သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်သာမြို့နယ်တွင်း လေကြောင်းတိုက်ခိုက်မှု အရပ်သားထိခိုက်မှုရှိ


မန္တလေးတိုင်း တောင်သာမြို့ မိုးနှောင်ခင်းကျေးရွာမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး ပျက်စီးသွားသည့် နေအိမ်များ (ဒီဇင်ဘာ ၁၁၊ ၂၀၂၄)
မန္တလေးတိုင်း တောင်သာမြို့ မိုးနှောင်ခင်းကျေးရွာမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး ပျက်စီးသွားသည့် နေအိမ်များ (ဒီဇင်ဘာ ၁၁၊ ၂၀၂၄)

မန္တလေးတိုင်း တောင်သာမြို့မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြင်းခြံခရိုင်တွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်နေတဲ့အပေါ် ဒေသခံတွေ စိုးရိမ်နေကြတဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်ထဲက မိုးနှောင်းခင်းကျေးရွာကို ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်း စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်တချို့လည်း ပျက်စီးပြီး ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်ကြရတယ်လို့ တောင်သာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"တောင်သာမြို့နယ်ရဲ့ အရှေ့မြောက်ဘက်ပေါ့ ညနေ ၅ နာရီလောက် လုပ်သွားတယ်။ မိုးနှောင်းခင်းကျေးရွာ ကြဲသွားတာ။ တိုက်ပွဲမရှိပါဘူး။ ဘာမှမရှိဘဲနဲ့ကို ကြဲသွားတာ။ နွားထိုးကြီးနဲ့ တောင်သာမြို့နယ် အစပ်ပေါ့။ သေဆုံး ၁ ယောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရတာ ၅ ယောက်ရှိတယ်။ အိမ်တွေပျက်စီးတယ်။ ၅ လုံး ၆ လုံးလောက် ပျက်စီးသွားတယ်။ မနေ့ကတည်းက ကျေးရွာထဲက ထွက်ပြေးကုန်ကြပြီ ဒေသခံတွေကတော့။"

မိုးနှောင်းခင်းကျေးရွာဟာ ပထမဆုံးအကြိမ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပြီး နောက်ထပ် လေကြောင်းတိုက်ခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဒီဇင်ဘာလကစလို့ မြင်းခြံခရိုင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာနေပါတယ်။ ဒီဇင်ဘာလ လေကြောင်းတိုက်ခိုက်မှုအတွင်း မြင်းခြံခရိုင်ထဲမှာ ဒေသခံအရပ်သား ၁ ဒါဇင်နီးပါး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အခုလိုလေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ရှိနေတာကြောင့် စိုးရိမ်ထိတ်လန့်စိတ်တွေနဲ့ နေထိုင်နေရတယ်လို့ မြင်းခြံမြို့က ဒေသခံတဦးက ပြောပါတယ်။

"သူတို့ဗုံးကြဲတဲလေယာဉ်တွေကလည်း အများအားဖြင့် ထိခိုက်တာက တော်လှန်ရေး ရဲဘော်တွေ ထိခိုက်တာထက် ပြည်သူလူထုကို အဓိကထားတိုက်ခိုက်နေသလိုဖြစ်နေတော့ ညဆိုရင် ကိုယ့်အိမ် ကိုယ့်ယာမှာ မအိပ်ရဲဘူး။ တောထဲမှာသွားပြီး တိမ်းရှောင်ပြီးအိပ်ရတယ်။ သက်ကြီးဘိုးဘွားတွေပါတယ်။ မကျန်းမာတဲ့သူတွေပါတယ်။ ကလေးသူငယ်တွေပါတယ်။ အဲ့လူတွေကကျတော့ အညာကအေးပြီဆိုရင်လည်း ရက်ရက်စက်စက်အေးတာ အခုချိန်က အရမ်းအေးတဲ့အချိန် အရမ်းအေးတဲ့အချိန်ဆိုတော့ ပြည်သူလူထုတွေက တောထဲမှာ တဲငယ်ငယ်လေးတွေဆောက်တယ်။ မတတ်နိုင်တဲ့သူက မိုးကာတဲလေးတွေထိုး အဓိက လေယာဉ် ညဆိုရင် ကောင်းကောင်း မအိပ်ရဘူး။ ကြက်အိပ်ကြက်နိုးပဲ။ လေယာဉ်သံကြားရင်ကိုကြောက်နေကြတာ။ စကားပြော လမ်းလျှောက် တတ်ကာစ ကလေးတွေကအစ လေယာဉ်အသံဆိုရင် ကြောက်နေကြတာ။"

မြင်းခြံခရိုင် နွားထိုးကြီးမြို့ထဲက ကျေးရွာတွေကို ဒီဇင်ဘာ ၂ ရက်ကနေ ၅ ရက်နေ့ အထိ ၄ ရက်ဆက်တိုက် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးထိမှန်တာကြောင့် ၉ ဦးထက် မနည်းသေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒီလို လေကြောင်းတိုက်ခိုက်လို့ ဒေသခံတွေ ထိခိုက်သေဆုံးတယ်ဆိုတဲ့ သတင်းတွေကိုတော့ စစ်ကောင်စီက ငြင်းပါတယ်။ ပြည်သူတွေစိုးရိမ်ထိတ်လန့်ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် လှုံ့ဆော်ဝါဒဖြန့်နေတာသာ ဖြစ်တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG