သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ႕ အၾကမ္းဖက္မႈေတြ အျမန္အဆုံးသတ္ေရး တိုးျမွင့္ကူညီဖို႔ AI ေတာင္းဆို


၂၀၂၁ခုႏွစ္ ေဖေဖာ္ဝါရီ ၂ရက္ေန႔က ေနျပည္ေတာ္တြင္ေတြ႔ရသည့္ စစ္ကားတခ်ိဳ႕

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီး ၂ ႏွစ္တာ ကာလအတြင္း ဥပေဒမဲ့ ဖမ္းဆီး၊ ညႇဥ္းပန္းႏွိပ္စက္၊ သတ္ျဖတ္တာေတြ ဆက္တိုက္ ျပဳလုပ္ေနတဲ့အတြက္ ျမန္မာ့အေရး ကမၻာလုံးဆိုင္ရာ လႈပ္ရွားမႈကို အရွိန္ျမင့္ လုပ္ေဆာင္ၾကဖို႔ Amnesty International ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ႀကီးက ေတာင္းဆိုလိုက္ပါတယ္။

"စစ္အာဏာသိမ္းၿပီး ၂ ႏွစ္ၾကာ စစ္တပ္က တႏိုင္ငံလုံးအတိုင္းအတာနဲ႔ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ က်ဴးလြန္ေနတာေတြရပ္တန္႔ေရး ကမၻာလုံးဆိုင္ရာ လႈပ္ရွားမႈ လိုအပ္ေန" ဆိုတဲ့ ေခါင္းစဥ္နဲ႔ ဇန္နဝါရီ ၃၀ ရက္၊ ဒီကေန႔ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္တပ္က အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ပိုင္း လူေပါင္း ၃,၀၀၀ နီးပါးေသဆုံးခဲ့ၿပီး ၁.၅ သန္းဟာ ေနရပ္စြန္႔ခြာ ထြက္ေျပးခဲ့ၾကရသလို၊ ဖမ္းဆီး ထိန္းသိမ္းခံထားရတဲ့ အက်ဥ္းသား ၁၃,၀၀၀ ဟာလည္း လူမဆန္စြာ ျပဳမူဆက္ဆံခံေနရတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ စစ္ေကာင္စီက လူ ၄ ဦးကို ကြပ္မ်က္ သတ္ျဖတ္လိုက္ၿပီး ေနာက္ထပ္ အနည္းဆုံး ၁၀၀ ေလာက္ဟာလည္း ေသဒဏ္ ခ်မွတ္ခံထားရတယ္လို႔ ဆိုပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အဲဒီလို ဖမ္းဆီး၊ ႏွိပ္စက္၊ သတ္ျဖတ္တာေတြအျပင္ ကေလးငယ္ေပါင္း ၇.၈ သန္းဟာ ပညာသင္ၾကားခြင့္ ဆုံးရႈံးေနၾကတယ္လို႔ Amnesty International အဖြဲ႔ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

စစ္အုပ္ခ်ဳပ္မႈကို ဆန္႔က်င္သူ၊ ဆန္႔က်င္တယ္လို႔ ယူဆခံရသူမွန္သမွ်ကို စစ္ေကာင္စီက အၾကမ္းဖက္ ႏွိပ္ကြပ္ေနတဲ့အတြက္ ႏိုင္ငံတ၀န္း အေၾကာက္တရားမိုးၿပီး ေလေၾကာင္းနဲ႔ ကုန္းေၾကာင္း ႏွစ္သြယ္ကေန အရပ္သားေတြကို ပစ္မွတ္ထား တိုက္ခိုက္တာေတြအပါအ၀င္ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြလည္း က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ေပၚေနတယ္ဆိုတာကိုလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာစစ္တပ္က တႏိုင္ငံလုံးအတိုင္းအတာနဲ႔ အဲဒီလို လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေဆာင္ေနႏိုင္တာဟာ ႏိုင္ငံတကာရဲ႕ တုန္႔ျပန္ ေဆာင္ရြက္မႈ အားနည္းေနတဲ့အတြက္ျဖစ္တယ္လို႔ Amnesty International - ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္ အဖြဲ႔ႀကီးရဲ႕ ဒီကေန႔ ေၾကညာခ်က္မွာ ထည့္သြင္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ အမြန်အဆုံးသတ်ရေး တိုးမြင့် ကူညီဖို့ AI တောင်းဆို

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်တာ ကာလအတွင်း ဥပဒေမဲ့ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်တာတွေ ဆက်တိုက် ပြုလုပ်နေတဲ့အတွက် မြန်မာ့အရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို အရှိန်မြင့် လုပ်ဆောင်ကြဖို့ Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

"စစ်အာဏာသိမ်းပြီး ၂ နှစ်ကြာ စစ်တပ်က တနိုင်ငံလုံးအတိုင်းအတာနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်နေတာတွေရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု လိုအပ်နေ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇန်နဝါရီ ၃၀ ရက်၊ ဒီကနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း လူပေါင်း ၃,၀၀၀ နီးပါးသေဆုံးခဲ့ပြီး ၁.၅ သန်းဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသလို၊ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသား ၁၃,၀၀၀ ဟာလည်း လူမဆန်စွာ ပြုမူ ဆက်ဆံခံနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီက လူ ၄ ဦးကို ကွပ်မျက် သတ်ဖြတ်လိုက်ပြီး နောက်ထပ် အနည်းဆုံး ၁၀၀ လောက်ဟာလည်း သေဒဏ် ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီလို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာတွေအပြင် ကလေးငယ်ပေါင်း ၇.၈ သန်းဟာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြတယ်လို့ Amnesty International အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်ချုပ်မှုကို ဆန့်ကျင်သူ၊ ဆန့်ကျင်တယ်လို့ ယူဆခံရသူမှန်သမျှကို စစ်ကောင်စီက အကြမ်းဖက် နှိပ်ကွပ်နေတဲ့အတွက် နိုင်ငံတဝန်း အကြောက်တရားမိုးပြီး လေကြောင်းနဲ့ ကုန်းကြောင်း နှစ်သွယ်ကနေ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတယ်ဆိုတာကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်က တနိုင်ငံလုံးအတိုင်းအတာနဲ့ အဲဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေနိုင်တာဟာ နိုင်ငံတကာရဲ့ တုန့်ပြန် ဆောင်ရွက်မှု အားနည်းနေတဲ့အတွက်ဖြစ်တယ်လို့ Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ ဒီကနေ့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG