သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မေးခွန်းထုတ်ခံရတဲ့ သမ္မတဘိုင်ဒန်ရဲ့ သဘာဝဝန်းကျင်ထိန်းသိမ်းရေးမူဝါဒ


Alaska New Oil Field
Alaska New Oil Field

{{Zawgyi/Unicode}}

အစိုးရတွေအနေနဲ့ ဇီဝရုပ်ကြွင်းလောင်စာအသုံးပြုမှုတွေ လျော့ချဖို့ကို မဖြစ်မနေ ပိုမိုလုပ်ဆောင်ရမယ်လို့ ကုလသမဂ္ဂမှာ အစိုးရများဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအဖွဲ့ကပြောဆိုထားပါတယ်။ ဒါကိုအကောင်အထည်ဖေါ်ဖို့ သမ္မတဂျိုးဘိုင်ဒန်အစိုးရက အတော်များများ လုပ်ဆောင်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာသေးမီကမှ အလက်စကားပြည်နယ်မှာ ရေနံတူးခွင့်ပြုလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုကို ဖန်လုံအိမ်ဓာတ်ငွေ့လျော့ချစေချင်သူတွေအတွက် စိတ် ပျက်စရာဖြစ်ခဲ့ရပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

သမ္မတထရမ့်ပ်လက်က အလက်စကားမှာ ရေနံတူးခွင့်မရတဲ့ ConocoPhillips (ခါနကိုဖိးလစ်) ကုမ္ပဏီဟာ သမ္မတဘိုင်ဒန်လက်ထက်မှာ တူးခွင့်ရသွားပါတယ်။ သဘာဝပတ်ဝန်းကျင်သမားတွေကတော့ ဒီကိစ္စကို စိတ်ကွက်နေပါတယ်။

ကမ္ဘာမြေအတွက်တရားမျှတမှု Earth Justice အဖွဲ့ရဲ့ဥက္ကဋ္ဌ Abigail Dillen က VOA ကို စကိုက်ကနေတဆင့် အခုလိုပြေ ာဆိုခဲ့ပါတယ်။

“ ကျမတို့က ပြည်ထောင်စုအစိုးရကို တရားစွဲဆိုသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသား သဘာဝပတ်ဝန်းကျင် ဥပဒေအရ သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်မှုနည်းတဲ့နည်းလမ်းတွေကိုရှာဖွေလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီဥပဒေအရ ဗဟိုအစိုးရမှာ တာဝန်ရှိပါတယ်။ Conoco Phillips ကုမ္ပဏီဟာ မူလ သူတို့ရည်ရွယ်ထားသလိုပဲ ရေနံ ၉၂ ရာခိုင်နှုန်းကို တူးယူခွင့်ရရှိမှာဖြစ်ပါတယ်။”

Trustee for Alaska အဖွဲ့က Bridget Pasrianos ကတော့အခုလိုပြောပါတယ်။

“ပတ်ဝန်းကျင်မှာရှိတဲ့ လေနဲ့ရေ သန့်ရှင်းမှုအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေရှိမလဲ။ ဒီစီမံကိန်းက တိရစ္ဆာန်တွေအပေါ်မှာ ဘယ်လိုသက်ရောက်နိုင်ပါသလဲ။ ဒီဒေသမှာရှိတဲ့သူ အတော်များများက ရာသီဥတုပြောင်းလဲမှုအတွက် တော်တော်စိုးရိမ်ကြပါတယ်။”

ဒါပေမယ့်လည်း အလက်စကားမြောက်ဘက်ကမ်းခြေက လူတွေကတော့ အမြင်တမျိုးရှိပါတယ်။ အာတိတ်ဒေသခံ အနူးပီးရပ် လူမျိုးစုအတွက် အသံလို့အဓိပ္ပါယ်ရတဲ့ Voice of Artic Inupiat အဖွဲ့ရဲ့ဥက္ကဋ္ဌ Nagruk Harcharek ကတော့ ဒီစီမံကန်းကို ထောက်ခံပါတယ်။

“ ဒီစီမံကန်းရဲ့လုပ်ငန်းနေရာတခုထဲမှာတင် ဆောက်လုပ်ရေးအလုပ် ၂,၅၀၀ လောက်ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ဝေလငါးတွေနဲ့ ကုန်းနေသတ္တဝါတွေ ရှင်သန်နိုင်ရေးနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေမှာလည်း ဒီသဘာဝအရင်းမြစ် ထုတ်လုပ်ရေးလုပ်ငန်းကနေရတဲ့ အခွန်ငွေတွေနဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။”

ConocoPhillips ကုမ္ပဏီအပါအဝင် အမေရိကန်အစိုးရအေဂျင်စီအတော်များများက ဒီကိစ္စ မေးမြန်းခွင့်ပြုဖို့ ငြင်းဆိုကြပါတယ်။

ဒါပေမယ့်လည်း အိမ်ဖြူတော်ပြောခွင့်ရ Karine Jean-Pierre ကတော့ အစိုးရရဲ့ဆုံးဖြတ်ချက်ကိုကာကွယ်ပြောဆိုပါတယ်။

“တချို့ကုမ္ပဏီတွေရဲ့လုပ်ငန်းလုပ်ပိုင်ခွင့်တွေဟာ ဆယ်စုနှစ်နဲ့ချီကြာနေပြီဖြစ်ပါတယ်။ အရင်အစိုးရတွေလက်ထက်က ထုတ်ပေးထားခဲ့တာပါ။ ဒီကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်တွေကို ဥပဒေနဲ့အညီတရားဝင်ရယူခွင့်ရှိပါတယ်။”

ပြည်ထဲရေးဝန်ကြီးဌာနက ဒီရေနံစီမံကိန်းကိုခွင့်ပြုလိုက်ပြီးနောက် သမ္မတဘိုင်ဒန်က အမေရိကန်တလွှား ကုန်းနဲ့ရေ နှစ်ခုစလုံးမှာရှိတဲ့ သက်ရှိသတ္တဝါတွေနဲ့အရင်းအမြစ်တွေကို ထိန်းသိမ်းဖို့ လုပ်ငန်းစဉ်အသစ်တွေကိုကြေငြာခဲ့ပါတယ်။

အများပြည်သူပိုင်မြေတွေပေါ်မှာ ရေနံတူးတာတွေကို နောက်ထပ်ခွင့်မပြုဘူးဆိုတဲ့ကတိကို ဖျက်ခဲ့တဲ့တချိန်တည်းမှာပဲ သမ္မတဘိုင်ဒန်ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမှတ်တမ်းတွေကတော့ အားကောင်းပါတယ်-လို့၊ ကွန်ဆာဗေးတစ်မဲဆန္ဒရှင်များအဖွဲ့ချုပ်က Tiernan Sittenfeld ကပြောပါတယ်။

“ ငွေကြေးဖေါင်းပွမှုလျှော့ချရေးဥပဒေဟာ ကျမတို့နိုင်ငံမှာ တခါမှမရှိဖူးသေးတဲ့ အကြီးဆုံးရင်းနှီးမြှုပ်နှံဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာတရားမျှတရေး၊ သန့်ရှင်းတဲ့စွမ်းအင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဖြေရှင်းဆောင်ရွက်ရေး အတွက် ဒေါ်လာဘီလီယံပေါင်း ၃၆၉ ဘီလီယံ သတ်မှတ်ခဲ့ပါတယ်”

ကုလသမဂ္ဂအစိုးရများဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကော်မတီကနေ မတ်လထဲမှာပဲ ဇီဝရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှုလျှော့ချဖို့ထပ်မံတိုက်တွန်းခဲ့ပါတယ်။ အမေရိကားမှာ အလျင်အမြန်ပြောင်းလဲဖို့တော့မလွယ်ဘူးလို့ နိုင်ငံရေး သိပ္ပံပညာရှင် Steffen Schmidt ကပြောပါတယ်။

“ လက်ရှိသုံးစွဲနေတဲ့ စွမ်းအင်နေရာမှာအစားထိုးဖို့ နည်းလမ်းအနည်းငယ်ပဲရှိတဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ကိစ္စက သိပ်တော့မလွယ်ပါဘူး။ သယ်ယူပို့ဆောင်ရေးနဲ့လျှပ်စစ်ထုတ်ယူရေးတွေမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေလို ဟိုက်ဒြို ကာဗွန်လောင်စာတွေအပေါ်အများကြီးမှီခိုနေရတာပါ။”

လွှတ်တော်ကခွင့်မပြုဘူးဆိုရင်လည်း လုပ်ဖို့ကိုင်ဖို့ခက်ပါတယ်။

ပြည်ထောင်စုအစိုးရပိုင် မြေတွေပေါ်မှာ နောက်ထပ် ကျောက်မီးသွေးတွင်းတူးဖေါ်ခွင့် အဆုံးသတ်ဖို့ကိစ္စတွေအပါအဝင် ကိစ္စအချို့ကို မတ်လနောက်ဆုံးပတ်အတွင်း လွှတ်တော်မှာ ရီပတ်ဘလစ်ကန်အမတ်တွေ မဲပေးမယ်လို့မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}



သမ်မတထရမ့ျပျလကျက အလကျစကားမှာ ရနေံတူးခှင့ျမရတဲ့ ConocoPhillips (ခါနကိုဖိးလဈ) ကုမ်ပဏီဟာ သမ်မတဘိုငျဒနျလကျထကျမှာ တူးခှင့ျရသှားပါတယျ။ သဘာဝပတျဝနျးကငြျသမားတှကေတော့ ဒီကိစ်စကို စိတျကှကျနပေါတယျ။

ကမ်ဘာမွအေတှကျတရားမြှတမှု Earth Justice အဖှဲ့ရဲ့ဥက်ကဋ်ဌ Abigail Dillen က VOA ကို စကိုကျကနတေဆင့ျ အခုလိုပွေ ာဆိုခဲ့ပါတယျ။
















XS
SM
MD
LG