သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Amphan မုန္တိုင္းဒဏ္ခံရမယ့္အေရး ႐ိုဟင္ဂ်ာဒုကၡသည္ေတြ စိုးရိမ္ေန


ဘဂၤလားေဒ့ရွ္ႏိုင္ငံ Kutupalong ဒုကၡသည္စခန္းက ရိုဟင္ဂ်ာဒုကၡသည္တခ်ိဳ႕ (ေမ ၁၅၊ ၂၀၂၀)

(Zawgyi/Unicode)

အားေကာင္းတဲ့ ဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းမွာ မိုးႀကီး၊ ေျမၿပိဳႏိုင္ေျခ ရွိတယ္လို႔ ဒုကၡသည္ေတြ စိုးရိမ္ေနၾကတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးပါမယ္။

အႏွစ္ ၂၀ အတြင္း အျပင္းထန္ဆုံးလို႔ဆိုတဲ့ Amphan ဆိုင္ကလုန္းမုန္တိုင္းဟာ အခု ေမလ ၂၀ ရက္ ညေနပိုင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲ စတင္ဝင္ေရာက္ေနၿပီး အကူအညီေတြလိုအပ္ေနတဲ့ Cox's Bazar ခ႐ိုင္ထဲက ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြမွာ အေျခအေနေတြ ပိုဆိုးလာမွာ၊ ေရႀကီး ေျမၿပိဳမႈေတြရွိလာမွာ စိုးရိမ္ေနၾကပါတယ္။

ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ကုလသမဂၢ အဖြဲ႕အစည္းတခ်ိဳ႕က မုန္တိုင္းသတိေပးခ်က္ထုတ္ျပန္သလို Cox's Bazar ခ႐ိုင္ထဲက ႐ိုဟင္ဂ်ာဒုကၡသည္စခန္းရွိတဲ့ ေနရာေတြမွာ အသံခ်ဲ႕စက္နဲ႔ လိုက္လံသတိေပးတာလည္း လုပ္ေဆာင္ေနတယ္လို႔ ဘာလုခါလီ ဒုကၡသည္စခန္းက ဦးအီးစလာမ္ ေျပာပါတယ္။

“ဟုတ္ကဲ့။ ဒီေန႔မနက္ကစၿပီးေတာ့ မိုးလည္း အရမ္း႐ြာပါတယ္။ တခ်ိဳ႕ဒုကၡသည္စခန္းမွာဆိုရင္ ေရႀကီးတာတို႔ ေျမၿပိဳတာတို႔ ရွိတယ္လို႔ ဒုကၡသည္ အခ်င္းခ်င္း ဖုန္းဆက္သြယ္တာကို ေတြ႕ရပါတယ္ ခင္ဗ်။ ဒီေန႔ည ၁၀နာရီအတြင္းမွာ မုန္တိုင္းတိုက္ခတ္လာမယ္ဆိုၿပီးေတာ့ လူတိုင္းက ေျပာေနတာကို ေတြ႕ရပါတယ္။”

ေလျပင္းတိုက္တာ၊ မိုးသဲတာေတြေၾကာင့္ Cox's Bazar ခ႐ိုင္မွာရွိတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္စခန္း ၃၀ ေက်ာ္မွာ တခ်ိဳ႕က စိုးရိမ္ရတဲ့အေျခအေနရွိေၾကာင္း ကုတုပေလာင္ ဒုကၡသည္စခန္းက ဦးေမာင္ေမာင္က ေျပာပါတယ္။

“အေျခအေနက အခုက ဒီမွာ မိုး႐ြာေနပါတယ္။ မုန္တိုင္းေလလည္း တိုက္ေနပါတယ္။ အေျခအေနက စိုးရိမ္ေနရတာ ရွိတယ္။ အဓိက အႏၲရာယ္ရွိတာက ဘန္ေလ ဒုကၡသည္စခန္းနဲ႔ ကုတုပေလာင္ ဒုကၡသည္စခန္းပါ။ မုန္းတိုင္းတိုက္ရင္ ဒီမွာ ေျမၿပိဳမႈေတြလည္းရွိတယ္။ စိုးရိမ္ရတာရွိတယ္၊ ေတာင္ေပၚမွာလည္း ရွိတယ္၊ ေတာင္တန္းမွာလည္းရွိတယ္။ အဲဒီေနရာေတြ က်ေနာ္တို႔မွာ စိုးရိမ္ေနရတာေပါ့။”

အႏၲရာယ္ရွိတဲ့ေနရာေတြကေန ယာယီေနရာ ေ႐ႊေပးဖို႔အတြက္လည္း ကူညီေရးအဖြဲ႕ေတြက ကမ္းလွမ္းထားတယ္လို႔ ဦးေမာင္ေမာင္က ေျပာပါတယ္။

အိႏၵိယမိုးဇလ ဌာနခန႔္မွန္းခ်က္မွာ မုန္တိုင္းဒီေရဟာ ၁၀ ေပကေန ၁၆ ေပထိတက္ႏိုင္တယ္လို႔ေဖာ္ျပထားပါတယ္။ ျပည္နယ္အေနာက္ပိုင္းက လူဦးေရ ၃၀၀,၀၀၀ ေလာက္ကို ေနရာေ႐ႊ႕ေျပာင္းထားၿပီးျဖစ္ေပမဲ့ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းဘက္ေတြမွာေတာ့ မနက္ျဖန္အေျခအေနေပၚမူတည္ၿပီး အကူအညီေတြ ရႏိုင္မယ္လို႔ ဒုကၡသည္ေတြကေျပာပါတယ္။

႐ိုဟင္ဂ်ာအသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ဒီဒုကၡသည္ေတြကို စိစစ္လက္ခံဖို႔ သေဘာတူထားေပမဲ့ အခု ကပ္ေဘးအေျခအေနေၾကာင့္ ေနရပ္ျပန္ေရးအစီအစဥ္ေတြ ယာယီရပ္ဆိုင္းထားရပါတယ္။မၾကာေသးမွီကလည္း ဒုကၡသည္စခန္းအတြင္း COVID-19 ေရာဂါပိုးကူးစက္ခံရသူ ဒုကၡသည္တဦး ရွိတယ္လို႔ ဓါတ္ခြဲအေျဖထုတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Amphan မုန်တိုင်းဒဏ်ခံရမယ့်အရေး ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်နေ

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မိုးကြီး၊ မြေပြိုနိုင်ခြေ ရှိတယ်လို့ ဒုက္ခသည်တွေ စိုးရိမ်နေကြတဲ့အကြောင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

အနှစ် ၂၀ အတွင်း အပြင်းထန်ဆုံးလို့ဆိုတဲ့ Amphan ဆိုင်ကလုန်းမုန်တိုင်းဟာ အခု မေလ ၂၀ ရက် ညနေပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ စတင်ဝင်ရောက်နေပြီး အကူအညီတွေလိုအပ်နေတဲ့ Cox's Bazar ခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အခြေအနေတွေ ပိုဆိုးလာမှာ၊ ရေကြီး မြေပြိုမှုတွေရှိလာမှာ စိုးရိမ်နေကြပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတချို့က မုန်တိုင်းသတိပေးချက်ထုတ်ပြန်သလို Cox's Bazar ခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းရှိတဲ့ နေရာတွေမှာ အသံချဲ့စက်နဲ့ လိုက်လံသတိပေးတာလည်း လုပ်ဆောင်နေတယ်လို့ ဘာလုခါလီ ဒုက္ခသည်စခန်းက ဦးအီးစလာမ် ပြောပါတယ်။

“ဟုတ်ကဲ့။ ဒီနေ့မနက်ကစပြီးတော့ မိုးလည်း အရမ်းရွာပါတယ်။ တချို့ဒုက္ခသည်စခန်းမှာဆိုရင် ရေကြီးတာတို့ မြေပြိုတာတို့ ရှိတယ်လို့ ဒုက္ခသည် အချင်းချင်း ဖုန်းဆက်သွယ်တာကို တွေ့ရပါတယ် ခင်ဗျ။ ဒီနေ့ည ၁၀နာရီအတွင်းမှာ မုန်တိုင်းတိုက်ခတ်လာမယ်ဆိုပြီးတော့ လူတိုင်းက ပြောနေတာကို တွေ့ရပါတယ်။”

လေပြင်းတိုက်တာ၊ မိုးသဲတာတွေကြောင့် Cox's Bazar ခရိုင်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၀ ကျော်မှာ တချို့က စိုးရိမ်ရတဲ့အခြေအနေရှိကြောင်း ကုတုပလောင် ဒုက္ခသည်စခန်းက ဦးမောင်မောင်က ပြောပါတယ်။

“အခြေအနေက အခုက ဒီမှာ မိုးရွာနေပါတယ်။ မုန်တိုင်းလေလည်း တိုက်နေပါတယ်။ အခြေအနေက စိုးရိမ်နေရတာ ရှိတယ်။ အဓိက အန္တရာယ်ရှိတာက ဘန်လေ ဒုက္ခသည်စခန်းနဲ့ ကုတုပလောင် ဒုက္ခသည်စခန်းပါ။ မုန်းတိုင်းတိုက်ရင် ဒီမှာ မြေပြိုမှုတွေလည်းရှိတယ်။ စိုးရိမ်ရတာရှိတယ်၊ တောင်ပေါ်မှာလည်း ရှိတယ်၊ တောင်တန်းမှာလည်းရှိတယ်။ အဲဒီနေရာတွေ ကျနော်တို့မှာ စိုးရိမ်နေရတာပေါ့။”

အန္တရာယ်ရှိတဲ့နေရာတွေကနေ ယာယီနေရာ ရွှေပေးဖို့အတွက်လည်း ကူညီရေးအဖွဲ့တွေက ကမ်းလှမ်းထားတယ်လို့ ဦးမောင်မောင်က ပြောပါတယ်။

အိန္ဒိယမိုးဇလ ဌာနခန့်မှန်းချက်မှာ မုန်တိုင်းဒီရေဟာ ၁၀ ပေကနေ ၁၆ ပေထိတက်နိုင်တယ်လို့ဖော်ပြထားပါတယ်။ ပြည်နယ်အနောက်ပိုင်းက လူဦးရေ ၃၀၀,၀၀၀ လောက်ကို နေရာရွှေ့ပြောင်းထားပြီးဖြစ်ပေမဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းဘက်တွေမှာတော့ မနက်ဖြန်အခြေအနေပေါ်မူတည်ပြီး အကူအညီတွေ ရနိုင်မယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။

ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒီဒုက္ခသည်တွေကို စိစစ်လက်ခံဖို့ သဘောတူထားပေမဲ့ အခု ကပ်ဘေးအခြေအနေကြောင့် နေရပ်ပြန်ရေးအစီအစဉ်တွေ ယာယီရပ်ဆိုင်းထားရပါတယ်။မကြာသေးမှီကလည်း ဒုက္ခသည်စခန်းအတွင်း COVID-19 ရောဂါပိုးကူးစက်ခံရသူ ဒုက္ခသည်တဦး ရှိတယ်လို့ ဓါတ်ခွဲအဖြေထုတ်ထားပါတယ်။

XS
SM
MD
LG