သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်တိုက်ခိုက်မှု အာဖဂန်က လာနိုင်သေး (Marco Rubio)


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ CBS ရုပ်သံ မေးမြန်းခန်း။ (Photo: Marco Rubio's X media, 02/20/2025)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ CBS ရုပ်သံ မေးမြန်းခန်း။ (Photo: Marco Rubio's X media, 02/20/2025)

တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ်စတန်နိုင်ငံထဲက အုပ်ချုပ်သူ ကင်းမဲ့နေတဲ့ ဒေသတွေဟာ အစွန်းရောက်အဖွဲ့တွေ လှုပ်ရှားဖို့ အခွင့်ရေးပေးသလို ဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောပါတယ်။

အမေရိကန် ထောက်လှမ်းရေး အချက်အလက်တွေအရ အာဖဂန်နစ္စတန်က အယ်လ်ကိုင်းဒါးနဲ့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့တွေဟာ အမေရိကန်မှာ၂၀၀၁ ခု စက်တင်ဘာ ၁၁ ရက်လိုမျိုး အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်လာနိုင်ခြေ ရှိမရှိ CBS ရုပ်သံရဲ့မေးမြန်းခန်းမှာ ဝန်ကြီး ရူဘီရိုက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

9/11 မတိုင်ခင် အခြေနေမျိုးလို့ ပြောလို့မရပေမယ့် အဲဒီဒေသတွေမှာ ဒီအဖွဲ့တွေ ခြေကုပ်ယူပြီး ကြံစည်ဖို့ အခွင့်အလမ်းတွေ ရသွားနိုင်တယ်လို့ ပြောပါတယ်။

ဟာမတ်စ်တွေကို ရှင်းလင်းရမယ်လို့ ကန် နိုင်ငံခြားရေးဝန်ကြီး ပြော
please wait

No media source currently available

0:00 0:02:49 0:00


အာဖဂန်နစ်စတန် နိုင်ငံထဲက တချို့ဒေသတွေမှာ အိုင်အက်စ်တွေ အယ်လ်ကိုင်းဒါးတွေ လှုပ်ရှားနေတယ်လို့ ပြောတဲ့ အခါမျိုးမှာ တချို့ကိစ္စတွေမှာ တာလီဘန်တွေက ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဒီအကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားမှုဟာ အာဖဂန် တနိုင်ငံထဲမှာသာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

တာလီဘန်တွေဘက်ကတော့ ဝန်ကြီး Rubio ရဲ့ ပြောကြားချက်ကို တုံ့ပြန်တာ မရှိသေးပါဘူး။ ဒါပေမဲ့ သူတို့ဟာ အာဖဂန် တနိုင်ငံလုံးကို ထိန်းချုပ်ထားတာဖြစ်ကြောင်းနဲ့ တခြားနိုင်ငံခြား အဖွဲ့အစည်းတွေ အာဖဂန်မြေပေါ်မှာ လှုပ်ရှားမှု မရှိကြောင်း အမြဲပြောလေ့ရှိပါတယ်။

အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ဟာ အာဖဂန်နစ်စတန် နိုင်ငံတလွှားမှာ တာလီဘန် ထောက်လှမ်းရေး အကာအကွယ်ပေးတာကို ခံယူရင်း ဆက်လက် လှုပ်ရှားနေတယ်လို့ ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက် ထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ဝန်ကြီး Rubio က ခုလို ပြောကြားခဲ့တာပါ။

အကြမ်းဖက်တိုက်ခိုက်မှု အာဖဂန် က လာနိုင်သေး (Marko Rubio)
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG