာက္မွာ ကားေမာင္းရတာဟာ အၿမဲတမ္း အႏၱရာယ္မ်ားပါတယ္။ ကုလသမဂၢရုံးရွိတဲ့ Manhattan မွာ လူ ၁ သန္းခဲြရွိၿပီး၊နယူးေယာက္ၿမိဳ႕ထဲမွာ ကားေမာင္းရတာ တခါတရံမွာ အေတာ္လည္းခက္ခဲပါတယ္။ အထူးသျဖင့္ ကုလသမဂၢအေထြေထြညီလာခံက်င္းပေနတဲ့ စက္တင္ဘာလထဲမွာဆုိရင္ ကမာၻႏုိင္ငံေပါင္း ၁၉၃ ႏုိင္ငံက ေခါင္းေဆာင္ေတြ အတြက္ လုံၿခဳံေရးေတြတင္းၾကပ္ထားတာေၾကာင့္ အဆုိးဆုံးျဖစ္ပါတယ္။ ကုလသမဂၢအေထြေထြညီလာခံက်င္းပေနခ်ိန္ နယူးေယာက္ၿမိဳ႕က လုံၿခဳံေရး အေျခအေနေတြနဲ႔ အဲဒီသြားလာရတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ဗီအိုေအ အႀကီးတန္းသတင္းေထာက္ Carolyn Presutti သတင္းေပးပို႔ထားတာကို ကိုရန္ႏုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။

ဒါကေတာ့ နယူးေယာက္ၿမိဳ႕လယ္ေခါင္မွာ ကားေတြပိတ္ေနတာျဖစ္ၿပီး၊ အခုလို ကုလသမဂၢ အေထြေထြညီလာခံ က်င္းပေနတဲ့ အခ်ိန္မ်ိဳးမွာ ဆုိရင္ေတာ့ ဒီညီလာခံကို လာတက္တဲ့ ကိုယ္စားလွယ္အဖဲြ႔ ၂၀၀ ေက်ာ္ထဲက မဟုတ္ဘူးဆုိရင္ေတာ့ ဒီလို ကားေတြပိတ္ေနတဲ့အထဲက ေန ဘယ္လိုနည္းနဲ႔မွ ျမန္ျမန္သြားႏုိင္မွာ မဟုတ္ပါဘူး။

(Sgt. Patrick McGuire - နယူးေယာက္ရဲအရာရွိိ )
" ေထာက္လွမ္းေရးရယ္၊ နယူးေယာက္ရဲတပ္ဖဲြ႔ရယ္၊ ေနာက္ ဒီကိုလာတဲ့ ယာဥ္တန္းေတြကို စစ္ေဆးတဲ့ ေထာက္လွမ္းေရး အဖဲြ႔ေတြရွိပါတယ္"

ကုလသမဂၢကို ၀င္ဖို႔အတြက္ တခုတည္းေသာနည္းလမ္းကေတာ့ ဒီေနရာကေနျဖတ္ရတာပါ။ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနရဲ႕ သံတမန္ လုံၿခဳံေရးျဗဴ႐ုိက Midtown ဟိုတယ္တထပ္လုံးကို ယူထားလုိက္တာျဖစ္ပါတယ္။ ဒီေနရာမွာ လုံၿခဳံေရးေနရာခ်ဖို႔ ၃ ရက္ေလာက္သာ ၾကာေပမယ့္၊ ဒီအတြက္ စီစဥ္တာက ၈ လ ေလာက္ ၾကာခဲ့ပါတယ္။
ညီလာခံကို တက္ေရာက္မယ့္ကိုယ္စားလွယ္ေတြအတြက္ အထူးတပ္ဖဲြ႔၀င္ေတြ အပါအ၀င္ လူ ၁ ေထာင္ေလာက္က လက္နက္ေတြတပ္ထား တဲ့ စစ္ကားေတြ၊ လုံၿခဳံေရးကားေတြနဲ႔ လွည့္လည္ေနၾကပါတယ္။

(J.R. Kulik - ႏုိင္ငံျခားေရး၀န္ႀကီးဌာန သံတမန္လုံၿခဳံေရးျဗဴ႐ုိရဲ႕ လုံၿခဳံေရးဆုိင္ရာ ညွိႏႈိင္းေရးမွဴး )

ဒီမွာ အကာအကြယ္ေပးထားတဲ့သူေတြနဲ႔ ပတ္သက္ၿပီး က်ေနာ္တုိ႔ရဲ႕ လုံၿခဳံေရးအဖဲြ႔၀င္ေတြက ဘာလုပ္ေပးသလဲဆုိေတာ့ ၊ အဲဒီလူေတြနားမွာ ကာကြယ္ေပးထားတာကို ေသခ်ာလုံၿခဳံမႈရွိေအာင္လုပ္ေပးရတာပါ။ ဒါေပမဲ့ စိတ္၀င္စားဖို႔ ေကာင္းတာက အဲဒီအကာအကြယ္ ေပးေနရတာေတြက တေနရာတည္းမွာမဟုတ္ဘဲ ေရႊ႕ေနတဲ့ဟာေတြဆုိေတာ့၊ သူတုိ႔ဘယ္ေနရာ ဘယ္အခ်ိန္ကိုသြားသြား က်ေနာ္တုိ႔အေနနဲ႔ လုံၿခဳံေရးကိုေသခ်ာ လုံၿခဳံေအာင္လုပ္ရတာပါ။

သမၼတတုိ႔ ၀န္ႀကီးခ်ဳပ္တုိ႔လို အစိုးရ ထိပ္ပိုင္းေခါင္းေဆာင္ေတြကိုေတာ့ အေမရိကန္ေထာက္လွမ္းေရးအဖဲြ႔ေတြက လုံၿခဳံေရးတာ၀န္ယူ ေပးၾကပါတယ္။ အဲဒီမွာ ယာဥ္တန္းပိုရွည္ရင္ အဲဒီေခါင္းေဆာင္အတြက္ ၿခိမ္းေျခာက္မႈက ပိုမ်ားေလေလပဲ ျဖစ္တယ္လို႔ ေျပာရမွာပါ။

တူရကီ၀န္ႀကီးခ်ဳပ္ Recep Tayip Erdogan ရဲ႕ လုံၿခဳံေရးအတြက္ တာ၀န္ယူရတာဆိုရင္ ၊ တကယ္ကို မလြယ္တာလို႔ ေျပာရမွာျဖစ္ပါတယ္။ အသစ္ျပန္လည္ျပဳျပင္လိုက္တဲ့ တူရကီႏုိင္ငံဆုိင္ရာမစ္ရွစ္အဖဲြ႔ရုံးဟာ အထပ္ ၄၀ ရွိၿပီး တခ်ိဳ႕လုံၿခဳံေရးတာ၀န္ရွိသူေတြကေတာ့ ဒီမွာ လုံၿခဳံေရးယူရတာ အေတာ္ကို မလြယ္ဘူးလို႔ ေျပာပါတယ္။

Kishore Mirchandani ဟာ ကုလသမဂၢရုံးရဲ႕ တဘက္က ၄၅ လမ္းမွာ ေနလာတာ ၁၅ ႏွစ္ရွိသြားၿပီျဖစ္ပါတယ္။

(Kishore Mirchandani နယူးေယာက္ၿမိဳ႕ခံ )
ဥပမာေျပာရရင္ေတာ့ က်ေနာ္မနက္ျဖန္ ေဂါက္သီးသြားရုိက္ဖို႔ရွိေတာ့ က်ေနာ္အေနနဲ႔ ေဂါက္တုတ္ေတြကို ၆၅ လမ္းက က်ေနာ္သူငယ္ခ်င္းအိမ္မွာ ထားခဲ့ရတယ္။
လုံၿခဳံေရးအ၀န္းအ၀ိုင္းထဲမွာ ေနေနရတဲ့သူေတြအတြက္ဆုိရင္ သူတုိ႔ရဲ႕ မွတ္ပုံတင္ကတ္ေတြကို အၿမဲတမ္းေဆာင္ထားရမွာၿပီး တခုခုလုပ္ဖို႔အတြက္ဆုိရင္လည္း ႀကိဳၿပီးေတာ့ ျပင္ရတာျဖစ္ပါတယ္။ Toshie Deuskar ဟာ သူရဲ႕ ကေလးကို လုံၿခဳံေရးအ၀န္းအ၀ုိင္းထဲမွာ ေရာက္ေနတဲ့ ေက်ာင္းကေန ႀကိဳေနရတာျဖစ္ပါတယ္။

" Toshie Deuskar , နယူးေယာက္ၿမိဳ႕ခံ "
က်မလမ္းေလွ်ာက္တယ္ဆုိရင္ေတာ့ ျပသနာမရွိပါဘူး။ ဒါေပမဲ့ ကားေမာင္းမယ္ဆုိရင္ေတာ့ ျပသနာရွိႏုိင္ပါတယ္။ လုံၿခဳံေရး အစီအစဥ္ေတြ နဲ႔အတူ တေန႔ကို ၁၂ နာရီ အလုပ္လုပ္ၾကရတာေၾကာင့္ ဒီတပတ္ၿပီးရင္ေတာ့ နယူးေယာက္ရဲတပ္ဖဲြ႔ေတြ နားရမယ္လို႔ ေတြးေကာင္းေတြးမိပါလိမ့္မယ္။

" Sgt. Patrick McGuire - နယူးေယာက္ရဲအရာရွိ "

က်ေနာ္တုိ႔က ၿပီးတာနဲ႔ ေနာက္ထပ္အခမ္းအနားတခုအတြက္ ခ်က္ခ်င္းစီစဥ္ရတာပါ။ Manhattan မွာကေတာ့ တခုမဟုတ္တခုေတာ့ ရွိေနပါတယ္။
ကုလသမဂၢအေထြေထြညီလာခံကိုေတာ့ လာမယ့္ စက္တင္ဘာ ၂၆ ရက္ တနလၤာေန႔ အထိ နယူးေယာက္ၿမိဳ႕မွာ က်င္းပသြားမွာ ျဖစ္ပါတယ္ခင္ဗ်ာ။

yn un meet.mp3
please wait

No media source currently available

0:00 0:03:54 0:00
တိုက္႐ိုက္ လင့္ခ္

..............................................

နိုင်ငံ့အကြီးအကဲ ၂၀၀ တက်ရောက်တဲ့ ကုလညီလာခံရဲ့ လုံခြုံရေး

{{Zawgyi/Unicode}}
နယူးယောက်မြို့ဟာ လူတွေ၊ ကားတွေ အမြဲပြည့်နေပြီးတော့ ၊ နယူးယောက်မှာ ကားမောင်းရတာဟာ အမြဲတမ်း အန္တရာယ်များပါတယ်။ ကုလသမဂ္ဂရုံးရှိတဲ့ Manhattan မှာ လူ ၁ သန်းခွဲရှိပြီး၊နယူးယောက်မြို့ထဲမှာ ကားမောင်းရတာ တခါတရံမှာ အတော်လည်းခက်ခဲပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေတဲ့ စက်တင်ဘာလထဲမှာဆိုရင် ကမ္ဘာနိုင်ငံပေါင်း ၁၉၃ နိုင်ငံက ခေါင်းဆောင်တွေ အတွက် လုံခြုံရေးတွေတင်းကြပ်ထားတာကြောင့် အဆိုးဆုံးဖြစ်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေချိန် နယူးယောက်မြို့က လုံခြုံရေး အခြေအနေတွေနဲ့ အဲဒီသွားလာရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗီအိုအေ အကြီးတန်းသတင်းထောက် Carolyn Presutti သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဒါကတော့ နယူးယောက်မြို့လယ်ခေါင်မှာ ကားတွေပိတ်နေတာဖြစ်ပြီး၊ အခုလို ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေတဲ့ အချိန်မျိုးမှာ ဆိုရင်တော့ ဒီညီလာခံကို လာတက်တဲ့ ကိုယ်စားလှယ်အဖွဲ့ ၂၀၀ ကျော်ထဲက မဟုတ်ဘူးဆိုရင်တော့ ဒီလို ကားတွေပိတ်နေတဲ့အထဲက နေ ဘယ်လိုနည်းနဲ့မှ မြန်မြန်သွားနိုင်မှာ မဟုတ်ပါဘူး။

(Sgt. Patrick McGuire - နယူးယောက်ရဲအရာရှိ )
" ထောက်လှမ်းရေးရယ်၊ နယူးယောက်ရဲတပ်ဖွဲ့ရယ်၊ နောက် ဒီကိုလာတဲ့ ယာဉ်တန်းတွေကို စစ်ဆေးတဲ့ ထောက်လှမ်းရေး အဖွဲ့တွေရှိပါတယ်"

ကုလသမဂ္ဂကို ဝင်ဖို့အတွက် တခုတည်းသောနည်းလမ်းကတော့ ဒီနေရာကနေဖြတ်ရတာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သံတမန် လုံခြုံရေးဗြူရိုက Midtown ဟိုတယ်တထပ်လုံးကို ယူထားလိုက်တာဖြစ်ပါတယ်။ ဒီနေရာမှာ လုံခြုံရေးနေရာချဖို့ ၃ ရက်လောက်သာ ကြာပေမယ့်၊ ဒီအတွက် စီစဉ်တာက ၈ လ လောက် ကြာခဲ့ပါတယ်။
ညီလာခံကို တက်ရောက်မယ့်ကိုယ်စားလှယ်တွေအတွက် အထူးတပ်ဖွဲ့ဝင်တွေ အပါအဝင် လူ ၁ ထောင်လောက်က လက်နက်တွေတပ်ထား တဲ့ စစ်ကားတွေ၊ လုံခြုံရေးကားတွေနဲ့ လှည့်လည်နေကြပါတယ်။

(J.R. Kulik - နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်လုံခြုံရေးဗြူရိုရဲ့ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးမှူး )

ဒီမှာ အကာအကွယ်ပေးထားတဲ့သူတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ လုံခြုံရေးအဖွဲ့ဝင်တွေက ဘာလုပ်ပေးသလဲဆိုတော့ ၊ အဲဒီလူတွေနားမှာ ကာကွယ်ပေးထားတာကို သေချာလုံခြုံမှုရှိအောင်လုပ်ပေးရတာပါ။ ဒါပေမဲ့ စိတ်ဝင်စားဖို့ ကောင်းတာက အဲဒီအကာအကွယ် ပေးနေရတာတွေက တနေရာတည်းမှာမဟုတ်ဘဲ ရွှေ့နေတဲ့ဟာတွေဆိုတော့၊ သူတို့ဘယ်နေရာ ဘယ်အချိန်ကိုသွားသွား ကျနော်တို့အနေနဲ့ လုံခြုံရေးကိုသေချာ လုံခြုံအောင်လုပ်ရတာပါ။

သမ္မတတို့ ဝန်ကြီးချုပ်တို့လို အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကိုတော့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေက လုံခြုံရေးတာဝန်ယူ ပေးကြပါတယ်။ အဲဒီမှာ ယာဉ်တန်းပိုရှည်ရင် အဲဒီခေါင်းဆောင်အတွက် ခြိမ်းခြောက်မှုက ပိုများလေလေပဲ ဖြစ်တယ်လို့ ပြောရမှာပါ။

တူရကီဝန်ကြီးချုပ် Recep Tayip Erdogan ရဲ့ လုံခြုံရေးအတွက် တာဝန်ယူရတာဆိုရင် ၊ တကယ်ကို မလွယ်တာလို့ ပြောရမှာဖြစ်ပါတယ်။ အသစ်ပြန်လည်ပြုပြင်လိုက်တဲ့ တူရကီနိုင်ငံဆိုင်ရာမစ်ရှစ်အဖွဲ့ရုံးဟာ အထပ် ၄၀ ရှိပြီး တချို့လုံခြုံရေးတာဝန်ရှိသူတွေကတော့ ဒီမှာ လုံခြုံရေးယူရတာ အတော်ကို မလွယ်ဘူးလို့ ပြောပါတယ်။

Kishore Mirchandani ဟာ ကုလသမဂ္ဂရုံးရဲ့ တဘက်က ၄၅ လမ်းမှာ နေလာတာ ၁၅ နှစ်ရှိသွားပြီဖြစ်ပါတယ်။

(Kishore Mirchandani နယူးယောက်မြို့ခံ )
ဥပမာပြောရရင်တော့ ကျနော်မနက်ဖြန် ဂေါက်သီးသွားရိုက်ဖို့ရှိတော့ ကျနော်အနေနဲ့ ဂေါက်တုတ်တွေကို ၆၅ လမ်းက ကျနော်သူငယ်ချင်းအိမ်မှာ ထားခဲ့ရတယ်။
လုံခြုံရေးအဝန်းအဝိုင်းထဲမှာ နေနေရတဲ့သူတွေအတွက်ဆိုရင် သူတို့ရဲ့ မှတ်ပုံတင်ကတ်တွေကို အမြဲတမ်းဆောင်ထားရမှာပြီး တခုခုလုပ်ဖို့အတွက်ဆိုရင်လည်း ကြိုပြီးတော့ ပြင်ရတာဖြစ်ပါတယ်။ Toshie Deuskar ဟာ သူရဲ့ ကလေးကို လုံခြုံရေးအဝန်းအဝိုင်းထဲမှာ ရောက်နေတဲ့ ကျောင်းကနေ ကြိုနေရတာဖြစ်ပါတယ်။

" Toshie Deuskar , နယူးယောက်မြို့ခံ "
ကျမလမ်းလျှောက်တယ်ဆိုရင်တော့ ပြသနာမရှိပါဘူး။ ဒါပေမဲ့ ကားမောင်းမယ်ဆိုရင်တော့ ပြသနာရှိနိုင်ပါတယ်။ လုံခြုံရေး အစီအစဉ်တွေ နဲ့အတူ တနေ့ကို ၁၂ နာရီ အလုပ်လုပ်ကြရတာကြောင့် ဒီတပတ်ပြီးရင်တော့ နယူးယောက်ရဲတပ်ဖွဲ့တွေ နားရမယ်လို့ တွေးကောင်းတွေးမိပါလိမ့်မယ်။

" Sgt. Patrick McGuire - နယူးယောက်ရဲအရာရှိ "

ကျနော်တို့က ပြီးတာနဲ့ နောက်ထပ်အခမ်းအနားတခုအတွက် ချက်ချင်းစီစဉ်ရတာပါ။ Manhattan မှာကတော့ တခုမဟုတ်တခုတော့ ရှိနေပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံကိုတော့ လာမယ့် စက်တင်ဘာ ၂၆ ရက် တနင်္လာနေ့ အထိ နယူးယောက်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG