ရွမ္းျပည္နယ္နဲ႔ ကယားျပည္နယ္၊ ေဒသအေခၚ ကရင္နီနယ္စပ္တေၾကာမွာ ေန႔စဥ္ ရက္ဆက္ဆိုသလို တိုက္ပြဲေတြ ဆက္လက္ ျပင္းထန္ေနတယ္လို႔ KNDF တာဝန္ရွိသူေတြက VOA ကို ေျပာပါတယ္။ ကယားနယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ အေရွ႕ျခမ္းနဲ႔ ရွမ္းျပည္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္၊ ေခါင္းအိ ေက်း႐ြာဖက္မွာ ျဖစ္ပြားေနတာပါ။ မေန႔ မတ္လ ၁၆ ရက္ေန႔က ဒီးေမာ့ဆိုတိုက္ပြဲအတြင္းမွာ စစ္ေကာင္စီဖက္က လက္နက္ႀကီးအျပင္ ရဟတ္ယာဥ္နဲ႔ပါ ဗုံးႀကဲ တိုက္ခိုက္ေနပါတယ္။ ဒီသတင္းေပးပို႔ခ်က္ကို အေျခခံၿပီး ကိုေဇာ္ဝင္းလႈိင္က ေျပာျပပါမယ္။
ကယားျပည္နယ္၊ ေဒသအေခၚ ကရင္နီျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္အေရွ႕ျခမ္းဘက္ကို စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္နဲ႔ ကရင္နီပူးေပါင္းတပ္ဖြဲ႕ေတြအၾကား ၿပီးခဲ့တဲ့ မတ္လ ၉ ရက္ေန႔ထဲက တိုက္ပြဲ စတင္ခဲ့ၿပီး မေန႔ မတ္လ ၁၆ ရက္ေန႔အထိ ဆက္လက္ ျဖစ္ပြားေနတာလို႔ ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ (KNDF) ျပန္ၾကားေရးတာဝန္ခံတစ္ဦးက VOA ကို ေျပာပါတယ္။
အလားတူ ရွမ္းျပည္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္ ေခါင္းအိေက်း႐ြာမွာလည္း တိုက္ပြဲျဖစ္ေနတယ္လို႔ ေျပာပါတယ္။
“ဒီးေမာ့ဆိုအေရွ႕ဖက္ျခမ္းေပါ့ေနာ္၊ အဲ့မွာ ဒီႏွစ္ဖက္ စစ္ေၾကာင္းညႇပ္ထိုးေနတာရွိတယ္။ ဒီ ေဘာလခဲကေန ေဒၚသမႀကီးဖက္ကို ထိုးေနတဲ့ စစ္ေၾကာင္းနဲ႔ တိုက္ပြဲျပင္းထန္ျဖစ္ေနတာ ဒီေန႔ အထိပဲေပါ့ေနာ္။ ေနာက္ ဒီဖက္မွာလည္း နန္းဟူေတြတို႔၊ ေဒါစဲတို႔ အဲ့ဖက္ျခမ္းကေန ထိုးစစ္ ဆင္ေနတဲ့စစ္ေၾကာင္းနဲ႔လည္း တိုက္ပြဲျဖစ္ေနတာ ဒီေန႔အထိပဲေပါ့ေနာ္။ ၿပီးေတာ့ ဒီက်ေနာ္တို႔ ဖယ္ခုံၿမိဳ႕နယ္ထဲက ေခါင္းအိတို႔ ဘာတို႔ဖက္မွာလည္း ျဖစ္ေနတယ္ေပါ့ေနာ္။ ေခါင္းအိ ေက်း႐ြာတို႔ဖက္မွာလည္း တိုက္ပြဲျဖစ္ေနတာ ရွိတယ္ဟုတ္။”
ဒီးေမာ့ဆိုၿမိဳ႕နယ္ အေရွ႕ဖက္ျခမ္းျဖစ္တဲ့ တိုက္ပြဲမွာ စစ္ေကာင္စီဖက္က ရဟတ္ယာဥ္နဲ႔ ဗုံးႀကဲတိုက္ခိုက္ေနတယ္လို႔ KNDF က ေျပာပါတယ္။
“ဒီေန႔ဆိုလို႔ရွိရင္ ဒီးေမာ့ဆိုၿမိဳ႕နယ္အေရွ႕ဖက္ျခမ္းေပါ့ေလ၊ အေရွ႕ဖက္ျခမ္းဆိုလို႔ရွိရင္ ေန႔လည္ ၂နာရီ နဲ႔ ၃နာရီေလာက္ၾကာထင္တယ္။ က်ေနာ္ခန႔္မွန္ေျခေပါ့ေလ။ က်ေနာ္တို႔ အခ်ိန္မမွတ္ထားရလို႔ပါ။ ေလယာဥ္နဲ႔ လာပစ္တာရွိတယ္ ေလယာဥ္ေတာ့ မဟုတ္ဘူး။ ဒီရဟတ္ယာဥ္နဲ႔ေပါ့ေလ။ ရဟတ္ယာဥ္နဲ႔ ၅ေခါက္ေလာက္ ထပ္ၿပီးေတာ့မွ လာပစ္သြားတာ ရွိတယ္ေပါ့ေနာ္။”
ဒီးေမာ့ဆိုၿမိဳ႕နယ္ အေရွ႕ျခမ္းမွာ တိမ္းေရွာင္ေနတဲ့ စစ္ေရွာင္တစ္ဦးကေတာ့ မေန႔က ေန႔ခင္းပိုင္းတည္းက လက္နက္ႀကီးပစ္ခတ္သံေတြ ေတာက္ေလွ်ာက္ ၾကားေနသလို ေလယာဥ္နဲ႔လည္း တိုက္ခိုက္တဲ့အေၾကာင္း ေျပာပါတယ္။
“အစက ၁၁ နာရီ ၁၂ နာရီမထိုးခင္က အသံစၾကားရတာ သူက လက္နက္ႀကီးနဲ႔ လွမ္းထုေနတယ္ အဲ့အခ်ိန္ကတည္းက၊ ေနာက္ ၁နာရီမထိုးေလာက္ထင္တယ္။ အဲ့ခ်ိန္က သူတို႔ ေလယာဥ္နဲ႔ လာပတ္ရမ္းေနတာ နာရီဝက္ေလာက္ရွိမယ္ထင္တယ္၊ ေလယာဥ္ ပတ္ရမ္းတာေလ။ ပစ္တာေတာ့ အဲ့ေလာက္ထိ အၾကာႀကီးမပစ္ဘူး ၁၀ မိနစ္ ၁၅မိနစ္ေလာက္ပဲ။ ေလယာဥ္လိုက္ပတ္ရမ္းေနတဲ့အခ်ိန္ဆို က်ေနာ္တို႔က ၿခဳံေအာက္ ဝင္ပုန္းေနတာပဲ၊ အျပင္မထြက္ရဲေတာ့ဘူး။ တဲေအာက္မွာလည္း မေနရဲေတာ့ဘူး အဲ့ခ်ိန္ဆို။”
ဒီတိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာ ထုတ္ျပန္တာ မရွိေပမယ့္ ၿပီးခဲ့တဲ့ ရက္ပိုင္း ပင္းေလာင္းနယ္၊ လုံပ်ဥ္႐ြာနဲ႔ ေစာင္းေျပာင္း႐ြာဘက္မွာ ျပည္သူ႔ကာကြယ္ေရးတပ္က စစ္ေရးလႈပ္ရွားေနတာေၾကာင့္ စစ္ေကာင္စီဘက္က နယ္ေျမရွင္းလင္းေရး လုပ္ငန္းေတြ လုပ္ေဆာင္ေနတာရွိတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ပုဂၢိဳလ္က VOA ကို ေျပာထားပါတယ္။
ေန႔စဥ္ျဖစ္ေနတဲ့ တိုက္ပြဲတိုင္းမွာ စစ္ေကာင္စီဖက္က အက်အဆုံးမ်ား အထိနာေနတာေၾကာင့္ ေလေၾကာင္း ပစ္ကူေတြ အဓိကထား အသုံးျပဳေနတာလို႔ KNDF ျပန္ၾကားေရးတာဝန္ခံက ခုလို ေျပာပါတယ္။
“တိုက္တဲ့တိုက္ပြဲေတြတိုင္းမွာ က်ေနာ္တို႔က အေကာင္းဆုံးရလဒ္ေတြ ရထားတယ္ေပါ့ေနာ္။ ရလဒ္ေကာင္းေတြ ရထားတယ္။ ဒီလိုအေျခအေနေၾကာင့္ပဲ စစ္ေကာင္စီက အက်အဆုံးမ်ားတယ္၊ အထိအခိုက္မ်ားတယ္။ အဲ့လို အထိခိုက္မ်ားလာၿပီ အက်အဆုံးမ်ားလာၿပီဆို စစ္ေကာင္စီက ဒီ ေလေၾကာင္းကို အဓိကထားၿပီး အသုံးၿပီး တိုက္ခိုက္တတ္တယ္ေပါ့ေလ။ အဲ့ဒါေၾကာင့္မို႔လိုပဲ က်ေနာ္တို႔ကို ဒီေလေၾကာင္းနဲ႔ အသုံးျပဳၿပီးေတာ့ လာေရာက္ပစ္ခတ္တာမ်ိဳးေတြ လုပ္တယ္ေပါ့ေနာ္။”
တိုက္ပြဲေၾကာင့္ ေသာင္းနဲ႔ခ်ီတဲ့ ႐ြာသူ႐ြာသားေတြဟာ အိုးမဲ့အိမ္မဲ့ဘဝအေနနဲ႔ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကရၿပီး စားနပ္ရိကၡာ ေဆးဝါး အဝတ္အထည္ ေစာင္၊ အမိုးအကာစတဲ့ အကူအညီေတြ အလြန္အမင္း လိုအပ္ေနၾကပါတယ္။
{Unicode}
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီနယ်စပ်တကြောမှာ နေ့စဉ် ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ KNDF တာဝန်ရှိသူတွေက VOA ကို ပြောပါတယ်။ ကယားနယ် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းနဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ခေါင်းအိ ကျေးရွာဖက်မှာ ဖြစ်ပွားနေတာပါ။ မနေ့ မတ်လ ၁၆ ရက်နေ့က ဒီးမော့ဆိုတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက်က လက်နက်ကြီးအပြင် ရဟတ်ယာဉ်နဲ့ပါ ဗုံးကြဲ တိုက်ခိုက်နေပါတယ်။ ဒီသတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။
ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေအကြား ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ထဲက တိုက်ပွဲ စတင်ခဲ့ပြီး မနေ့ မတ်လ ၁၆ ရက်နေ့အထိ ဆက်လက် ဖြစ်ပွားနေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံတစ်ဦးက VOA ကို ပြောပါတယ်။
အလားတူ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာမှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ ပြောပါတယ်။
“ဒီးမော့ဆိုအရှေ့ဖက်ခြမ်းပေါ့နော်၊ အဲ့မှာ ဒီနှစ်ဖက် စစ်ကြောင်းညှပ်ထိုးနေတာရှိတယ်။ ဒီ ဘောလခဲကနေ ဒေါ်သမကြီးဖက်ကို ထိုးနေတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲပြင်းထန်ဖြစ်နေတာ ဒီနေ့ အထိပဲပေါ့နော်။ နောက် ဒီဖက်မှာလည်း နန်းဟူတွေတို့၊ ဒေါစဲတို့ အဲ့ဖက်ခြမ်းကနေ ထိုးစစ် ဆင်နေတဲ့စစ်ကြောင်းနဲ့လည်း တိုက်ပွဲဖြစ်နေတာ ဒီနေ့အထိပဲပေါ့နော်။ ပြီးတော့ ဒီကျနော်တို့ ဖယ်ခုံမြို့နယ်ထဲက ခေါင်းအိတို့ ဘာတို့ဖက်မှာလည်း ဖြစ်နေတယ်ပေါ့နော်။ ခေါင်းအိ ကျေးရွာတို့ဖက်မှာလည်း တိုက်ပွဲဖြစ်နေတာ ရှိတယ်ဟုတ်။”
ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက်က ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ KNDF က ပြောပါတယ်။
“ဒီနေ့ဆိုလို့ရှိရင် ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းပေါ့လေ၊ အရှေ့ဖက်ခြမ်းဆိုလို့ရှိရင် နေ့လည် ၂နာရီ နဲ့ ၃နာရီလောက်ကြာထင်တယ်။ ကျနော်ခန့်မှန်ခြေပေါ့လေ။ ကျနော်တို့ အချိန်မမှတ်ထားရလို့ပါ။ လေယာဉ်နဲ့ လာပစ်တာရှိတယ် လေယာဉ်တော့ မဟုတ်ဘူး။ ဒီရဟတ်ယာဉ်နဲ့ပေါ့လေ။ ရဟတ်ယာဉ်နဲ့ ၅ခေါက်လောက် ထပ်ပြီးတော့မှ လာပစ်သွားတာ ရှိတယ်ပေါ့နော်။”
ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်တစ်ဦးကတော့ မနေ့က နေ့ခင်းပိုင်းတည်းက လက်နက်ကြီးပစ်ခတ်သံတွေ တောက်လျှောက် ကြားနေသလို လေယာဉ်နဲ့လည်း တိုက်ခိုက်တဲ့အကြောင်း ပြောပါတယ်။
“အစက ၁၁ နာရီ ၁၂ နာရီမထိုးခင်က အသံစကြားရတာ သူက လက်နက်ကြီးနဲ့ လှမ်းထုနေတယ် အဲ့အချိန်ကတည်းက၊ နောက် ၁နာရီမထိုးလောက်ထင်တယ်။ အဲ့ချိန်က သူတို့ လေယာဉ်နဲ့ လာပတ်ရမ်းနေတာ နာရီဝက်လောက်ရှိမယ်ထင်တယ်၊ လေယာဉ် ပတ်ရမ်းတာလေ။ ပစ်တာတော့ အဲ့လောက်ထိ အကြာကြီးမပစ်ဘူး ၁၀ မိနစ် ၁၅မိနစ်လောက်ပဲ။ လေယာဉ်လိုက်ပတ်ရမ်းနေတဲ့အချိန်ဆို ကျနော်တို့က ခြုံအောက် ဝင်ပုန်းနေတာပဲ၊ အပြင်မထွက်ရဲတော့ဘူး။ တဲအောက်မှာလည်း မနေရဲတော့ဘူး အဲ့ချိန်ဆို။”
ဒီတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်း ပင်းလောင်းနယ်၊ လုံပျဉ်ရွာနဲ့ စောင်းပြောင်းရွာဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်က စစ်ရေးလှုပ်ရှားနေတာကြောင့် စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ်က VOA ကို ပြောထားပါတယ်။
နေ့စဉ်ဖြစ်နေတဲ့ တိုက်ပွဲတိုင်းမှာ စစ်ကောင်စီဖက်က အကျအဆုံးများ အထိနာနေတာကြောင့် လေကြောင်း ပစ်ကူတွေ အဓိကထား အသုံးပြုနေတာလို့ KNDF ပြန်ကြားရေးတာဝန်ခံက ခုလို ပြောပါတယ်။
“တိုက်တဲ့တိုက်ပွဲတွေတိုင်းမှာ ကျနော်တို့က အကောင်းဆုံးရလဒ်တွေ ရထားတယ်ပေါ့နော်။ ရလဒ်ကောင်းတွေ ရထားတယ်။ ဒီလိုအခြေအနေကြောင့်ပဲ စစ်ကောင်စီက အကျအဆုံးများတယ်၊ အထိအခိုက်များတယ်။ အဲ့လို အထိခိုက်များလာပြီ အကျအဆုံးများလာပြီဆို စစ်ကောင်စီက ဒီ လေကြောင်းကို အဓိကထားပြီး အသုံးပြီး တိုက်ခိုက်တတ်တယ်ပေါ့လေ။ အဲ့ဒါကြောင့်မို့လိုပဲ ကျနော်တို့ကို ဒီလေကြောင်းနဲ့ အသုံးပြုပြီးတော့ လာရောက်ပစ်ခတ်တာမျိုးတွေ လုပ်တယ်ပေါ့နော်။”
တိုက်ပွဲကြောင့် သောင်းနဲ့ချီတဲ့ ရွာသူရွာသားတွေဟာ အိုးမဲ့အိမ်မဲ့ဘဝအနေနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ ဆေးဝါး အဝတ်အထည် စောင်၊ အမိုးအကာစတဲ့ အကူအညီတွေ အလွန်အမင်း လိုအပ်နေကြပါတယ်။