သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ကျဆုံး စစ်သည်တော်များ အောက်မေ့ဘွယ်နေ့ သိန်းနဲ့ချီတဲ့ဆိုင်ကယ်တွေ ဂုဏ်ပြုလှည့်လည်


ကန်ကျဆုံး စစ်သည်တော်များ အောက်မေ့ဘွယ်နေ့ သိန်းနဲ့ချီတဲ့ဆိုင်ကယ်တွေ ဂုဏ်ပြုလှည့်လည်
ကန်ကျဆုံး စစ်သည်တော်များ အောက်မေ့ဘွယ်နေ့ သိန်းနဲ့ချီတဲ့ဆိုင်ကယ်တွေ ဂုဏ်ပြုလှည့်လည်

ဒီသီတင်းပါတ်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ ကျဆုံးစစ်သည်များ အောက်မေ့ဘွယ်နေ့ Memorial Day အထိမ်းအမှတ်အဖြစ် အမေရိကန်စစ်တပ်ကို အားပေးထောက်ခံကြောင်း ပြသတဲ့အနေနဲ့ Rolling Thunder အဖွဲ့ကြီးက မော်တော်ဆိုင်ကယ်တွေနဲ့ ဝါရှင်တန် ဒီစီ မြို့တော်မှာ စုဝေးကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စုဝေးပွဲဟာ ရီပါတ်ဘလစ်ကင်ပါတီရဲ့ သမ္မတလောင်းအဖြစ် အရွေးခံရ နိုင်ချေ ရှိနေတဲ့ အိမ်ခြံမြေသူဌေးကြီး Donald Trump အတွက် နိုင်ငံရေးအင်အားပြပွဲ အဖြစ်ပြောင်းသွားခဲ့ပါတယ်။

မော်တော်ဆိုင်ကယ်သမား ထောင်ပေါင်းများစွာက ပျက်စီးယိုယွင်းနေတဲ့ သူတို့ရဲ့ စစ်တပ်ကို ပြန်လည်တည်ဆောက်ရမယ်လို့ မစ္စတာ Trump ရဲ့ ကြွေးကြော်ချက်ကို ထောက်ခံကြောင်း ပြသခဲ့ကြ ပါတယ်။

မစ္စတာ Trump က သူသာ အရွေးခံခဲ့ရရင် အရှေ့အလယ်ပိုင်းက အိုင်အက်စ် စစ်သွေးကြွတွေကို ချေမှုန်းမယ်လို့ ပြောကြားခဲ့တာပါ။

ဒါပေမယ့် ရီပါတ်ဘလစ်ကင်ပါတီရဲ့ သမ္မတလောင်းအဖြစ် အမည်စာရင်း အတင်သွင်းခံရဖို့ ၂၀၀၈ ခုနှစ်တုန်းက ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အထက်လွှတ်တော်အမတ် John McCain ရဲ့ ၁၉၆၀ နှစ်တွေက ဗီယက်နမ်စစ်ပွဲအတွင်း စစ်သုံ့ပမ်း အဖြစ် အဖမ်းခံခဲ့ရတာဟာ သူရဲကောင်းတယောက် မဟုတ်ဖူးလို့ လနဲ့ ချီပြီးကြာမြင့်ခဲ့တဲ့ သူ့ရဲ့ မဲဆွယ်ပွဲတွေအတွင်း ပြောခဲ့တဲ့ အငြင်းပွါးဖွယ် ပြောစကား တခုကိုတော့ မစ္စတာ Trump က လုံးဝ မဟတော့ပါဘူး။

ဒါ့အပြင် စစ်မှုမထမ်းပဲ အကြိမ်ကြိမ် ရှောင်ခဲ့တဲ့ မစ္စတာ Trump ဟာ ဇန်နဝါရီလ ရံပုံငွေရှာပွဲ တခုအပြီးမှာ စစ်မှုထမ်းဟောင်း အဖွဲ့တွေကို ဒေါ်လာ ၆ သန်း လှုမယ်လို့ ကတိပေးထားတဲ့အတိုင်း ဘာကြောင့် မလုပ်သေးတာလဲ ဆိုတဲ့ အမေးနဲ့လည်း မကြာသေးခင်ကပဲရင်ဆိုင်နေရပါတယ်။ တနင်္ဂနွေနေ့ကတော့ ဒီသီတင်းပါတ်ထဲမှာပဲ သူလှုမယ့် အဖွဲ့ရဲ့ နံမယ်ကို ထုတ်ပြောပါ့မယ်လို့ စစ်ပြန်စစ်မှုထမ်း ဟောင်း တွေကို ပြောပါတယ်။

တနလာၤနေ့မှာ ကျရောက်တဲ့ Memorial Day လို့ ခေါ်တဲ့ ကျဆုံးစစ်သည်များ အမှတ်ရ အောက်မေ့ဖွယ်နေ့ မတိုင်ခင် တနင်္ဂနွေနေ့မှာ ၁၉၈၈ ခုနှစ်က စလို့ နှစ်စဉ် ကျင်းပတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG