သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပင္ေလာင္းမွာ သံဃာနဲ႔အရပ္သား ၃၀ ေက်ာ္ အသတ္ခံရ


ရွမ္းျပည္ေတာင္ပိုင္း၊ ပင္ေလာင္းၿမိဳ႕နယ္၊ နမ္းနိမ္း႐ြာ ဘုန္းႀကီးေက်ာင္းမွာ ခိုလႈံေနၾကတဲ့ အရပ္သား ၂၈ ဦးနဲ႔ သံဃာေတာ္ ၃ ပါးသတ္ျဖတ္ခံခဲ့ရတဲ့ ဘုန္းႀကီးေက်ာင္းမွာေတြ႔ရတဲ့ က်ည္ဆံရာမ်ား။ (ဓာတ္ပံု-PNDF/KK မတ္လ ၁၁၊ ၂၀၂၃)

[[Zawgyi/Unicode]]

ရွမ္းျပည္ေတာင္ပိုင္း၊ ပင္ေလာင္းၿမိဳ႕နယ္၊ နမ္းနိမ္း႐ြာ ဘုန္းႀကီးေက်ာင္းမွာ ခိုလႈံေနၾကတဲ့ အရပ္သား ၂၈ ဦးနဲ႔ သံဃာေတာ္ ၃ ပါး ရက္ရက္စက္စက္ သတ္ျဖတ္ခံထားရတယ္လို႔ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ (KNDF) က VOA ကို ေျပာပါတယ္။ အျပစ္မဲ့ အရပ္သားျပည္သူေတြကို ရန္သူသဖြယ္သတ္ျဖတ္တာဟာ ႀကီးမားတဲ့ျပစ္မႈက်ဴးလြန္တာမ်ဳိးျဖစ္ၿပီး အၾကမ္းဖက္တဲ့လုပ္ရပ္လည္းျဖစ္တယ္လို႔ ကယားစစ္ေရွာင္တဦးက ေျပာပါတယ္။ ဒီသတင္းေပးပို႔ခ်က္ကို အေျခခံၿပီး မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

စစ္ေရးတင္းမာေနတဲ့ ပင္ေလာင္းၿမိဳ႕နယ္ နမ္းနိမ္း႐ြာဘုန္းႀကီးေက်ာင္းထဲမွာ ခိုလႈံေနတဲ့ သံဃာေတာ္ ၃ ပါးနဲ႔ အရပ္သားျပည္သူ (အနည္းဆုံး) ၂၈ ဦး သတ္ျဖတ္ခံထားရတဲ့အေလာင္းေတြကို မတ္လ ၁၁ ရက္ ညေနေလာက္မွာေတြ႕ရွိရတယ္လို႔ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ (KNDF) ေျပာေရးဆိုခြင့္ရွိသူတဦးက VOA ကို ေျပာပါတယ္။

"မေန႔ညေလာက္က က်ေနာ္တို႔ နမ္းနိမ္း႐ြာကို နယ္ေျမရွင္းရင္းနဲ႔ အဲ့ဒီဘုန္းႀကီးေက်ာင္းေအာက္မွာ ပုန္းေနတဲ့လူထုေပါ့ေနာ္။ လူထုလို႔ေျပာရမယ္၊ အေယာက္ ၂၈ ေယာက္ရယ္၊ သံဃာေတာ္ ၃ ပါးေပါ့ေနာ္၊ စစ္ေကာင္စီက ဖမ္းၿပီးေတာ့ သတ္ပစ္လိုက္တာ။ သတ္ျဖတ္ထားတဲ့အေလာင္းေတြကို ေတြ႔တယ္ဗ် ဟုတ္။ (ဒဏ္ရာက) ေသနတ္က်ည္ဆံေတြနဲ႔ေပါ့ေနာ္။ တခ်ိဳ႕ကေတာ့ ႐ိုက္ႏွက္တဲ့ဟာေတြ ေပါ့ေနာ္။ အမ်ားဆုံးကေတာ့ ေသနတ္က်ည္ဆံဒဏ္ရာေတြပဲ မ်ားတယ္ေပါ့။"

ဒီေဒသမွာ အခုရက္ပိုင္းျဖစ္ခဲ့တဲ့တိုက္ပြဲေတြကေန သိမ္းဆည္းရမိတဲ့စစ္လက္နက္ ပစၥည္းစာရင္းကို ကရင္နီတပ္မေတာ္ (KA) က ဓါတ္ပုံနဲ႔တကြထုတ္ျပန္တဲ့အထဲမွာ ခမရ ၃၄၃ တံဆိပ္ပါတဲ့ စစ္ဝတ္စုံေတြ ပါဝင္ပါတယ္။ အခုျဖစ္စဥ္မွာ စစ္ေကာင္စီဘက္က ဘယ္တပ္ဖြဲ႕ေတြ ပါဝင္ပတ္သက္တယ္ဆိုတာကိုေတာ့ ဗြီအိုေအက သီးျခား အတည္ျပဳလို႔ မရေသးပါဘူး။

စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္နီေဒသကာကြယ္ေရး ပူးေပါင္းတပ္ေတြၾကား ပင္ေလာင္းၿမိဳ႕နယ္၊ နမ္းနိမ္းေက်း႐ြာတဝိုက္မွာ သီတင္းႏွစ္ပတ္ေက်ာ္ၾကာ တိုက္ပြဲျဖစ္ပြားေနၿပီး ဒီေန႔အထိ ျဖစ္ပြားေနတယ္လို႔ KNDF က ေျပာပါတယ္။

တိုက္ပြဲေၾကာင့္ ႐ြာသူ႐ြာသားအမ်ားစုက အိုးအိမ္စြန္႔ခြာ ေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကၿပီး တခ်ိဳ႕က ႐ြာဘုန္းႀကီးေက်ာင္းထဲမွာ ခိုလႈံေနၾကတာလို႔ ဆိုပါတယ္။

အခု နမ္းနိမ္း႐ြာဘုန္းႀကီးေက်ာင္းမွာ ခိုလႈံေနၾကတဲ့အရပ္သားေတြဟာ စစ္ေကာင္စီ စစ္ေၾကာင္းေတြနဲ႔တိုးၿပီး ဖမ္းဆီးသတ္ျဖတ္ခံထားပုံရတယ္လို႔ KNDF ေျပာေရးဆိုခြင့္ရွိသူတဦးက VOA ကို ေျပာပါတယ္။ ဒီလုပ္ရပ္နဲ႔ ပတ္သက္လို႔ စစ္ေကာင္စီအေနနဲ႔ ထိုက္တန္တဲ့ျပစ္ဒဏ္ ခံယူရမယ္လို႔ ေျပာပါတယ္။

" အဲ့ဒီသတ္ျဖတ္ခံရတဲ့သူေတြအတြက္ က်ေနာ္တို႔ စိတ္မေကာင္းျဖစ္ရတယ္ေပါ့ေလ။ ဒါ က်ေနာ္တပ္ဖြဲ႕ဝင္မဟုတ္ဘူးဆိုေပမယ့္လည္း လူထုျဖစ္တဲ့အတြက္ နံပါတ္ (၁) က အဲ့ဒီဟာကို စိတ္မေကာင္းဘူး။ နံပါတ္ (၂) ကေတာ့ စစ္ေကာင္စီေတြရဲ႕ လုပ္ေဆာင္ခ်က္ေပါ့ေနာ္။ စစ္ေကာင္စီဟာ လူထုေတြကိုပဲရည္႐ြယ္ခ်က္ရွိရွိ သတ္ျဖတ္တဲ့ကိစၥ ဆက္လုပ္ရင္ေတာ့ က်ေနာ္တို႔ စနစ္တက် ပိုၿပီးေတာ့ ျပင္ဆင္ၾကေတာ့မယ္ေပါ့ေလ။ က်ေနာ္တို႔ေျပာခ်င္တာ အဲ့ဒါ။ နံပါတ္ (၃) ကေတာ့ ဒီကိစၥအတြက္ က်ေနာ္ ဒီမွာပဲ ၿပီးတာမ်ိဳးမဟုတ္ဘဲနဲ႔ အခ်ိန္က်ရင္ေတာ့ ဒါ ဆိုင္ရာ၊ ဆိုင္ရာ ကိစၥေတြကို ေကာင္းေကာင္းေပါ့ေနာ္ တာဝန္ျပန္ခံၾကရမယ္ဆိုတာ ေျပာခ်င္တယ္ဗ်"

မတ္လဆန္းကတည္းက အဲ့ေနရာေတြမွာ KNDF နဲ႔ KNPP ပူးေပါင္းအဖြဲ႕ေတြက လႈပ္ရွားခဲ့ေၾကာင္းနဲ႔ စစ္ေကာင္စီတပ္ေတြအေနနဲ႔ ပအို႔ဝ္ျပည္သူ႔စစ္၊ ျပည္သူေတြနဲ႔ ပူးေပါင္းၿပီး ပင္ေလာင္းၿမိဳ႕နယ္ေဒသေတြကို တရားဥပေဒစိုးမိုးေရးနဲ႔ လုံၿခဳံေရးလုပ္ငန္းေတြ ေဆာင္႐ြယ္ခဲ့တာရွိတယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“၉ ရက္ေန႔မွာျဖစ္တဲ့ ျဖစ္စဥ္တခ်ိဳ႕ ရွိခဲ့တယ္။ တပ္မေတာ္အေနနဲ႔ကေတာ့ အျပင္ကေန လုံၿခဳံေရးေဆာင္႐ြက္ေနတာပဲ ျဖစ္တယ္။ အခ်င္းခ်င္းျဖစ္ခဲ့တဲ့ပုံစံ ရွိပါတယ္ဗ်။ အဲဒီမွာ ေသဆုံးမႈတခ်ိဳ႕လည္း ရွိတယ္ဆိုတာေတာ့ က်ေနာ္တို႔သိရပါတယ္။ တခ်ိဳ႕ေသာကိစၥေတြက သူတို႔အခ်င္းခ်င္းျဖစ္ၿပီးေတာ့ တပ္မေတာ္ကေနလုပ္ခဲ့တယ္ဆိုတဲ့ဟာမ်ိဳးလည္း ေျပာခဲ့တာရွိပါတယ္။”

ကယားျပည္နယ္၊ ဒီးေမာ့ဆိုစစ္ေရွာင္တဦးက အျပစ္မဲ့အရပ္သားျပည္သူေတြကို ရန္သူသဖြယ္သတ္ျဖတ္တာဟာ ႀကီးမားတဲ့ျပစ္မႈက်ဴးလြန္ေနတာျဖစ္ၿပီး အၾကမ္းဖက္တဲ့လုပ္ရပ္တခုျဖစ္တယ္လို႔ ခုလို ေျပာပါတယ္။

"ဒီလိုမ်ိဳးဆို အရမ္း စိတ္မေကာင္းဘူးေပါ့ေနာ္။ အထူးသျဖင့္ ဒီဘာသာေရးေက်ာင္းေတြမွာ ခိုလႈံေနတဲ့သူဆိုရင္ ပိုၿပီးေတာင္မွ အျပစ္မရွိတဲ့သူမွန္းေသခ်ာေနၿပီေလ။ ဆိုေတာ့ ဒီလိုမ်ိဳး ရန္သူလိုမ်ိဳးပဲ တျခားကိုယ့္ကိုလက္နက္ကိုင္ၿပီးေတာ့ ေတာ္လွန္ေနတဲ့သူလို႔ပဲ သေဘာထားၿပီးေတာ့ ဒီလို ရက္ရက္စက္စက္ သတ္လိုက္တာေတြ၊ အထူးသျဖင့္ မေမးမျမန္း လုပ္လိုက္တာမ်ိဳးပဲဆိုတာကေတာ့ တကယ့္ကို ျပစ္မႈ တအားႀကီးတဲ့အရာေပါ့ေနာ္။ က်ေနာ္တို႔လူ႔အခြင့္အေရး အရမ္းဆိုးဝါးတဲ့အရာတခု ျဖစ္တယ္။ ေနာက္ဆုံး ဘာသာေရးအဆုံးအမနဲ႔ ၾကည့္မယ္ဆိုလည္း ဒါေတာ္ေတာ္ေလးကို အျပစ္ႀကီးတဲ့အမႈအရာေပါ့ေနာ္။ ဘယ္လိုမွ လက္ခံႏိုင္စရာအေၾကာင္း မရွိဘူးေပါ့ေလ။ ဒါကအၾကမ္းဖက္ လုပ္ေဆာင္တဲ့သူအတြက္က ကိုယ္ေတြက အၾကမ္းဖက္အဖြဲ႕အစည္းပဲဆိုတာကို ပိုၿပီး သက္ေသေတြ ေပးေနသလိုမ်ိဳးပဲ။"

ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလတုန္းက ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္တြင္း Save the Children အဖြဲ႔ဝန္ထမ္း ၂ ဦး အပါအဝင္ လူ ၃၅ ဦးထက္မနည္း သတ္ျဖတ္ မီးရႈိ႕ခံလိုက္ရပါတယ္။ ဒီသတ္ျဖတ္မႈကို စစ္ေကာင္စီကလုပ္ခဲ့တယ္လို႔ ေဒသခံေတြနဲ႔ အရပ္ဘက္အဖြဲ႕အစည္းေတြက တက်ယ္တဝံ့ ေျပာဆိုထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းတာကို ဆန္႔က်င္တဲ့ဆႏၵျပပြဲေတြကို အၾကမ္းဖက္ႏွိမ္နင္းၿပီးေနာက္ လက္နက္ကိုင္ပဋိပကၡေတြ ေပၚေပါက္လာပါတယ္။ ဒီလက္နက္ကိုင္ေတာ္လွန္တာကို အာဏာသိမ္းစစ္ေကာင္စီကလည္း အၾကမ္းဖက္ ႏွိမ္နင္းေနတာပါ။ အာဏာသိမ္းၿပီးေနာက္ပိုင္း အရပ္သားေတြကို ဖမ္းဆီးတာ၊ ညႇင္းပန္းႏွိပ္စက္တာ၊ ဥပေဒမဲ့သတ္ျဖတ္တာ စတဲ့လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ျဖစ္ေပၚေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ပင်လောင်းမှာ သံဃာနဲ့အရပ်သား ၃၀ ကျော် အသတ်ခံရ

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ်းနိမ်းရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ အရပ်သား ၂၈ ဦးနဲ့ သံဃာတော် ၃ ပါး ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က VOA ကို ပြောပါတယ်။ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ရန်သူသဖွယ်သတ်ဖြတ်တာဟာ ကြီးမားတဲ့ပြစ်မှုကျူးလွန်တာမျိုးဖြစ်ပြီး အကြမ်းဖက်တဲ့လုပ်ရပ်လည်းဖြစ်တယ်လို့ ကယားစစ်ရှောင်တဦးက ပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ ပင်လောင်းမြို့နယ် နမ်းနိမ်းရွာဘုန်းကြီးကျောင်းထဲမှာ ခိုလှုံနေတဲ့ သံဃာတော် ၃ ပါးနဲ့ အရပ်သားပြည်သူ (အနည်းဆုံး) ၂၈ ဦး သတ်ဖြတ်ခံထားရတဲ့အလောင်းတွေကို မတ်လ ၁၁ ရက် ညနေလောက်မှာတွေ့ရှိရတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပြောရေးဆိုခွင့်ရှိသူတဦးက VOA ကို ပြောပါတယ်။

"မနေ့ညလောက်က ကျနော်တို့ နမ်းနိမ်းရွာကို နယ်မြေရှင်းရင်းနဲ့ အဲ့ဒီဘုန်းကြီးကျောင်းအောက်မှာ ပုန်းနေတဲ့လူထုပေါ့နော်။ လူထုလို့ပြောရမယ်၊ အယောက် ၂၈ ယောက်ရယ်၊ သံဃာတော် ၃ ပါးပေါ့နော်၊ စစ်ကောင်စီက ဖမ်းပြီးတော့ သတ်ပစ်လိုက်တာ။ သတ်ဖြတ်ထားတဲ့အလောင်းတွေကို တွေ့တယ်ဗျ ဟုတ်။ (ဒဏ်ရာက) သေနတ်ကျည်ဆံတွေနဲ့ပေါ့နော်။ တချို့ကတော့ ရိုက်နှက်တဲ့ဟာတွေ ပေါ့နော်။ အများဆုံးကတော့ သေနတ်ကျည်ဆံဒဏ်ရာတွေပဲ များတယ်ပေါ့။"

ဒီဒေသမှာ အခုရက်ပိုင်းဖြစ်ခဲ့တဲ့တိုက်ပွဲတွေကနေ သိမ်းဆည်းရမိတဲ့စစ်လက်နက် ပစ္စည်းစာရင်းကို ကရင်နီတပ်မတော် (KA) က ဓါတ်ပုံနဲ့တကွထုတ်ပြန်တဲ့အထဲမှာ ခမရ ၃၄၃ တံဆိပ်ပါတဲ့ စစ်ဝတ်စုံတွေ ပါဝင်ပါတယ်။ အခုဖြစ်စဉ်မှာ စစ်ကောင်စီဘက်က ဘယ်တပ်ဖွဲ့တွေ ပါဝင်ပတ်သက်တယ်ဆိုတာကိုတော့ ဗွီအိုအေက သီးခြား အတည်ပြုလို့ မရသေးပါဘူး။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေကြား ပင်လောင်းမြို့နယ်၊ နမ်းနိမ်းကျေးရွာတဝိုက်မှာ သီတင်းနှစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး ဒီနေ့အထိ ဖြစ်ပွားနေတယ်လို့ KNDF က ပြောပါတယ်။

တိုက်ပွဲကြောင့် ရွာသူရွာသားအများစုက အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီး တချို့က ရွာဘုန်းကြီးကျောင်းထဲမှာ ခိုလှုံနေကြတာလို့ ဆိုပါတယ်။

အခု နမ်းနိမ်းရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့အရပ်သားတွေဟာ စစ်ကောင်စီ စစ်ကြောင်းတွေနဲ့တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံထားပုံရတယ်လို့ KNDF ပြောရေးဆိုခွင့်ရှိသူတဦးက VOA ကို ပြောပါတယ်။ ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီအနေနဲ့ ထိုက်တန်တဲ့ပြစ်ဒဏ် ခံယူရမယ်လို့ ပြောပါတယ်။

" အဲ့ဒီသတ်ဖြတ်ခံရတဲ့သူတွေအတွက် ကျနော်တို့ စိတ်မကောင်းဖြစ်ရတယ်ပေါ့လေ။ ဒါ ကျနော်တပ်ဖွဲ့ဝင်မဟုတ်ဘူးဆိုပေမယ့်လည်း လူထုဖြစ်တဲ့အတွက် နံပါတ် (၁) က အဲ့ဒီဟာကို စိတ်မကောင်းဘူး။ နံပါတ် (၂) ကတော့ စစ်ကောင်စီတွေရဲ့ လုပ်ဆောင်ချက်ပေါ့နော်။ စစ်ကောင်စီဟာ လူထုတွေကိုပဲရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တဲ့ကိစ္စ ဆက်လုပ်ရင်တော့ ကျနော်တို့ စနစ်တကျ ပိုပြီးတော့ ပြင်ဆင်ကြတော့မယ်ပေါ့လေ။ ကျနော်တို့ပြောချင်တာ အဲ့ဒါ။ နံပါတ် (၃) ကတော့ ဒီကိစ္စအတွက် ကျနော် ဒီမှာပဲ ပြီးတာမျိုးမဟုတ်ဘဲနဲ့ အချိန်ကျရင်တော့ ဒါ ဆိုင်ရာ၊ ဆိုင်ရာ ကိစ္စတွေကို ကောင်းကောင်းပေါ့နော် တာဝန်ပြန်ခံကြရမယ်ဆိုတာ ပြောချင်တယ်ဗျ"

မတ်လဆန်းကတည်းက အဲ့နေရာတွေမှာ KNDF နဲ့ KNPP ပူးပေါင်းအဖွဲ့တွေက လှုပ်ရှားခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ ပအို့ဝ်ပြည်သူ့စစ်၊ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပင်လောင်းမြို့နယ်ဒေသတွေကို တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွယ်ခဲ့တာရှိတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“၉ ရက်နေ့မှာဖြစ်တဲ့ ဖြစ်စဉ်တချို့ ရှိခဲ့တယ်။ တပ်မတော်အနေနဲ့ကတော့ အပြင်ကနေ လုံခြုံရေးဆောင်ရွက်နေတာပဲ ဖြစ်တယ်။ အချင်းချင်းဖြစ်ခဲ့တဲ့ပုံစံ ရှိပါတယ်ဗျ။ အဲဒီမှာ သေဆုံးမှုတချို့လည်း ရှိတယ်ဆိုတာတော့ ကျနော်တို့သိရပါတယ်။ တချို့သောကိစ္စတွေက သူတို့အချင်းချင်းဖြစ်ပြီးတော့ တပ်မတော်ကနေလုပ်ခဲ့တယ်ဆိုတဲ့ဟာမျိုးလည်း ပြောခဲ့တာရှိပါတယ်။”

ကယားပြည်နယ်၊ ဒီးမော့ဆိုစစ်ရှောင်တဦးက အပြစ်မဲ့အရပ်သားပြည်သူတွေကို ရန်သူသဖွယ်သတ်ဖြတ်တာဟာ ကြီးမားတဲ့ပြစ်မှုကျူးလွန်နေတာဖြစ်ပြီး အကြမ်းဖက်တဲ့လုပ်ရပ်တခုဖြစ်တယ်လို့ ခုလို ပြောပါတယ်။

"ဒီလိုမျိုးဆို အရမ်း စိတ်မကောင်းဘူးပေါ့နော်။ အထူးသဖြင့် ဒီဘာသာရေးကျောင်းတွေမှာ ခိုလှုံနေတဲ့သူဆိုရင် ပိုပြီးတောင်မှ အပြစ်မရှိတဲ့သူမှန်းသေချာနေပြီလေ။ ဆိုတော့ ဒီလိုမျိုး ရန်သူလိုမျိုးပဲ တခြားကိုယ့်ကိုလက်နက်ကိုင်ပြီးတော့ တော်လှန်နေတဲ့သူလို့ပဲ သဘောထားပြီးတော့ ဒီလို ရက်ရက်စက်စက် သတ်လိုက်တာတွေ၊ အထူးသဖြင့် မမေးမမြန်း လုပ်လိုက်တာမျိုးပဲဆိုတာကတော့ တကယ့်ကို ပြစ်မှု တအားကြီးတဲ့အရာပေါ့နော်။ ကျနော်တို့လူ့အခွင့်အရေး အရမ်းဆိုးဝါးတဲ့အရာတခု ဖြစ်တယ်။ နောက်ဆုံး ဘာသာရေးအဆုံးအမနဲ့ ကြည့်မယ်ဆိုလည်း ဒါတော်တော်လေးကို အပြစ်ကြီးတဲ့အမှုအရာပေါ့နော်။ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်း မရှိဘူးပေါ့လေ။ ဒါကအကြမ်းဖက် လုပ်ဆောင်တဲ့သူအတွက်က ကိုယ်တွေက အကြမ်းဖက်အဖွဲ့အစည်းပဲဆိုတာကို ပိုပြီး သက်သေတွေ ပေးနေသလိုမျိုးပဲ။"

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင်း Save the Children အဖွဲ့ဝန်ထမ်း ၂ ဦး အပါအဝင် လူ ၃၅ ဦးထက်မနည်း သတ်ဖြတ် မီးရှို့ခံလိုက်ရပါတယ်။ ဒီသတ်ဖြတ်မှုကို စစ်ကောင်စီကလုပ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တကျယ်တဝံ့ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်လာပါတယ်။ ဒီလက်နက်ကိုင်တော်လှန်တာကို အာဏာသိမ်းစစ်ကောင်စီကလည်း အကြမ်းဖက် နှိမ်နင်းနေတာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေကို ဖမ်းဆီးတာ၊ ညှင်းပန်းနှိပ်စက်တာ၊ ဥပဒေမဲ့သတ်ဖြတ်တာ စတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG