သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် စစ်စခန်းကို တရုတ် ထိန်းချုပ်မှု စွပ်စွဲချက် တာလီဘန် ငြင်းဆို


အမေရိကန်တပ်ဖွဲ့များ အာဖဂန်နစ္စတန်မှ ဆုတ်ခွာခြင်း ၃ နှစ်ပြည့်အထိမ်းအမှတ် Bagram လေတပ်စခန်းတွင်ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားအတွင်း တွေ့ရသည့် UH-60 Black Hawk ရဟတ်ယာဥ်များ။ (သြဂုတ် ၁၄၊ ၂၀၂၄)​ (AP)
အမေရိကန်တပ်ဖွဲ့များ အာဖဂန်နစ္စတန်မှ ဆုတ်ခွာခြင်း ၃ နှစ်ပြည့်အထိမ်းအမှတ် Bagram လေတပ်စခန်းတွင်ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားအတွင်း တွေ့ရသည့် UH-60 Black Hawk ရဟတ်ယာဥ်များ။ (သြဂုတ် ၁၄၊ ၂၀၂၄)​ (AP)

အာဖဂန်နစ္စတန်မှာရှိတဲ့ အရင်တုန်းက အမေရိကန်ရဲ့ အရေးကြီးတဲ့ စစ်စခန်းကို တရုတ်က ထိန်းချုပ်ထားတယ်လို့ မကြာမီက အမေရိကန်သမ္မတ ထရမ့် ပြောခဲ့တာကို တာလီဘန် တာဝန်ရှိသူတွေက ငြင်းဆိုလိုက်ကြပါတယ်။

Bagram လေတပ်စခန်းဟာ မြို့တော် ကဘူးလ်ရဲ့မြောက်ဘက် ၄၄ ကီလိုမီတာ အကွာမှာရှိပြီး အနှစ် ၂၀ ကြာ ၂၀၂၁ ဩဂုတ်လ အမေရိကန်တပ်တွေ ဆုတ်သွားတဲ့အထိ အလယ်ပိုင်းဌာနချုပ် ဖြစ်ခဲ့တာပါ။

"Bagram စခန်းကို တရုတ်မဟုတ်ဘဲ တာလီဘန်အစိုးရ ထိန်းချုပ်ထားပါတယ်၊ တရုတ်တပ်တွေ ဒီမှာမရှိသလို ဘယ်တိုင်းပြည်နဲ့မှ စာချုပ်ချုပ်ထားတာ မရှိပါဘူး" လို့ တာလီဘန် ပြောရေးဆိုခွင့် ရှိသူ ဇာဘီဟူလား မူဂျာဟစ် Zabihullah Mujahid က စနေနေ့မှာထုတ်လွှင့်တဲ့ အင်တာဗျူး အစီအစဥ်မှာ ပြောပါတယ်။

တရုတ် ပြည်သူ့လွတ်‌မြောက်ရေးတပ်က အဆိုပါစခန်းကို ထိန်းချုပ်ထားတယ်လို့ မဲဆွယ်စည်းရုံးရေးမှာ ထရမ့်က ပြောခဲ့သလို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ အစိုးရအဖွဲ့ အစည်းအဝေး မတိုင်မီမှာလည်း ထပ်ပြောခဲ့ပါတယ်။

"အာဖဂန်က ကျနော်တို့ ထွက်ခဲ့ရမှာပါပဲ၊ ဒါပေမဲ့ Bagram ကို ဆက်ထိန်းထားသင့်တယ်၊ အာဖဂန်ကြောင့် မဟုတ်ပါဘူး၊ တရုတ်ကြောင့်ပါ။ တရုတ်က နျူကလီယားဒုံးကျည်တွေ ထုတ်တဲ့နေရာနဲ့ တိတိကျကျ တနာရီအကွာမှာပဲ ရှိတာကြောင့်ပါ" လို့ ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဒေါ်လာ သန်း ၇,၀၀၀ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ အမေရိကန်တပ်တွေ ထွက်ခွါသွားတဲ့အခါ ကျန်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာက ဆိုပါတယ်။

အာဖဂန် စစ်စခန်းကို တရုတ် ထိန်းချုပ်မှု စွပ်စွဲချက် တာလီဘန် ငြင်းဆို
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG