သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူ႔အခြင္႔အေရးအတြက္ ျမန္မာႏိုင္ငံကို ဆက္လက္ေစာင့္ၾကည္႔ဖို႔ AI တိုက္တြန္း


မွတ္တမ္းဓာတ္ပံု- ရန္ကုန္ၿမိဳ႕က စစ္ဆန္႔က်င္ေရး ဆႏၵျပပြဲ။

၂၀၂၀ ျပည့္ေရြးေကာက္ပဲြက်င္းပေတာ့မယ့္ အခ်ိန္ နီးကပ္လာတာနဲ႔အမွ် လူ႔အခြင့္အေရးခ်ဳိး ေဖာက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ရွိေနတဲ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာ အသိုင္းအ၀ိုင္း အေနနဲ႔ ဆက္ၿပီး အေလးေပးေဆာင္ရြက္ဖို႔ လိုေၾကာင္း AI ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္း သာခြင့္ အဖဲြ႔ႀကီးက ေျပာၾကားလိုက္ပါတယ္။
အထူးသျဖင့္ ကမၻာမွာ လူသားခ်င္းစာနာမႈဆိုင္ရာ အႀကီးမားဆံုး အၾကပ္အတည္းလို႔ သတ္မွတ္ခံထား ရတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္အေရးမွာ အဓိကျဖစ္တဲ့ ဌာေနျပန္ေရးအတြက္ ဆႏၵအေလ်ာက္၊ ဂုဏ္သိကၡာ ရွိရွိနဲ႔ ေဘးကင္းလံုၿခံဳေရးဟာ အဓိကျဖစ္ေၾကာင္း AI အာရွပစိဖိတ္ဆိုင္ရာ တာ၀န္ခံ Francisco Bencosme က ဗီြအိုေအနဲ႔ ေတြ႕ဆံုေမးျမန္းခန္းမွာ အခုလို စေျပာပါတယ္။


“AI အဖဲြ႔ႀကီးအေနနဲ႔ အဆက္မျပတ္ေတာင္းဆိုေနတာက ရိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရးမွာ ဆႏၵအေလ်ာက္၊ ဂုဏ္သိကၡာရွိရွိ၊ ေဘးကင္းလံုၿခံဳဖို႔ အေရးျဖစ္ပါတယ္။ ရခိုင္ျပည္နယ္မွာ System of Apartheid ျပင္းထန္တဲ့ လူမ်ဳိးေရးခဲြျခားမႈ စနစ္ က်င့္သံုးခဲ့တယ္လို႔ AI က သတ္မွတ္ထားပါတယ္။ ဒါေၾကာင့္ ရိုဟင္ဂ်ာေတြ ဂုဏ္သိကၡာရွိရွိျပန္လာေရး လက္ေတြ႕ေဆြးေႏြးမႈေတြမလုပ္ခင္မွာ ဒီလူမ်ဳိးေရး ခဲြျခားမႈစနစ္ကို အရင္ ေျဖရွင္းဖို႔လိုပါတယ္။ ရခိုင္ျပည္နယ္မွာ ရိုဟင္ဂ်ာေတြ ေသာင္းနဲ႔ခ်ီၿပီး က်န္ေနတဲ့ ကိစၥက အေရးႀကီးပါတယ္။ သူတို႔မွာ လြတ္လပ္စြာ သြားလာခြင့္ရၿပီးလား၊ က်န္းမာေရး၊ ပညာေရးနဲ႔ အသက္ေမြး၀မ္းေက်ာင္း ကိစၥရပ္ေတြ အျပည့္အ၀လုပ္ခြင့္ရၿပီးလား။ အေျဖကေတာ့ မရေသးဘူးဆိုတာပါ။ ထိန္းသိမ္းေရးစခန္းလို ေနရာေတြမွာ အရင္ထည့္ထားမယ့္ အပိုင္းလည္းရွိပါတယ္။ အဲေတာ့ ရိုဟင္ဂ်ာေတြ အတြက္ အဓိပၸါယ္ျပည့္၀တဲ့ ဌာေနျပန္ေရး ဘယ္လို ျဖစ္ႏိုင္မွာလဲ။”

ျမန္မာ အစိုးရဘက္ကေတာ့ ရိုဟင္ဂ်ာ ဆိုတဲ႔ အသံုးအႏႈန္းကို လက္သင့္မခံသလို ႏုိင္ငံသား ျဖစ္ေရး ကိစၥကိုလည္း စိစစ္ၿပီးမွသာ ေဆာင္ရြက္ႏုိင္မယ္လို႔ ေျပာဆိုထားတာပါ။

မအင္ၾကင္းႏိုင္။ ။ ျမန္မာအစိုးရက စိစစ္ၿပီးသာ ရိုဟင္ဂ်ာဒုကၡသည္ေတြကို သူတို႔ျပန္ၿပီး လက္ခံတဲ့ေနရာမွာ အရင္ဆံုး NVC ကဒ္ ထုတ္ေပးမယ္၊ ေနာက္ စိစစ္မႈေတြ လုပ္ၿပီးရင္ေတာ့ အမ်ဳိးသားမွတ္ပံုတင္ National ID ကဒ္ထုတ္ေပးမယ္လို႔ ေျပာပါတယ္။ အဲေတာ့ ျမန္မာအစိုးရ ဘက္က ရိုဟင္ဂ်ာေတြ ျပန္ၿပီးလက္ခံတဲ့ ေနရာမွာ တဆင့္ၿပီး တဆင့္ ေဆာင္ရြက္ေနတယ္လို႔ ေျပာလိုက္တဲ႔ အေပၚမွာေရာ ဘယ္လို ျမင္ပါလဲရွင့္။

Francisco Bencosme။ ။ ဒုကၡသည္စခန္းေတြမွာ ရိုဟင္ဂ်ာေတြနဲ႔ စကားေျပာ ၾကည့္မယ္ဆိုရင္ ေနာက္ဆံုးသူတို႔အတြက္ ျပႆနာျဖစ္ေနတာက ႏိုင္ငံသားျဖစ္ခြင့္ ကိစၥပဲျဖစ္ပါတယ္။ သူတို႔အေနနဲ႔ အျခားကဒ္ျပားဆိုတာကို မလိုခ်င္ပါဘူး။ ဒီေန႔ သူတို႔ကို ကဒ္ျပားေတြ ထုတ္ေပးၿပီး၊ ေနာက္ေန႔မွာ အဲဒါေတြ တရားမ၀င္ေတာ့ဘူးဆိုၿပီး ႏွစ္အတန္ၾကာေအာင္ လုပ္ခဲ့တာပါ။ ၿပီးေတာ့ အျပာေရာင္ကဒ္၊ ပန္းေရာင္ကဒ္၊ အျဖဴေရာင္ကဒ္ ဆိုတဲ့ နာမည္အမ်ဳိးမ်ဳိးသံုးႏႈန္း ေျပာဆို ခဲ့တာပါ။ တကယ္တမ္း ရိုဟင္ဂ်ာေတြအတြက္ ႏိုင္ငံသားျဖစ္ခြင့္ လိုအပ္ေနတာပါ။ အျခား လူမႈအသိုင္းအ၀ိုင္းေတြနည္းတူ ခံစားခြင့္ရရွိဖို႔ လိုအပ္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ ေနာက္ၿပီး ဒီ AI က ဒီႏွစ္ ေမလက ထုတ္ျပန္တဲ့ အစီရင္ခံစာေတြမွာ ဆိုလို႔ ရွိရင္လည္း ပဋိပကၡေတြ ျဖစ္ေနတဲ႔ တိုင္းရင္းသား ေဒသေတြမွာ ျမန္မာစစ္တပ္ရဲ႕ က်ဴးလြန္မႈေတြက စစ္ရာဇ၀တ္မႈထိေျမာက္တယ္လို႔ ေဖၚျပထားတာေတြ႕ရပါတယ္။
အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ေရာ ရွင္းျပေပးလို႔ ရမလားရွင့္။

Francisco Bencosme ။ ။ ရခိုင္ျပည္နယ္မွာ ရခိုင္လူမ်ဳိးေတြနဲ႔ ရိုဟင္ဂ်ာေတြအေပၚ ညွဥ္းပမ္းႏွိပ္စက္မႈေတြ၊ ဥပေဒမဲ့ ဖမ္းဆီးခ်ဳပ္ေႏွာင္မႈေတြ၊ အတင္းအဓမၼ ေပၚတာဆဲြခိုင္းေစမႈေတြနဲ႔ အျခားလူမဆန္တဲ့ လုပ္ရပ္ေတြျဖစ္ခဲ့ပါတယ္။ ေနာက္ က်ေနာ္တို႔ တႏွစ္ပတ္လံုး အစီရင္ခံစာ တင္ျပမႈေတြထဲမွာဆိုရင္လည္း- ပဋိပကၡေတြျဖစ္ေနတဲ့ ရွမ္းနဲ႔ ကခ်င္ျပည္နယ္ေတြမွာ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ ဆက္ၿပီးရွိေနတယ္ဆိုတာ ေဖၚျပထားပါတယ္။ ဒါေတြအားလံုးကိုၾကည့္ရင္ ဘယ္သူ႔မွာ တာ၀န္ရွိလဲဆိုတာကို သံုးသပ္မယ္ဆိုရင္ တာ၀န္ခံမႈ၊ တာ၀န္ယူမႈမရွိတဲ့ ျမန္မာစစ္တပ္ ဆိုတာ ေတြ႕ရမွာပါ။ သူတို႔ဟာ ျပစ္ဒဏ္ကေန ကင္းလြတ္ခြင့္ရေနပါတယ္။

မအင္ၾကင္းႏိုင္။ ။ အဲဒီလို အျပန္အလွန္တိုက္ခိုက္တဲ့ေနရာမွာ တိုင္းရင္းသားလက္နက္ကိုင္ေတြဘက္က လူ႔အခြင့္အေရး ခ်ဴိးေဖာက္မႈေတြ မရွိႏိုင္ဘူးလား။

Francisco Bencosme ။ ။ တိုင္းရင္းသားလက္နက္ကိုင္ေတြဘက္ကလည္း လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြရွိပါတယ္။ ဒါေပမဲ့ အမ်ားစုကို က်ဴးလြန္တာ ဘယ္သူလဲဆိုရင္ေတာ့ က်ေနာ္တို႔ အစီရင္ခံစာ အခ်က္အလက္ေတြအရ ျမန္မာစစ္တပ္ပဲျဖစ္ပါတယ္။

မအင္ၾကင္းႏိုင္ ။ ။ ဒီေတာ့ ဒီ ျမန္မာႏုိင္ငံက လူ႔အခြင့္အေရး အေျခအေနေတြကို အနီးကပ္ ေစာင့္ၾကည့္ေနတဲ႔ AI အဖြ႔ဲႀကီး အေနနဲ႔ ေနာက္ႏွစ္ ၂၀၂၀ မွာလည္း ေရြးေကာက္ပြဲက က်င္းပေတာ့မွာ ဆိုေတာ့ ျမန္မာႏိုင္ငံက အေျခအေနေတြ ပိုၿပီး တိုးတက္လာဖို႔ အတြက္ ဘယ္လို အႀကံေပးခ်င္လဲရွင့္။

Francisco Bencosme ။ ။ ျမန္မာႏိုင္ငံက လူ႔အခြင့္အေရး အေျခအေနနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာ အသိုင္းအ၀ိုင္းအေနနဲ႔ ဆက္လက္ၿပီး အေလးေပးေဆာင္ရြက္ဖို႔ လိုပါတယ္။ ေရြးေကာက္ပြဲ လာေတာ့ မယ္ဆိုေပမဲ့ အေမရိကန္နဲ႔ အျခား ႏိုင္ငံတကာ အစိုးရေတြအေနနဲ႔ ဆက္ၿပီး ဖိအားေပးဖို႔ လိုေနတာပါ။ အထူးသျဖင့္ ေရြးေကာက္ပဲြ က်င္းပေတာ့မယ့္ ကာလတ၀ိုက္မွာ တိုင္းရင္းသား လူနည္းစု ေတြအေပၚ အၾကမ္းဖက္ ဖိႏွိပ္ႏိုင္တဲ့ အေျခအေနေတြ၊ လုပ္ႀကံသတင္း ျဖန္႔ခ်ိမႈေတြ၊ ႏိုင္ငံတကာ အသိုင္းအ၀ိုင္းက အေလးေပး ကူညီေနတဲ့ လူမႈ အသိုင္းအ၀ိုင္း အပါအ၀င္ လူ႔အခြင့္အေရးလႈပ္ရွား တက္ၾကြသူေတြနဲ႔ အဖဲြ႔အစည္းေတြကို ဆန္႔က်င္ တိုက္ခိုက္တာမ်ဳိး လုပ္လာတဲ့အခ်ိန္မွာ ႏိုင္ငံတကာရဲ႕ အာရံုစိုက္မႈ ပိုၿပီး အေရးတႀကီး လိုအပ္လာပါလိမ့္မယ္။

(ယူနီကုဒ္)

လူ့အခွင့်အရေးအတွက် မြန်မာနိုင်ငံကို ဆက်လက်စောင့်ကြည့်ဖို့ AI တိုက်တွန်း

၂၀၂၀ ပြည့်ရွေးကောက်ပွဲကျင်းပတော့မယ့် အချိန် နီးကပ်လာတာနဲ့အမျှ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဆက်ပြီး အလေးပေးဆောင်ရွက်ဖို့ လိုကြောင်း AI နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာခွင့် အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။
အထူးသဖြင့် ကမ္ဘာမှာ လူသားချင်းစာနာမှုဆိုင်ရာ အကြီးမားဆုံး အကြပ်အတည်းလို့ သတ်မှတ်ခံထား ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေးမှာ အဓိကဖြစ်တဲ့ ဌာနေပြန်ရေးအတွက် ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာ ရှိရှိနဲ့ ဘေးကင်းလုံခြုံရေးဟာ အဓိကဖြစ်ကြောင်း AI အာရှပစိဖိတ်ဆိုင်ရာ တာဝန်ခံ Francisco Bencosme က ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အခုလို စပြောပါတယ်။

“AI အဖွဲ့ကြီးအနေနဲ့ အဆက်မပြတ်တောင်းဆိုနေတာက ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးမှာ ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းလုံခြုံဖို့ အရေးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ System of Apartheid ပြင်းထန်တဲ့ လူမျိုးရေးခွဲခြားမှု စနစ် ကျင့်သုံးခဲ့တယ်လို့ AI က သတ်မှတ်ထားပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိပြန်လာရေး လက်တွေ့ဆွေးနွေးမှုတွေမလုပ်ခင်မှာ ဒီလူမျိုးရေး ခွဲခြားမှုစနစ်ကို အရင် ဖြေရှင်းဖို့လိုပါတယ်။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ သောင်းနဲ့ချီပြီး ကျန်နေတဲ့ ကိစ္စက အရေးကြီးပါတယ်။ သူတို့မှာ လွတ်လပ်စွာ သွားလာခွင့်ရပြီးလား၊ ကျန်းမာရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း ကိစ္စရပ်တွေ အပြည့်အဝလုပ်ခွင့်ရပြီးလား။ အဖြေကတော့ မရသေးဘူးဆိုတာပါ။ ထိန်းသိမ်းရေးစခန်းလို နေရာတွေမှာ အရင်ထည့်ထားမယ့် အပိုင်းလည်းရှိပါတယ်။ အဲတော့ ရိုဟင်ဂျာတွေ အတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ ဌာနေပြန်ရေး ဘယ်လို ဖြစ်နိုင်မှာလဲ။”

မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို နိုင်ငံသား ဖြစ်ရေး ကိစ္စကိုလည်း စိစစ်ပြီးမှသာ ဆောင်ရွက်နိုင်မယ်လို့ ပြောဆိုထားတာပါ။

မအင်ကြင်းနိုင်။ ။ မြန်မာအစိုးရက စိစစ်ပြီးသာ ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့ပြန်ပြီး လက်ခံတဲ့နေရာမှာ အရင်ဆုံး NVC ကဒ် ထုတ်ပေးမယ်၊ နောက် စိစစ်မှုတွေ လုပ်ပြီးရင်တော့ အမျိုးသားမှတ်ပုံတင် National ID ကဒ်ထုတ်ပေးမယ်လို့ ပြောပါတယ်။ အဲတော့ မြန်မာအစိုးရ ဘက်က ရိုဟင်ဂျာတွေ ပြန်ပြီးလက်ခံတဲ့ နေရာမှာ တဆင့်ပြီး တဆင့် ဆောင်ရွက်နေတယ်လို့ ပြောလိုက်တဲ့ အပေါ်မှာရော ဘယ်လို မြင်ပါလဲရှင့်။

Francisco Bencosme။ ။ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာတွေနဲ့ စကားပြော ကြည့်မယ်ဆိုရင် နောက်ဆုံးသူတို့အတွက် ပြဿနာဖြစ်နေတာက နိုင်ငံသားဖြစ်ခွင့် ကိစ္စပဲဖြစ်ပါတယ်။ သူတို့အနေနဲ့ အခြားကဒ်ပြားဆိုတာကို မလိုချင်ပါဘူး။ ဒီနေ့ သူတို့ကို ကဒ်ပြားတွေ ထုတ်ပေးပြီး၊ နောက်နေ့မှာ အဲဒါတွေ တရားမဝင်တော့ဘူးဆိုပြီး နှစ်အတန်ကြာအောင် လုပ်ခဲ့တာပါ။ ပြီးတော့ အပြာရောင်ကဒ်၊ ပန်းရောင်ကဒ်၊ အဖြူရောင်ကဒ် ဆိုတဲ့ နာမည်အမျိုးမျိုးသုံးနှုန်း ပြောဆို ခဲ့တာပါ။ တကယ်တမ်း ရိုဟင်ဂျာတွေအတွက် နိုင်ငံသားဖြစ်ခွင့် လိုအပ်နေတာပါ။ အခြား လူမှုအသိုင်းအဝိုင်းတွေနည်းတူ ခံစားခွင့်ရရှိဖို့ လိုအပ်ပါတယ်။

မအင်ကြင်းနိုင်။ ။ နောက်ပြီး ဒီ AI က ဒီနှစ် မေလက ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာ ဆိုလို့ ရှိရင်လည်း ပဋိပက္ခတွေ ဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေက စစ်ရာဇဝတ်မှုထိမြောက်တယ်လို့ ဖေါ်ပြထားတာတွေ့ရပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ရှင်းပြပေးလို့ ရမလားရှင့်။

Francisco Bencosme ။ ။ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေအပေါ် ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေ၊ အတင်းအဓမ္မ ပေါ်တာဆွဲခိုင်းစေမှုတွေနဲ့ အခြားလူမဆန်တဲ့ လုပ်ရပ်တွေဖြစ်ခဲ့ပါတယ်။ နောက် ကျနော်တို့ တနှစ်ပတ်လုံး အစီရင်ခံစာ တင်ပြမှုတွေထဲမှာဆိုရင်လည်း- ပဋိပက္ခတွေဖြစ်နေတဲ့ ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီးရှိနေတယ်ဆိုတာ ဖေါ်ပြထားပါတယ်။ ဒါတွေအားလုံးကိုကြည့်ရင် ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာကို သုံးသပ်မယ်ဆိုရင် တာဝန်ခံမှု၊ တာဝန်ယူမှုမရှိတဲ့ မြန်မာစစ်တပ် ဆိုတာ တွေ့ရမှာပါ။ သူတို့ဟာ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီလို အပြန်အလှန်တိုက်ခိုက်တဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က လူ့အခွင့်အရေး ချိူးဖောက်မှုတွေ မရှိနိုင်ဘူးလား။

Francisco Bencosme ။ ။ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိပါတယ်။ ဒါပေမဲ့ အများစုကို ကျူးလွန်တာ ဘယ်သူလဲဆိုရင်တော့ ကျနော်တို့ အစီရင်ခံစာ အချက်အလက်တွေအရ မြန်မာစစ်တပ်ပဲဖြစ်ပါတယ်။

မအင်ကြင်းနိုင် ။ ။ ဒီတော့ ဒီ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတဲ့ AI အဖွ့ဲကြီး အနေနဲ့ နောက်နှစ် ၂၀၂၀ မှာလည်း ရွေးကောက်ပွဲက ကျင်းပတော့မှာ ဆိုတော့ မြန်မာနိုင်ငံက အခြေအနေတွေ ပိုပြီး တိုးတက်လာဖို့ အတွက် ဘယ်လို အကြံပေးချင်လဲရှင့်။

Francisco Bencosme ။ ။ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဆက်လက်ပြီး အလေးပေးဆောင်ရွက်ဖို့ လိုပါတယ်။ ရွေးကောက်ပွဲ လာတော့ မယ်ဆိုပေမဲ့ အမေရိကန်နဲ့ အခြား နိုင်ငံတကာ အစိုးရတွေအနေနဲ့ ဆက်ပြီး ဖိအားပေးဖို့ လိုနေတာပါ။ အထူးသဖြင့် ရွေးကောက်ပွဲ ကျင်းပတော့မယ့် ကာလတဝိုက်မှာ တိုင်းရင်းသား လူနည်းစု တွေအပေါ် အကြမ်းဖက် ဖိနှိပ်နိုင်တဲ့ အခြေအနေတွေ၊ လုပ်ကြံသတင်း ဖြန့်ချိမှုတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းက အလေးပေး ကူညီနေတဲ့ လူမှု အသိုင်းအဝိုင်း အပါအဝင် လူ့အခွင့်အရေးလှုပ်ရှား တက်ကြွသူတွေနဲ့ အဖွဲ့အစည်းတွေကို ဆန့်ကျင် တိုက်ခိုက်တာမျိုး လုပ်လာတဲ့အချိန်မှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှု ပိုပြီး အရေးတကြီး လိုအပ်လာပါလိမ့်မယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG