သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ကိုးကန့်နဲ့ မြန်မာစစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွား


ကိုးကန့်နဲ့ မြန်မာစစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားကြောင်း The Kokang Media သတင်းထုတ်ပြန်
ကိုးကန့်နဲ့ မြန်မာစစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားကြောင်း The Kokang Media သတင်းထုတ်ပြန်

မြန်မာစစ်ကောင်စီငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ မိုင်းလားမြို့မှာ တွေ့ဆုံမှုအပြီးမှာပဲဇွန်လ ၂ ရက်နေ့ စလို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ MNDAA တပ်စခန်းတခုကို မြန်မာစစ်ကောင်စီက စစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်ဒေသအခြေစိုက်မီဒီယာက ထုတ်ပြန်ပါတယ်။

ဇွန်လ၁ရက်နေ့ မနက်ပိုင်းကအထူးဒေသ(၁)၊ မူပန်ခရိုင်ထဲက MNDAA ယာယီတပ်စခန်းတခုကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် တနာရီကြာတိုက်ပွဲဖြစ်ခဲ့သလိုပဲ ဇွန်လ ၃ရက်နေ့မှာလည်း ကိုးကန့်ခရိုင်၊ တုံရှမ်းဒေသအခြေစိုက် MNDAA တပ်နဲ့ စစ်ကောင်စီတပ်အကြား နှစ်နာရီကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း MNDAA ကိုးကန့်ဖက်က တဦးကျဆုံး တဦး ဒဏ်ရာရရှိတယ်လို့ ထုတ်ပြန်ပေမယ့် စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုရှိမရှိကိုတော့ မသိရပါဘူး။

မြန်မာစစ်ကောင်စီဖက်ကတော့ ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ တစုံတရာထုတ်ပြန်ပြောဆိုတာမရှိပါဘူး။ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ မြန်မာစစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ မိုင်းလားမြို့မှာ ဇွန်လ ၁ ရက်နေ့မှာ တွေ့ဆုံခဲ့ပေမယ့် ဇွန်လ ၂ ရက်နေ့မှာတော့ အဆုံးသတ်သွားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ တရုတ်ဖက်က အထူးသံတမန်တဦးတတ်ရောက်ခဲ့တာမို့၊ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဒီ ဆွေးနွေးပွဲဖြစ်လာတယ်လို့ လေ့လာသူတွေက ယူဆခဲ့ကြပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးဖြစ်လာခဲ့တဲ့နောက်၊ မြောက်ပိုင်းအဖွဲ့သုံးဖွဲ့ဟာ မြန်မာစစ်ကောင်စီနဲ့ ထိပ်တိုက် တိုက်ပွဲကြီးမျိုးတွေမရှိပေမယ့်ဒီ နွေဦးတော်လှန်ရေးကို ထောက်ခံကူညီတဲ့တိုင်းရင်းသားလက်နက်ကိုင် တွေလို့ လေ့လာသူတွေ သတ်မှတ်ယူဆကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG