သစ္ခိုးထုတ္မႈမွာ ေဒသခံျပည္သူေတြကို အေရးယူေလ့ရိွၿပီး အစိုးရေခါင္းေဆာင္ပို္င္းအထိ လာဘ္ထိုးႏုိင္တဲ့ သူခိုးခ်ဳပ္ႀကီးေတြကိုေတာ့ အေရးမယူႏုိင္တာကို လန္ဒန္အေျခစိုက္ ပတ္ဝန္းက်င္စံုစမ္းေရးေအဂ်င္စီ EIA ရဲ ႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ခိုးထုတ္ခံရတဲ့ ျမန္မာ့ကၽြန္းသစ္ေတြ ႏုိင္ငံစံုေရာက္သြားပံုကို (၂) ႏွစ္ စံုစမ္းစစ္ေဆးၿပီး ေရးသားခဲ့တဲ့ အစီရင္ခံစာ ျဖစ္ပါတယ္။ သန္းၾကြယ္သူေဌးေတြရဲ ႔ ဇိမ္ခံသေဘၤာ ကုန္းပတ္ၾကမ္းခင္းျပင္ဟာ ကၽြန္းသားပါ။ ဒါေၾကာင့္ ဗမာစစ္အစိုးရကို ဒဏ္ခတ္အေရးယူတဲ့ ႏုိင္ငံႀကီးေတြမွာလည္း ခုိးထုတ္လာတဲ့ ကၽြန္းသစ္ကို ေစ်းေကာင္းေကာင္းေပးၿပီး ဝယ္ၾကပါတယ္။
၂၀၀၇ ကေန ၂၀၁၇ အထိ ဆယ္ႏွစ္အတြင္း ကၽြန္းသစ္ေဒၚလာသန္း (၃၀၀၀) ဖိုး ခိုးထုတ္တယ္လို႔ EIA အဖြဲ႔က ခန္႔မွန္းၾကပါတယ္။ ျမန္မာ့ထြက္ကုန္ကို ပိတ္ပင္ထားတဲ့ အေမရိကန္ကေတာင္ ကၽြန္းသစ္ေဒၚလာ (၂၅) သန္းဖိုး ဝယ္ယူတယ္လို႔ ဆုိပါတယ္။ သစ္ခုိးမႈနဲ႔ ထိုင္းကုမၸဏီေတြကို ၁၉၉၃ မွာ ႏွင္ထုတ္တယ္ဆိုေပမယ့္ ဒီအထဲက ခရိုနီကုမၸဏီ (၅) ခုဟာ ဒီေန႔အထိ သစ္လုပ္ငန္းမွာ ၾသဇာရိွေနပါတယ္။ ထိုငး္ဆာဝပ္ (Thai Sawat) ကုမၸဏီဟာ ထိပ္ပိုင္းအထိ ေပါက္ေရာက္ပါတယ္။ အစိုးရနဲ႔ ကုမၸဏီဖက္စပ္လုပ္တဲ့ အက်ဳိးတူပူးေပါင္းေဆာင္ရြက္မႈစနစ္မွာလည္း ကၽြန္းသစ္ေတြ ခိုးထုတ္ခံရျပန္ပါတယ္။
အက်ဳိးတူစနစ္မွာ အစိုးရဘက္က စက္ရံုနဲ႔ အလုပ္သမားကိစၥ တာဝန္ယူထားၿပီး၊ ကုမၸဏီဘက္က သစ္ထုတ္လုပ္ေရးနဲ႔ အရည္အေသြးကို တာဝန္ယူထားပါတယ္။ ဒါေပမဲ့ ကၽြန္းသစ္ကို သတ္မွတ္ထားတဲ့ေစ်းနဲ႔ ကုမၸဏီက အစိုးရဆီက ဝယ္ယူရပါတယ္။ အက်ဳိးတူလုပ္ခြင့္ရတဲ့ ကုမၸဏီ (၆) ခုမွာ ထိုင္းဆာဝပ္နဲ႔ ဘိန္းဘုရင္ေလာစစ္ဟန္ရဲ ႔ ေအးရွားေဝါလ္ (Asia World) ကုမၸဏီလည္း ပါဝင္ေၾကာင္း ျမန္မာႏိုင္ငံသစ္ေတာသမိုင္းမွာ ေဖာ္ျပထားပါတယ္။ ကၽြန္းသစ္အေကာင္းစားကို အညံ့စားတံဆိပ္ရိုက္ၿပီး မလိမ့္တပတ္နဲ႔ သစ္ခိုးတဲ့နည္းကို သံုးၾကပါတယ္။ ဒီနည္းအရ သစ္အေကာင္းစားဟာ ကုမၸဏီလက္ထဲေရာက္ၿပီး အစိုးရဆီမွာ အညံ့စားေတြသာ က်န္ခဲ့ပါတယ္။ စစ္ကိုင္းတုိင္းနဲ႔ ကခ်င္ျပည္နယ္ဟာ သစ္ေမွာင္ခိုးလုပ္ငန္းမွာ ပါဝင္တဲ့ စစ္ဗိုလ္ (၁၂၇) ဦးကို (၁၉၉၄) မွာ ေထာင္ (၇) ႏွစ္စီ ခ်မွတ္လိုက္တဲ့အမႈဟာ လူသိမ်ားပါတယ္။
ျမန္မာနယ္စပ္က ယူနန္ျပည္နယ္ထဲ သစ္ခိုးသြင္းတာကို လူသိမ်ားပါတယ္။ ထရပ္ကားေတြနဲ႔ သယ္ယူသလို၊ သစ္တံုးေတြကို ေမာ္ေတာ္ဆိုင္ကယ္နဲ႔ သယ္ယူတာမ်ဳိးလည္း ရိွပါတယ္။ ၂၀၁၅ မွာ တရုတ္သစ္ခုတ္သမား (၁၅၅) ေယာက္ ကခ်င္ျပည္နယ္မွာ အဖမ္းခံရပါတယ္။ ဒါေပမဲ့ ေခါင္းေဆာင္ပိုင္းအထိ ေပါက္ေရာက္တဲ့ တရုတ္ေမွာင္ခိုေတြကို အားနာလို႔ အားလံုးကို ျပန္လႊတ္ေပးလိုက္ပါတယ္။ ထိုင္းဆာဝပ္ကုမၸဏီက ထိုင္းတရုတ္ ခ်န္ေပက်ိ ဆုိသူဟာ လူသိနည္းတဲ့ သစ္သူခိုးဂိုဏ္းခ်ဳပ္ႀကီး ျဖစ္ပါတယ္။ အေကာင္းစားသစ္ကို အညံ့စားတံဆိပ္ရိုက္ၿပီး အစိိုးရသစ္လုပ္ငန္းဌာနကို မလိမ့္တပတ္လုပ္တဲ့ေနရာမွာ ခ်န္ေပက်ိဟာ အစြမ္းထက္ပါတယ္။ ဗမာစစ္ဗိုလ္ႀကီးေတြရဲ ႔ ေဟာင္ေကာင္နဲ႔ စကၤာပူဘဏ္စာရင္းထဲကို သစ္ခိုးေငြေတြသြင္းေပးတဲ့ သစ္သူခိုးခ်ဳပ္ႀကီး ခ်န္ေပက်ိဟာ ၾသဇာအရိွန္အဝါရိွသူ ျဖစ္ပါတယ္။
ျမန္မာအစိုးရေခါင္းေဆာင္ပိုင္းရဲ ႔ သားသမီးေတြ ႏိုင္ငံျခားမွာ ပညာသင္တဲ့အခါမွာ ခ်န္ေပက်ိ ကပဲ ေငြေၾကးေထာက္ပံ့ပါတယ္။ စကၤာပူအထက္တန္းေက်ာင္းမွာ စာသင္သူကစၿပီး အေမရိကန္နဲ႔ ဥေရာပတကၠသိုလ္ေတြမွာ ပညာသင္ေနတဲ့ မ်က္ႏွာႀကီးသားသမီးေတြရဲ ႔ ပညာသင္စရိတ္ကို ခ်န္ေပက်ိ က ထုတ္ေပးပါတယ္။ ဒီနည္းလမ္းနဲ႔ စစ္အုပ္စုရဲ ႔ ေနာင္လာေနာင္သားေတြကို ခ်န္ေပက်ိ က ဝယ္ထားတာလို႔ EIA အစီရင္ခံစာမွာ သံုးသပ္ထားပါတယ္။ ဒါေပမဲ့ ၂၀၁၈ မွာ ခ်န္ေပက်ိ ကြယ္လြန္သြားတဲ့အတြက္ ပညာသင္ေၾကး ေထာက္ပံ့လာဘ္ထိုးတာကို ခန္႔မွန္းရခက္ေနပါတယ္။ ခ်န္ေပက်ိေနရာကို သူ႔ရဲ ႔လူယံုေတာ္ ဟန္ေဇာ္လင္းက ဆက္ခံတယ္လို႔ ဆိုပါတယ္။ ကၽြန္းသစ္အမ်ားဆံုး ခိုးထုတ္သူဟာ တရုတ္ကုန္သည္မ်ားျဖစ္ၿပီး အေမရိကန္နဲ႔ ဥေရာပမွာလည္း ခိုးထုတ္ကၽြန္းေတြအတြက္ ေစ်းကြက္ရိွပါတယ္။
တိုင္းရင္းသားလက္နက္ကိုင္ေတြ ခ်ဳပ္ကိုင္ထားတဲ့ နယ္စပ္ေဒသေတြမွာ သစ္ခုိးဂိုဏ္းေတြ စီးပြားရွာေလ့ ရိွပါတယ္။ နယ္စပ္မွာ ကၽြန္းတံုးေလးေတြျဖတ္ၿပီး ေမာ္ေတာ္ဆိုင္ကယ္အစီး (၃၀၀) နဲ႔ ယူနန္ျပည္နယ္ထဲကို သစ္ခုိးပို႔တဲ့ တရုတ္ေမွာင္ခိုဂိုဏ္းလည္း ရိွပါတယ္။ ေမာ္ေတာ္ဆိုင္ကယ္တစီးဟာ တေန႔ ကၽြန္းတံုး (၂) တန္ သယ္ယူပို႔ေဆာင္ႏုိင္ပါတယ္။ တရုတ္ျပည္မွာ ၾကမ္းခင္းပ်ဥ္ လိုအပ္တာရယ္၊ အေနာက္တုိင္းမွာ သေဘၤာကုန္းပတ္ၾကမ္းခင္းပ်ဥ္ လိုအပ္တာရယ္ေၾကာင့္ ကၽြန္းသစ္ခိုးထုတ္မႈ ဆက္လက္ရွင္သန္ေနပါတယ္။ ကၽြန္းသစ္အလြန္အကၽြံ ထုတ္ယူမႈနဲ႔ ခိုးထုတ္မႈစတာေတြရိွလို႔ သစ္ေတာထိန္းသိမ္းဖို႔ ခက္ပါတယ္။
ကၽြန္းပင္ကို သင္းသတ္ၿပီး ေျခာက္သြားမွာ ခုတ္လဲွထုတ္လုပ္ခဲ့တာ ျမန္မာမင္းမ်ားလက္ထက္ကတည္းက ျဖစ္ပါတယ္။ စစ္အစိုးရတက္လာေတာ့ ေျခာက္တဲ့အထိ မေစာင့္ႏုိင္ေတာ့ပါဘူး။ ဒီအခ်ိန္မွာ သစ္ပါးလႊာထုတ္လုပ္တဲ့ ႏိုင္ငံျခားကုမၸဏီေတြက ကၽြန္းစိုကို လိုခ်င္ၾကပါတယ္။ သစ္ပါးလႊာထုတ္လုပ္ရာမွာ ကၽြန္းလံုးလတ္ဆတ္ၿပီး စိုေနဖို႔ လိုတာမို႔ ကၽြန္းစိုကိုေရာ ကၽြန္းေျခာက္ကိုပါ အလြန္အကၽြံ ထုတ္ယူလာၾကပါတယ္။ ခိုးထုတ္တဲ့ကၽြန္းသစ္ကို မဝယ္ဖို႔ စည္းကမ္းသတ္မွတ္တာေတြဟာ လက္ေတြ႔အေကာင္အထည္ ေဖာ္လို႔မရတာ မ်ားပါတယ္။ ခိုးထုတ္သူရိွေနသေရြ ႔ ဝယ္သူလည္း ရိွေနမွာျဖစ္လို႔ ခိုးမထုတ္ႏုိ္င္ေအာင္ လုပ္တာဟာ အေကာင္းဆံုးနည္းလမ္း ျဖစ္လိမ့္မယ္လို႔ ယူဆရပါတယ္။
==Unicode==
သစ်ခိုးထုတ်မှုမှာ ဒေသခံပြည်သူတွေကို အရေးယူလေ့ရှိပြီး အစိုးရခေါင်းဆောင်ပိုင်းအထိ လာဘ်ထိုးနိုင်တဲ့ သူခိုးချုပ်ကြီးတွေကိုတော့ အရေးမယူနိုင်တာကို လန်ဒန်အခြေစိုက် ပတ်ဝန်းကျင်စုံစမ်းရေးအေဂျင်စီ EIA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ခိုးထုတ်ခံရတဲ့ မြန်မာ့ကျွန်းသစ်တွေ နိုင်ငံစုံရောက်သွားပုံကို (၂) နှစ် စုံစမ်းစစ်ဆေးပြီး ရေးသားခဲ့တဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ သန်းကြွယ်သူဌေးတွေရဲ့ ဇိမ်ခံသင်္ဘော ကုန်းပတ်ကြမ်းခင်းပြင်ဟာ ကျွန်းသားပါ။ ဒါကြောင့် ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူတဲ့ နိုင်ငံကြီးတွေမှာလည်း ခိုးထုတ်လာတဲ့ ကျွန်းသစ်ကို ဈေးကောင်းကောင်းပေးပြီး ဝယ်ကြပါတယ်။
၂၀၀၇ ကနေ ၂၀၁၇ အထိ ဆယ်နှစ်အတွင်း ကျွန်းသစ်ဒေါ်လာသန်း (၃၀၀၀) ဖိုး ခိုးထုတ်တယ်လို့ EIA အဖွဲ့က ခန့်မှန်းကြပါတယ်။ မြန်မာ့ထွက်ကုန်ကို ပိတ်ပင်ထားတဲ့ အမေရိကန်ကတောင် ကျွန်းသစ်ဒေါ်လာ (၂၅) သန်းဖိုး ဝယ်ယူတယ်လို့ ဆိုပါတယ်။ သစ်ခိုးမှုနဲ့ ထိုင်းကုမ္ပဏီတွေကို ၁၉၉၃ မှာ နှင်ထုတ်တယ်ဆိုပေမယ့် ဒီအထဲက ခရိုနီကုမ္ပဏီ (၅) ခုဟာ ဒီနေ့အထိ သစ်လုပ်ငန်းမှာ သြဇာရှိနေပါတယ်။ ထိုင်းဆာဝပ် (Thai Sawat) ကုမ္ပဏီဟာ ထိပ်ပိုင်းအထိ ပေါက်ရောက်ပါတယ်။ အစိုးရနဲ့ ကုမ္ပဏီဖက်စပ်လုပ်တဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုစနစ်မှာလည်း ကျွန်းသစ်တွေ ခိုးထုတ်ခံရပြန်ပါတယ်။
အကျိုးတူစနစ်မှာ အစိုးရဘက်က စက်ရုံနဲ့ အလုပ်သမားကိစ္စ တာဝန်ယူထားပြီး၊ ကုမ္ပဏီဘက်က သစ်ထုတ်လုပ်ရေးနဲ့ အရည်အသွေးကို တာဝန်ယူထားပါတယ်။ ဒါပေမဲ့ ကျွန်းသစ်ကို သတ်မှတ်ထားတဲ့ဈေးနဲ့ ကုမ္ပဏီက အစိုးရဆီက ဝယ်ယူရပါတယ်။ အကျိုးတူလုပ်ခွင့်ရတဲ့ ကုမ္ပဏီ (၆) ခုမှာ ထိုင်းဆာဝပ်နဲ့ ဘိန်းဘုရင်လောစစ်ဟန်ရဲ့ အေးရှားဝေါလ် (Asia World) ကုမ္ပဏီလည်း ပါဝင်ကြောင်း မြန်မာနိုင်ငံသစ်တောသမိုင်းမှာ ဖော်ပြထားပါတယ်။ ကျွန်းသစ်အကောင်းစားကို အညံ့စားတံဆိပ်ရိုက်ပြီး မလိမ့်တပတ်နဲ့ သစ်ခိုးတဲ့နည်းကို သုံးကြပါတယ်။ ဒီနည်းအရ သစ်အကောင်းစားဟာ ကုမ္ပဏီလက်ထဲရောက်ပြီး အစိုးရဆီမှာ အညံ့စားတွေသာ ကျန်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ဟာ သစ်မှောင်ခိုးလုပ်ငန်းမှာ ပါဝင်တဲ့ စစ်ဗိုလ် (၁၂၇) ဦးကို (၁၉၉၄) မှာ ထောင် (၇) နှစ်စီ ချမှတ်လိုက်တဲ့အမှုဟာ လူသိများပါတယ်။
မြန်မာနယ်စပ်က ယူနန်ပြည်နယ်ထဲ သစ်ခိုးသွင်းတာကို လူသိများပါတယ်။ ထရပ်ကားတွေနဲ့ သယ်ယူသလို၊ သစ်တုံးတွေကို မော်တော်ဆိုင်ကယ်နဲ့ သယ်ယူတာမျိုးလည်း ရှိပါတယ်။ ၂၀၁၅ မှာ တရုတ်သစ်ခုတ်သမား (၁၅၅) ယောက် ကချင်ပြည်နယ်မှာ အဖမ်းခံရပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ပိုင်းအထိ ပေါက်ရောက်တဲ့ တရုတ်မှောင်ခိုတွေကို အားနာလို့ အားလုံးကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ထိုင်းဆာဝပ်ကုမ္ပဏီက ထိုင်းတရုတ် ချန်ပေကျိ ဆိုသူဟာ လူသိနည်းတဲ့ သစ်သူခိုးဂိုဏ်းချုပ်ကြီး ဖြစ်ပါတယ်။ အကောင်းစားသစ်ကို အညံ့စားတံဆိပ်ရိုက်ပြီး အစိုးရသစ်လုပ်ငန်းဌာနကို မလိမ့်တပတ်လုပ်တဲ့နေရာမှာ ချန်ပေကျိဟာ အစွမ်းထက်ပါတယ်။ ဗမာစစ်ဗိုလ်ကြီးတွေရဲ့ ဟောင်ကောင်နဲ့ စင်္ကာပူဘဏ်စာရင်းထဲကို သစ်ခိုးငွေတွေသွင်းပေးတဲ့ သစ်သူခိုးချုပ်ကြီး ချန်ပေကျိဟာ သြဇာအရှိန်အဝါရှိသူ ဖြစ်ပါတယ်။
မြန်မာအစိုးရခေါင်းဆောင်ပိုင်းရဲ့ သားသမီးတွေ နိုင်ငံခြားမှာ ပညာသင်တဲ့အခါမှာ ချန်ပေကျိ ကပဲ ငွေကြေးထောက်ပံ့ပါတယ်။ စင်္ကာပူအထက်တန်းကျောင်းမှာ စာသင်သူကစပြီး အမေရိကန်နဲ့ ဥရောပတက္ကသိုလ်တွေမှာ ပညာသင်နေတဲ့ မျက်နှာကြီးသားသမီးတွေရဲ့ ပညာသင်စရိတ်ကို ချန်ပေကျိ က ထုတ်ပေးပါတယ်။ ဒီနည်းလမ်းနဲ့ စစ်အုပ်စုရဲ့ နောင်လာနောင်သားတွေကို ချန်ပေကျိ က ဝယ်ထားတာလို့ EIA အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ ဒါပေမဲ့ ၂၀၁၈ မှာ ချန်ပေကျိ ကွယ်လွန်သွားတဲ့အတွက် ပညာသင်ကြေး ထောက်ပံ့လာဘ်ထိုးတာကို ခန့်မှန်းရခက်နေပါတယ်။ ချန်ပေကျိနေရာကို သူ့ရဲ့လူယုံတော် ဟန်ဇော်လင်းက ဆက်ခံတယ်လို့ ဆိုပါတယ်။ ကျွန်းသစ်အများဆုံး ခိုးထုတ်သူဟာ တရုတ်ကုန်သည်များဖြစ်ပြီး အမေရိကန်နဲ့ ဥရောပမှာလည်း ခိုးထုတ်ကျွန်းတွေအတွက် ဈေးကွက်ရှိပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေ ချုပ်ကိုင်ထားတဲ့ နယ်စပ်ဒေသတွေမှာ သစ်ခိုးဂိုဏ်းတွေ စီးပွားရှာလေ့ ရှိပါတယ်။ နယ်စပ်မှာ ကျွန်းတုံးလေးတွေဖြတ်ပြီး မော်တော်ဆိုင်ကယ်အစီး (၃၀၀) နဲ့ ယူနန်ပြည်နယ်ထဲကို သစ်ခိုးပို့တဲ့ တရုတ်မှောင်ခိုဂိုဏ်းလည်း ရှိပါတယ်။ မော်တော်ဆိုင်ကယ်တစီးဟာ တနေ့ ကျွန်းတုံး (၂) တန် သယ်ယူပို့ဆောင်နိုင်ပါတယ်။ တရုတ်ပြည်မှာ ကြမ်းခင်းပျဉ် လိုအပ်တာရယ်၊ အနောက်တိုင်းမှာ သင်္ဘောကုန်းပတ်ကြမ်းခင်းပျဉ် လိုအပ်တာရယ်ကြောင့် ကျွန်းသစ်ခိုးထုတ်မှု ဆက်လက်ရှင်သန်နေပါတယ်။ ကျွန်းသစ်အလွန်အကျွံ ထုတ်ယူမှုနဲ့ ခိုးထုတ်မှုစတာတွေရှိလို့ သစ်တောထိန်းသိမ်းဖို့ ခက်ပါတယ်။
ကျွန်းပင်ကို သင်းသတ်ပြီး ခြောက်သွားမှာ ခုတ်လဲှထုတ်လုပ်ခဲ့တာ မြန်မာမင်းများလက်ထက်ကတည်းက ဖြစ်ပါတယ်။ စစ်အစိုးရတက်လာတော့ ခြောက်တဲ့အထိ မစောင့်နိုင်တော့ပါဘူး။ ဒီအချိန်မှာ သစ်ပါးလွှာထုတ်လုပ်တဲ့ နိုင်ငံခြားကုမ္ပဏီတွေက ကျွန်းစိုကို လိုချင်ကြပါတယ်။ သစ်ပါးလွှာထုတ်လုပ်ရာမှာ ကျွန်းလုံးလတ်ဆတ်ပြီး စိုနေဖို့ လိုတာမို့ ကျွန်းစိုကိုရော ကျွန်းခြောက်ကိုပါ အလွန်အကျွံ ထုတ်ယူလာကြပါတယ်။ ခိုးထုတ်တဲ့ကျွန်းသစ်ကို မဝယ်ဖို့ စည်းကမ်းသတ်မှတ်တာတွေဟာ လက်တွေ့အကောင်အထည် ဖော်လို့မရတာ များပါတယ်။ ခိုးထုတ်သူရှိနေသရွေ့ ဝယ်သူလည်း ရှိနေမှာဖြစ်လို့ ခိုးမထုတ်နိုင်အောင် လုပ်တာဟာ အကောင်းဆုံးနည်းလမ်း ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။