သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေတိုးလာကြောင်း Amnesty အစီရင်ခံစာဖော်ပြ


စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှုအပြီး စစ်ကိုင်းတိုင်းမြင်းမူမြို့နယ် ညောင်ရင်းရွာမှာ သေဆုံးနေတဲ့ အလောင်း ၂ လောင်းကိုတွေ့ရစဉ် (မတ် ၂၊ ၂၀၂၃)
စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှုအပြီး စစ်ကိုင်းတိုင်းမြင်းမူမြို့နယ် ညောင်ရင်းရွာမှာ သေဆုံးနေတဲ့ အလောင်း ၂ လောင်းကိုတွေ့ရစဉ် (မတ် ၂၊ ၂၀၂၃)

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ တိုးလာပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ရာဇဝတ်မှုလို့ သတ်မှတ်နိုင်တဲ့ အကြမ်းဖက်မှုတွေ ရှိခဲ့သလို၊ စစ်တပ်ရဲ့ ဖိနှိပ်မှုနဲ့ အခြေခံအခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်ရှိနေခဲ့တဲ့အကြောင်း Amnesty International အဖွဲ့ကြီးက မနေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

ကုန်ဈေးနှုန်း စွမ်းအင်လောင်စာဈေး တိုးမြင့်မှုတွေကြောင့် ကျန်းမာရေးနဲ့ တခြားလူမှုရေးဆိုင်ရာကိစ္စတွေ ထိခိုက်ပြီး အကျပ်အတည်းတွေ ပိုမိုရင်ဆိုင်ရသလို၊ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကြား အရပ်သားတွေ ရာနဲ့ချီ သေဆုံးခဲ့ရတဲ့အခြေအနေနဲ့ လူတွေ အစုလိုက် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတာတွေကို အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားပြီး မဆင်မခြင် ထိုးစစ်ဆင်ပစ်ခတ်မှုတွေနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြား အရပ်သားတွေ ရာနဲ့ချီသေဆုံးခဲ့ရတာကို အစီရင်ခံစာက အလေးပေးရေးသားပါတယ်။ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူ စုစုပေါင်း တထောင်ကျော်ကို စွဲချက်တွေ အမျိုးမျိုးတင် တရားမျှတမှုမရှိတဲ့ ရုံးတင်စစ်ဆေးမှုတွေနဲ့ ထောင်ဒဏ်တွေ အမျိုးမျိုး ချမှတ်ခဲ့တာကိုလည်း ထည့်သွင်းရေးသားထားပါတယ်။ အကျဉ်းထောင်တွေအတွင်း ဖမ်းဆီးခံရသူတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိခဲ့ပြီး လေးဉီးကို နိုင်ငံရေးအရ အပြစ်ရှာတဲ့ စွဲချက်တွေနဲ့ မျှတတဲ့ရုံးတင်စစ်ဆေးမှုတွေ မပေးဘဲ သေဒဏ်စီရင်ခဲ့တဲ့အကြောင်း Amnesty International အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေတိုးလာကြောင်း Amnesty အစီရင်ခံစာဖော်ပြ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG