သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Alibaba အွန်လိုင်းကုမ္ပဏီပေါ် တရုတ်အစိုးရ စုံစမ်းစစ်ဆေးနေ


တရုတ်နိုင်ငံ Hangzhou မြို့က Alibaba အွန်လိုင်းကုမ္ပဏီ ရုံးချုပ်။ (နိုဝင်ဘာ ၁၈၊ ၂၀၁၉)
တရုတ်နိုင်ငံ Hangzhou မြို့က Alibaba အွန်လိုင်းကုမ္ပဏီ ရုံးချုပ်။ (နိုဝင်ဘာ ၁၈၊ ၂၀၁၉)

[Zawgyi/Unicode]

တရုတ်နိုင်ငံက အကြီးဆုံး Online ဈေးကွက်လုပ်ငန်းကြီးဖြစ်တဲ့ Alibaba Group လုပ်ငန်းကြီး အပေါ် ဈေးကွက်လက်ဝါးကြီးအုပ်မှုနဲ့ တရုတ်အစိုးရက စတင်စုံစမ်းနေပြီး သူ့နဲ့ဆက်နွယ်နေတဲ့ Ant Group နည်းပညာအခြေခံ ဘဏ္ဍာရေးလုပ်ငန်းကြီးက တာဝန်ရှိသူတွေကို ဆင့်ခေါ် စုံစမ်းမယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ Ant Group ဆိုတာကတော့ အရင်က Ant Financial နဲ့ Alipay လို့သိထားကြပါတယ်။

တရုတ်နိုင်ငံမှာ တိုးတက်လာနေတဲ့ Online ဈေးကွက်မှာ လုပ်ငန်းတွေ ပြိုင်ဆိုင်လုပ်ကိုင် နိုင်စွမ်းရှိရဲ့လားဆိုတာကို တရုတ်အစိုးရက အရှိန်မြင့် စုံစမ်းနေတာဖြစ်ပါတယ်။ Alibaba Online ဈေးကွက်မှာ ကုန်ပစ္စည်း အရောင်းအဝယ်လုပ်သူတွေအနေနဲ့ တခြားပြိုင်ဘက် ဈေးကွက်တွေမှာ မရောင်းရဘူးဆိုတဲ့ သဘောတူညီချက်လက်မှတ်ထိုးခိုင်းတဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

Ant Group နည်းပညာအခြေခံ ဘဏ္ဍာရေးလုပ်ငန်းကြီးက ဒေါ်လာ ၃၇ ဘီလီယံတန်ဖိုး အစုရှယ်ယာတွေကို ပြီးခဲ့တဲ့လက ရှန်ဟိုင်းနဲ့ ဟောင်ကောင် အစုရှယ်ယာ ဈေးကွက်တွေမှာ တင်ရောင်းမယ့် အစီအစဉ်ကိုလည်း တရုတ်အစိုးရက ဆိုင်းထားစေခဲ့ပါတယ်။ ဒီပမာဏဟာ ကမ္ဘာ့အစုရှယ်ယာဈေးကွက်ထဲမှာ အကြီးမားဆုံး ပမာဏဖြစ်ပါတယ်။ အခုလို စုံစမ်းစစ်ဆေးခံနေရတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် Alibaba အစုရှယ်ယာဈေးတွေ ၉ % နီးပါးကျဆင်းခဲ့ပါတယ်။ ဒါဟာ ဇူလိုင်လထဲကဆိုရင် အနိမ့်ဆုံးဈေးဖြစ်ပါတယ်။

Alibaba လုပ်ငန်းကြီးကို တည်ထောင်သူကတော့ ကျောင်းဆရာဟောင်း Jack Ma ဖြစ်ပြီး သူဟာ ကမ္ဘာမှာ လူသိအများဆုံး စွန့်ဦး တီထွင်သူဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ Alibaba လုပ်ငန်းတွေကနေ သူ နုတ်ထွက်အနားယူခဲ့ပါတယ်။

Alibaba အွန်လိုင်းကုမ္ပဏီပေါ် တရုတ်အစိုးရ စုံစမ်းစစ်ဆေးနေ
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG