သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအနောက်မြောက် ပဋိပက္ခ လုံခြုံရေးကောင်စီနဲ့ ဗြိတိန်ဆွေးနွေး


ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပုန်းအောင်းနေရတဲ့ ဒေသခံအချို့။ (မေ ၂၀၊ ၂၀၂၁)
ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပုန်းအောင်းနေရတဲ့ ဒေသခံအချို့။ (မေ ၂၀၊ ၂၀၂၁)

မြန်မာအနောက်မြောက် ပဋိပက္ခ လုံခြုံရေးကောင်စီနဲ့ ဗြိတိန်ဆွေးနွေး

{{Zawgyi/Unicode}}

မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဒေသက ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေတာနဲ့ပတ်သက်ပြီး ဗြိတိသျှ အစိုးရနိုင်ငံခြားရေးဝန်ကြီးရုံးအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးရုံး ဝန်ကြီးက တနင်္လာနေ့မှာပြောဆိုလိုက်ပါတယ်။

အခုလိုဆွေးနွေးနေတဲ့အကြောင်းကို ဗြိတိသျှလွှတ်တော်မှာ စာနဲ့ရေးသားမေးမြန်းခဲ့တဲ့မေးခွန်း တွေကို ပြန်လည်ဖြေကြားစဉ် နိုင်ငံခြားရေးဝန်ကြီးရုံး အာရှဆိုင်ရာဝန်ကြီး Amanda Milling က ထုတ်ဖေါ် ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံအနောက်မြောက်ဒေသအခြေအနေတွေနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာဆွေးနွေးဖို့ ကြိုးစားတာရှိပါသလားလို့ အတိုက်အခံပါတီရဲ့ အာရှဒေသဆိုင်ရာနိုင်ငံခြားရေးဝန်ကြီး ဖြစ်တဲ့ Stephen Kinnok ရဲ့ မေးမြန်းချက်နဲ့ ။ မြန်မာအနောက်မြောက်ဒေသတွင်း စစ်တပ်က အကြီးအကျယ်ထိုးစစ်ဆင်နိုင်မှုတွေရှိနေတဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးပေးဖို့ အောက်တိုဘာလ ၂၀ ရက်နေ့ တောင်းဆိုခဲ့တဲ့ Burma Campaign UK ရဲ့တောင်းဆိုချက်နဲ့ပတ် သက်ပြီး လွှတ်တော်အမတ်တဦးဖြစ်တဲ့ Lynn Brown တို့ကမေးမြန်းခဲ့တဲ့ မေးခွန်းတွေကို နိုင်ငံခြားရေး ရုံးဝန်ကြီးကပြန်လည်ဖြေကြားခဲ့တာပါ။

ဗြိတိသျှအစိုးရအနေနဲ့ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းတွေအတွင်း က အခြေအနေတွေနဲ့ပတ်သက်ပြီး လွန်စွာမှစိုးရိမ်ပူပန်မိပါတယ်။ အထူးသဖြင့်တော့ မြန်မာစစ်ကောင်းစီရဲ့လက်နှက်ကိုင်တပ်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ အရပ်သားတွေသေဆုံးနေရမှာတွေကို စိုးရိမ်ပူပန်မိကြောင်း နိုင်ငံခြားရေးရုံဝန်ကြီး Amanda ကပြောဆိုခဲ့ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြောင့် လူအများအပြား အိုးအိမ်စွန့် ခွါထွက်ပြေးနေရပြီး၊ ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေဟာ အိန္ဒိနယ်စပ်ကိုဖြတ်ကြော်ပြီး မဏီပူနဲ့ မီဇိုရမ်ပြည်နယ်တွေထဲကို ထွက်ပြေးဝင်ရောက်နေရတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးရုံး ဝန်ကြီး Amanda ကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

....................................


{{Unicode}}






XS
SM
MD
LG