Amazon လုပ်ငန်းပိုင်ရှင် ဘီလျံနာ Jeff Bezos ရဲ့ ဇိမ်ခံ သင်္ဘော Koru မှာ တရားမဝင် မြန်မာကျွန်းသစ်တွေ အသုံးပြုမှုနဲ့ နယ်သာလန် လုပ်ငန်းကြီးတခုကို ယူရို ၁ သိန်းခွဲ ဒဏ်ကြေးချမှတ်လိုက်ပါတယ်။
ဥရောပ သမဂ္ဂရဲ့ ကျွန်းသစ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မှုအတွက် နယ်သာလန် သင်္ဘောတည်ဆောက်ရေး လုပ်ငန်း Oceanco နဲ့ သဘောတူညီချက် ရရှိကြောင်း နယ်သာလန် ပြည်သူ့ရေးရာ ဝန်ကြီးဌာနက အတည်ပြုပါတယ်။ Koru ဇိမ်ခံ သင်္ဘောကြီး တည်ဆောက်ရာမှာ မြန်မာနိုင်ငံက ကျွန်းသစ်တွေ သုံးခဲ့သလားဆိုတာကို သဘာ၀ ပတ်ဝန်းကျင် ရေးရာ စုံစမ်းရေး အဖွဲ့ EIA က ၂၀၂၃ ခုနှစ်မှာ ပထမဆုံး မေးခွန်းထုတ်ခဲ့တာ ဖြစ်ပြီး ဘီလျံနာ Jeff Bezos ထံက တုံ့ပြန်ချက် ရဖို့ ကြိုးစားခဲ့ပေမဲ့ ဘာတုံ့ပြန် ဖြေကြားချက်မှ မရခဲ့ကြောင်း EIA က ကြေညာချက်မှာ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပြပြီး မြန်မာပြည်က ကျွန်းသစ်တွေကို သွေးစွန်းနေတဲ့ ကျွန်းသစ်တွေလို့ EIA က နာမည်တပ် ပြောဆိုတာ ဖြစ်ပါတယ်။ ဥရောပ နဲ့ ဗြိတိန် ဈေးကွက် အတွင်းမှာ မြန်မာ့ ကျွန်းသစ်ကို တရားမဝင် ဝယ်ယူ အသုံးပြုမှုနဲ့ ဆက်နွယ်ပြီး ပြီးခဲ့တဲ့ သီတင်း ၂ ပတ် အတွင်း ဒုတိယမြောက် ဒဏ်ကြေး ပြစ်ဒဏ်ချမှတ်မှု ဖြစ်တယ်လို့လည်း EIA ရဲ့ သစ်တော အရေး လှုပ်ရှားမှု ခေါင်းဆောင် Faith Doherty က ပြောပါတယ်။ မြန်မာနိုင်ငံက ကျွန်းသစ်တွေကို လွတ်လွတ်လပ်လပ် ဝယ်လို့ ရနိုင်တယ်လို့ ယုံကြည်နေသူတွေ အတွက် သတိပေးချက်လည်း ဖြစ်တယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ ဇိမ်ခံUK ရဲ့ အကြီးဆုံး ဇိမ်ခံ သဘောၤ တည်ဆောက်ရေး ကုမ္ပဏီ Sunseeker International ကို အလားတူ ပြစ်မှု အတွက် UK တရားရုံး တခုက စတာလင် ပေါင် ၃ သိန်းခွဲ ဒဏ်ကြေးတပ်ခဲ့ပါတယ်။
Forum